အာကာသထဲကို ပထမဆုံးလွှတ်တင်မည့် သစ်သား Satellite

သစ်သားနှင့် ပြုလုပ်ထားသည့် Satellite ကို သိပ္ပံပညာရှင်တွေက အာကာသထဲသို့ လွှတ်တင်ဖို့ ကြိုးစားနေကြပါတယ်။ သစ်သားနှင့်ပြုလုပ်ထားတဲ့ Satellite က အာကာသထဲမှာ ခံနိုင်ရည်ရှိမရှိကိုတော့ မသိရသေးပါဘူး။ ဒီ Satellite ကိုတော့ “LignoSat” လို့အမည်ပေးထားပြီး လက်တင်ဘာသာစကားအရ သစ်သားလို့ အဓိပ္ပါယ်ရပါတယ်။ မကြာခင်မှာ ဒီ Satellite ကို အာကာသလေထုထဲသို့ လွှတ်တင်ပြီး လေထုထဲမှာ ၆လ ခံနိုင်ရည်ရှိမရှိ စမ်းသပ်ကြမှာ ဖြစ်ပါတယ်။

ကျိုတို တက္ကသိုလ်က အာကာသယာဥ်မှုးနှင့်ပရောဖက်ဆာဖြစ်တဲ့ Takao Doi ပြောကြားချက်အရ သစ်သားတွေက လူတွေနေထိုင်တဲ့အိမ်တွေမှာ အသုံးပြုပြီး အကယ်၍ သစ်သား satellite သာအလုပ်ဖြစ်ပါက အာကာသထဲမှာ သစ်သားနှင့် အိမ်တွေကိုလည်း တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။ သစ်သား Satellite Project ကို ၂၀၂၀ ခုနှစ်ထဲက အစပြုလာကြပြီး ယခုအခါမှာတော့ အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ သစ်သားကို ဓါးအိမ်လုပ်တဲ့နေရာမှာ အသုံးပြုကြတာကလည်း အကြမ်းပတမ်းခံတာကြောင့် ဖြစ်ပါတယ်။ ထို့အပြင် အာကာသလေထုထဲမှာ ရေနှင့် အောက်ဆီဂျင် မရှိမှုကြောင့် မီးလောင်ဆွဲတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ သစ်သား satellite သာ အလုပ်ဖြစ်ပါက Elon Musk ရဲ့ SpaceX ကိုလည်း အလုပ်ဖြစ်ကြောင်း သက်သေပြနိုင်မယ်လို့ Doi က ပြောကြားခဲ့ပါတယ်။ သစ်သား Satellite က သဘာ၀ပတ်၀န်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး အလူမီနီယံ အောက်ဆိုဒ် ထွက်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ADVERTISEMENT
Exit mobile version