အသက် ၁၀၀ ရှိ အဘွားပြောပြတဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် နေထိုင်နည်း

အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘွားနာမည်က Jayne Burns လို့ခေါ်ပါတယ်။ သူ့ဘ၀မှာ အသက် ၁၀၀ ထိ အလုပ်လုပ်ရမယ်လို့ ဘယ်တော့မှ မတွေးခဲ့ပါဘူး။ မနက်ခင်းတိုင်း သူနေထိုင်တဲ့ အိမ်ကတစ်ဆင့် အလုပ်ခွင်ကို ကားမောင်းပြီးသွားပါတယ်။ သူမရဲ့ အလုပ်ကတော့ အထည်တွေကို ဖြတ်တောက်ပေးရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

သူမရဲ့ အမျိုးသားဆုံးပြီးတည်းက ဒီအလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်လို့ ပြောပါတယ်။ ထိုအချိန်က သူမအသက် ၇၀ နဲ့ ၈၀ ကြားရှိပါပြီ။ အထည်ဖြတ်တဲ့အလုပ်ကို သူမ ပင်စင်ယူ အနားယူတဲ့အချိန်မှ စတင်လုပ်ကိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အနားမယူခင်က သူမရဲ့ ပင်မအလုပ်ကတော့ စာရင်းကိုင် အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်ကို မိတ်ဆက်ပေးခဲ့တဲ့လူကတော့ တစ်ခြားလူမဟုတ်ပါဘူး။ သူမသမီးဖြစ်တဲ့ Donna Burns ကိုယ်တိုင်မိတ်ဆက်ပေးခဲ့ပါတယ်။ လူတွေနဲ့ စကားပြောရတာကြိုက်တဲ့သူမအတွက် ဒီအလုပ်က သူမအတွက် အကောင်းဆုံး အလုပ်ဖြစ်နေပါတယ်။

သူမရဲ့ အကြံပေးချက်နံပါတ် ၁ ကတော့ အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်က အရေးကြီးဆုံးလို့ပြောခဲ့ပါတယ်။ သူတို့တွေက ကြင်နာပြီး ဖော်ရွှေရင် သင့်အတွက် နေ့ရက်တိုင်းက ပျော်ရွှင်နေရမယ်လို့ ပြောခဲ့ပါတယ်။ သူ့မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Tik Tok ရိုက်တဲ့ ဗီဒီရိုက ကြည့်ရှုသူသန်းနဲ့ချီပြီး အားပေးမှုတွေ ရရှိခဲ့ပါတယ်။ အလုပ်အပေါ် အာရုံစိုက်ပြီးလုပ်နေတာက ကိုယ်လက်နာတာနဲ့ အခြားရောဂါတွေကိုပါ မေ့ပျောက်စေတယ်လို့ သူမက ပြောပါတယ်။

အလုပ်ခွင်မှာ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ခြင်းက သင့်ကို စိတ်ဖီးစီးမှုတွေနည်းစေပြီး ကျန်းမာရေးအတွက်လည်း အများကြီးကောင်းစေတယ်လို့လည်း ပြောပါတယ်။ မကြာသေးမီးက Jayne Burns အဖွားက အသက် ၁၀၁ နှစ်ပြည့်သွားခဲ့ပီ ဖြစ်ပါတယ်။ အခုချိန်ထိ ကျန်းမာနေဆဲဖြစ်ပြီး အလုပ်မှာလည်း ပျော်ပျော်ရွှင်ရွှင်လုပ်နေဆဲ ဖြစ်ပါတယ်။

Exit mobile version