အလုပ်အတွက် ChatGPT အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ Privacy ကို ဘယ်လိုကာကွယ်မလဲ

ChtGPT အသုံးပြုတာက ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပေမယ့် Privacy ဆိုတာကတော့ ကိုယ်ကာကွယ်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ Privacy ပေါက်ကြားသွားခဲ့ရင်တော့ data တွေ အလွယ်တကူပေါက်ကြားသွားပြီး မလိုလားအပ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ChtGPT အသုံးပြုတဲ့အခါ Privacy ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြောပြသွားမှာ ဖြစ်ပါတယ်။

၁။ History တွေကို မသိမ်းထားပါနဲ့

Chat History ဖြတ်နည်းကို settings ထဲမှာမြင်ရပုံ

သင်မေးတဲ့အကြောင်းအရာအားလုံးကို ဖြစ်နိုင်ရင် ပြီးတဲ့အခါ ဖျက်လိုက်ပါ။ မဖျက်ခဲ့ရင် OpenAI system အရ သင်မေးတဲ့မေးခွန်းတွေပေါ် မူတည်ပြီး အဖြေတွေထုတ်ထားပါလိမ့်မယ်။ မေးတဲ့မေးခွန်းတွေကို OpenAI က တွက်ချက်ပြီး အနာဂတ် Plan တွေပါ ကြိုတင်တွက်ချက်နိုင်တာကြောင့် Company အတွက်လည်း မကောင်းပါဘူး။ History တွေဖြတ်ဖို့ ဒီနည်းလမ်းအတိုင်းလုပ်ပါ။

၁။ ChatGPT ရဲ့ ထောင့်က အစက်သုံးစက်ကို ထောက်ပါ။

၂။ Settings ကိုနှိပ်ပါ

၃။ Data Control ကိုနှိပ်ပါ။

၄။ Chat history and training ခလုတ်လေးကို ပိတ်လိုက်ပါ။

ChatGPT ရဲ့ပြောကြားချက်အရ settings ထဲမှာ ပိတ်ထားတောင်မှ ရက်သုံးဆယ်အထိ သင့်ရဲ့ chat history တွေကို သိမ်းထားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် အရေးကြီးတဲ့အချက်တွေကို မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားဖို့လိုပါတယ်။

၂။ Conversations တွေကို ဖျက်ပါ

အလုပ်အတွက် ChatGPT အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ Privacy ကို ဘယ်လိုကာကွယ်မလဲ 1

OpenAI ရဲ့ ChatGPT ရဲ့ အဓိကပြသနာက Data တွေပေါက်ကြားနိုင်တာပါပဲ။ Company ကြီးတွေဖြစ်တဲ့ Apple နှင့် Google တို့မှာ ChatGPT တွေအသုံးမပြုဖို့ တားမြစ်ထားပါတယ်။ March 20, 2023 မှာ ဖြစ်ခဲ့တဲ့ Bug တစ်ခုကြောင့် User တွေရဲ့ data တွေပေါက်ကြားခဲ့တယ်လို့ ChatGPT က ပြောကြားခဲ့တာရှိပါတယ်။ အဲ့ ပေါက်ကြားမှုကြောင့် ChatGPT Plus ကို Subscribe လုပ်ထားကြတဲ့ Users တွေရဲ့ Bank information တွေနဲ့ Email တွေပေါက်ကြားခဲ့ပါတယ်။ ဒါကြောင့် Safe ဖြစ်အောင် အခုပြောပြမယ့် Settings လေးကို လုပ်ထားဖို့လိုပါတယ်။

၁။ ChatGPT ရဲ့ ထောင့်နားလေးက အစက်သုံးစက်လေးကို ထောက်ပါ။

၂။ Settings ကိုနှိပ်ပါ။

၃။ General ထဲက Clear all chats ကို နှိပ်ပြီး clear လုပ်ပါ။

နောက်တစ်နည်းကတော့ ပြောထားတဲ့ conversations တစ်ခုချင်းစီကို ဖြတ်တာပါပဲ။

၃။ ChatGPT ကို သင့်ရဲ့အလုပ်အကြောင်းတွေ အများကြီးမပြောပြပါနဲ့

သင့်အလုပ်နဲ့ ပတ်သတ်ပြီး ChatGPT ကိုမေးမြန်းတဲ့အခါ Company ရဲ့ အချက်အလက်တွေကို အများကြီးမပြောပြမိဖို့ လိုပါတယ်။ ဥပမာ Company ရဲ့ စာရင်းရှင်းတမ်း၊ ကျန်းမာရေးအချက်အလက်တွေနှင့် Company ရဲ့ ပိုင်ဆိုင်တဲ့ အချက်အလက်တွေကို ChatGPT ကို မေးမြန်းတာမျိုးကို ရှောင်ပါ။ သတင်းတွေပေါက်ကြားသွားခဲ့ရင် သင်နှင့် Company ကြားရှင်းရမယ့် အရာတွေများစွာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

၄။ Data Anonymization နည်းလမ်းကို အသုံးပြုပါ

အလုပ်အတွက် ChatGPT အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ Privacy ကို ဘယ်လိုကာကွယ်မလဲ 2

Data Anonymization ဆိုတာက တစ်နည်းအားဖြင့် Data အပြည့်အစုံကို ပေးတာမျိုးမဟုတ်ပဲ တစ်ချို့အရာတွေကို ထိန်ချန်ပြီး အမည်ပြောင်းလွှဲတာမျိုးကို ပြောတာဖြစ်ပါတယ်။ ဥပမာ သင့်လုပ်ငန်းက ကာစတန်မာတွေရဲ့ ပိုက်ဆံအသုံးစရိတ်ကို​ လေ့လာတဲ့အခါ ChatGPT ကို Date တွေထည့်သွင်းရေးနိုင်ပါတယ်။ ဘယ်နေ့တွေမှာ ကာစတန်မာတွေ ဝယ်တာများပြီး နောက်ထပ် ဘယ်နေ့တွေမှာ ကာစတန်မာတွေ ကိုယ့်ပစ္စည်းကို လာရောက်ဝယ်ယူကြမလဲဆိုတာ မေးမြန်းနိုင်ပါတယ်။ ကာစတန်မာရဲ့ နာမည်တွေနဲ့ Credit Card Information တွေထည့်သွင်းရေးသားတာကိုတော့ ရှောင်ရပါမယ်။ Security အရ ChatGPT ကို Two Factor Authentication ထားထားဖို့လည်း အကြံပြုပါတယ်။

၅။ Third party apps တွေကို ရှောင်ပါ

Browser နဲ့အသုံးပြုတဲ့အခါ Extension Apps တွေကို Install မလုပ်ပဲ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ Extension Apps တွေကတစ်ဆင့် data တွေ ပေါက်ကြားနိုင်ပြီး စိတ်ချမယုံကြည်ရတာကြောင့် ဖြစ်ပါတယ်။ ChatGPT က အင်မတန်ကောင်းတဲ့ AI tool တစ်ခုဖြစ်ပေမယ့်​ အင်တာနက်ပေါ်မှာအသုံးပြုနေတာကို မှတ်သားထားဖို့လိုပါတယ်။ အင်တာနက်ပေါ်မှာ အသုံးပြုတဲ့အရာမှန်သမျှက ၁၀၀% စိတ်ချရတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ChatGPT အသုံးပြုတဲ့အခါ Company ရဲ့ အရေးကြီးတဲ့အချက်အလက်တွေကို လေးစားဖို့လည်းလိုပါတယ်။

Exit mobile version