အရင်းအနှီးအများကြီးမလိုပဲ ယခု ချက်ချင်း ထလုပ်နိုင်သည့် ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးများ

ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ဆောက်ဖို့အတွက် လူအများပထမဆုံး စဉ်းစားကြတာက ငွေကြေးဖြစ်ပါတယ်။ အမှန်တစ်ကယ် လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် ငွေကြေးပမာဏ တစ်ခုတော့ လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်း ငွေကြေးမရှိပဲ ယခုချက်ချင်း ထလုပ်နိုင်တဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ငွေကြေးမရှိပေမယ့် သင့်မှာ ရှိသင့်တဲ့ လုပ်ငန်းအတွေ့အကြုံတစ်ခုတော့ လိုအပ်ပါတယ်။ ယခုဖော်ပြမယ့် လုပ်ငန်းအမျိုးအစားတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ skills တွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။ သို့ပေမယ့် စာဖတ်ပြီးသွားတဲ့အခါမှာတော့ သင့်အတွက် အကြံဉာဏ် အိုင်ဒီယာကောင်းတစ်ခုခုတော့ ကျန်ခဲ့ပါလိမ့်မယ်။

၁။ စာရင်းစစ်လုပ်ငန်း

ဒီလုပ်ငန်းလိုအပ်ဖို့အတွက် သင့်မှာလုံလုံလောက်လောက်လိုအပ်တဲ့ လုပ်ငန်းအတွေ့အကြုံတစ်ခုတော့ လိုအပ်ပါတယ်။ သင်က စာရင်းကိုင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့လူဆိုရင် ဒီလုပ်ငန်းလုပ်ဖို့အတွက် သင့်အတွက်က မခက်ခဲပါဘူး။

၂။ အငှားယာဉ် ဝန်ဆောင်မှုလိုက်ခြင်း

ဒီလုပ်ငန်းကတော့ သင့်မှာ ကား(သို့) ဆိုင်ကယ်ရှိရုံနဲ့ ထ လုပ်နိုင်ပါတယ်။​ ဒီနေ့ခေတ်မှာ လူတော်တော်များများ အပိုဝင်ငွေရအောင် ဒီအလုပ်ကိုလုပ်ကြပါတယ်။ အချို့လူတော်တော်များများ ဒီနည်းလမ်းနဲ့ ပိုက်ဆံရှာကြပြီး ဘ၀ရပ်တည်မှု ပြုကြပါတယ်။ ဥပမာ Grab. Bolt. Uber တို့လို apps တွေအသုံးပြုပြီး အငှားယာဉ်မောင်းလိုက်ကြတာမျိုး​ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ပြောင်း၊ အိမ်ရွှေ့လုပ်ငန်းလည်း လုပ်နိုင်ပါတယ်။

၃။ သန့်ရှင်းရေး ဝန်ဆောင်မှု

အိမ်၊ လုပ်ငန်းတွေမှာ သန့်ရှင်းရေးဝန်ဆောင်မှု ပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ လူအင်အားအနည်းငယ်လိုအပ်ပြီး သန့်ရှင်းရေးဝန်ဆောင်မှုကို သူများနဲ့မတူအောင် ဝန်ဆောင်မှုပေးနိုင်ရင် သင်အောင်မြင်ဖို့သေချာပါပြီ။ ဥပမာ မှန်တွေကို သေချာသန့်ရှင်းပေးနိုင်တာမျိုး၊ လှေခါးထစ်တွေနဲ့ သန့်ရှင်းရေးအလွယ်တကူမလုပ်နိုင်တဲ့ နေရာတွေကို စက်ပစ္စည်း အကူအညီနဲ့ သန့်ရှင်းပေးနိုင်တာမျိုးတွေ ဖြစ်ပါတယ်။

၄။ မွေးနေ့ပွဲ စီစဉ်ပေးခြင်း

ကလေး (သို့) လူကြီးမွေးနေ့ပွဲတွေကို အမှတ်တရဖြစ်အောင် ဖန်တီးပေးနိုင်ရင် သင့်လုပ်ငန်း စလို့ရပါပြီ။ အခမ်းအနားပြင်ဆင်တတ်တဲ့ အတွေ့အကြုံတော့ လိုအပ်ပါတယ်။

၅။ အကြံပေးလုပ်ငန်း

ဒီလုပ်ငန်းက နယ်ပယ်ပေါ်မူတည်ပြီး အတွေ့အကြုံတွေအများကြီး လိုအပ်ပါတယ်။ ဥပမာ ဟိုတယ်လုပ်ငန်းဆောက်လုပ်ရေး အကြံပေး၊ စားသောက်ဆိုင်ဖွင့်ဖို့အတွက် အကြံပေးလုပ်ငန်း၊ အိမ်ဆောက်လုပ်ရေးအတွက် အကြံပေးလုပ်ငန်း စသဖြင့် ကွဲပြားနိုင်ပါတယ်။ သင့်မှာတော့ လုံလောက်တဲ့အတွေ့အကြုံကောင်းတွေအများကြီး လိုအပ်ပါတယ်။

အရင်းအနှီးအများကြီးမလိုပဲ ယခု ချက်ချင်း ထလုပ်နိုင်သည့် ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးများ 1

၆။ ခွေးလမ်းလျှောက်ထွက်တဲ့ လုပ်ငန်း

လူနေမှုထူထပ်လာတဲ့ မြို့ကြီးမှာ အိမ်မှာမွေးထားတဲ့ခွေးလေးတွေက လမ်းလျှောက်ဖို့ နေရာလည်းနည်းလာပါတယ်။ ခွေးလေးတွေရဲ့ သခင်တွေက အလုပ်တွေများနေတဲ့အခါ သူတို့ခွေးလေးတွေကို လမ်းလျှောက်ထွက်ပေးမယ့် အဖော်လိုအပ်ပါတယ်။ ဒီအလုပ်လုပ်ဖို့အတွက် သင်က ခွေးချစ်တတ်ပြီး ခွေးလေးတွေရဲ့ သဘာ၀ကို နားလည်ရင် သင် လုပ်လို့ရပါပြီ။ နိုင်ငံကြီးတွေမှာ ဒီအလုပ်ကို လုပ်ကြတဲ့ လူတော်တော်များပြီး ဝင်ငွေအပိုရတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

၇။ အီလက်ထရောနစ်စက်ပစ္စည်းပြင်လုပ်ငန်း

အတွေ့အကြုံကောင်းရှိရုံနဲ့ ဒီလုပ်ငန်းကို သင့်အိမ်မှာတင် စလုပ်လို့ရနိုင်ပါပြီ။

၈။ အဟောင်းဆိုင်

ဒီလုပ်ငန်းက အပေါင်ဆိုင်နဲ့ ပုံစံတူပြီး လုပ်ငန်းလည်းတူပါတယ်။ ပစ္စည်းရောင်းထွက်မှ သင့်အတွက် အမြတ်ရရှိမှာဖြစ်ပြီး သင်အပြောကောင်းရင် ခေတ္တအချိန်တိုအတွင်းလေးမှာ သင့်လုပ်ငန်းကို လူသိများသွားနိုင်ပါတယ်။

၉။ အိမ်လိုက်စစ်ပေးခြင်း

သင်က ဆောက်လုပ်ရေးနယ်ပယ်ထဲကလူဆိုရင်တော့ ဒီအလုပ်က သင့်အတွက် အရမ်းကိုလွယ်ကူပြီး လုပ်ငန်းလည်း ချက်ချင်းစနိုင်ပါတယ်။ ဥပမာ အိမ်အသစ်ဝယ်ယူမယ့် အိမ်ရှင်တွေက အိမ်ရဲ့လုံခြုံမှု၊ ကြံ့ခိုင်မှုတွေကို လိုက်စစ်ဖို့ သင့်ကို ငှားရမ်းနိုင်ပါတယ်။​

၁၀။ Gym Trainer

အားကစားလုပ်ရတာကြိုက်​ပြီး ကိုယ်ခန္ဓာအတွက် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း သင့်မှာရှိရင် ဒီလုပ်ငန်းကို စလုပ်လို့ရပါပြီ။ သင့်မှာ လုံလောက်တဲ့အတွေ့အကြုံရှိရုံနဲ့ သင့်ကို လူတွေက ငှားရမ်းမှာ ဖြစ်ပါတယ်။

အရင်းအနှီးအများကြီးမလိုပဲ ယခု ချက်ချင်း ထလုပ်နိုင်သည့် ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးများ 2

၁၁။ အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဝန်ဆောင်မှု

အိမ်များများရှိတဲ့ အိမ်ရှင်တွေက အိမ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူလိုအပ်ပါတယ်။ သင့်အနေနဲ့ သူတို့ရဲ့အိမ်တွေကို လစဉ်သန့်ရှင်းရေးပုံမှန် လုပ်ပေးတာမျိုးနဲ့ စောင့်ရှောက်ပေးတာမျိုးလုပ်ရုံနဲ့ သင့်အတွက် အပိုဝင်ငွေရရှိမှာ ဖြစ်ပါတယ်။

၁၂။ တေးဂီတဆရာ

သင်က တူရိယာတွေကို တီးခတ်ရတာကြိုက်ပြီး ကျွမ်းကျင်တယ်ဆိုရင် တေးဂီတနဲ့ ပတ်သတ်တဲ့ သင်ခန်းစာတွေကို သင်ပေးတဲ့ သင်တန်းဖွင့်လို့ရပါပြီ။

၁၃။ ခြံစည်းရိုးတပ်ဆင်ပေးခြင်း

ခြံစည်းရိုးတပ်ဆင်ပေးတဲ့ လုပ်ငန်းက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်စပ်နေပါတယ်။ နှစ်ကြာနေပြီဖြစ်တဲ့ ခြံစည်းရိုးတွေက အမြဲယိုယွင်းပျက်စီးတက်ပါတယ်။ သင့်အနေနဲ့ ခြံစည်းရိုးတပ်ဆင်တဲ့ အတွေ့အကြုံနဲ့ ဗဟုသုတ လုံလုံလောက်လောက်ရှိရုံနဲ့ ဒီလုပ်ငန်းကို စလုပ်လို့ရပါပြီ။

အရင်းအနှီးအများကြီးမလိုပဲ ယခု ချက်ချင်း ထလုပ်နိုင်သည့် ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးများ 3

၁၄။ ဆံသလုပ်ငန်း

ဒီလုပ်ငန်းက တစ်သက်လုံးတိမ်ကောသွားမယ့် လုပ်ငန်းမျိုးမဟုတ်ပါ။ ဆံကေသာတွေကို ပြင်ဆင်ပေးရတာကြိုက်ပြီး ဖက်ရှင်ကိုလည်း နှစ်သက်တဲ့လူဆိုရင် ဒီလုပ်ငန်းကို စလုပ်လို့ရပါပြီ။

၁၅။ ကလေးထိန်းလုပ်ငန်း

ကလေးသူငယ်တွေအပေါ် စိတ်ရှည်ပြီး ကလေးတွေကို ချစ်တတ်ဖို့လိုပါတယ်။ သင်နဲ့ ဝါသနာတူ ပါတနာတွေရှိရင် ဒီလုပ်ငန်းကို စတင်လို့ရပါပြီ။ ကလေးတွေက သင်နဲ့နေရတာ ပျော်ရွင်တယ်ဆိုရင် မိဘတွေကလည်း သင့်ကိုယုံကြည်ကြပါမယ်။

Exit mobile version