အပြေးစက်ပေါ်မှာ Support မပါပဲ ပြေးနိုင်တဲ့ Robotic Dog

Robotic Dog တွေကို အင်ဂျင်နီယာကျောင်းသားတော်တော်များများ တီထွင်လာကြပါတယ်။ ကိုယ်တိုင် ဟန်ချက်ကိုထိန်းညှိနိုင်တဲ့ Robotic Dog တွေကို နောက်ပိုင်းမှာ တွေ့လာရပါတယ်။ Robotic Dog တွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်က Delivery Service ၊ ရှာဖွေရေး နှင့် ကယ်ဆယ်ရေးတွေမှာ အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။

အင်ဂျင်နီယာလူငယ်တစ်စုက မော်တာမပါ၊ Support မပါပဲ ကိုယ်တိုင် ထိန်းညှိနိုင်တဲ့ Robotic Dog ကို တီထွင်ခဲ့ပါတယ်။ အခုတီထွင်လိုက်တဲ့ Robotic Dog က အရင်က တီထွင်ခဲ့တဲ့ Robotic Dog တွေလို Motor ပေါ်မှီခိုစရာမလိုပါဘူး။ ရေပေါ်ပစ်ချလိုက်တဲ့အခါ အလိုအလျောက်ရေကူးနိုင်ပြီး မြေကြီးပေါ်ချတဲ့အခါ အလိုအလျောက် ပြေးနိုင်အောင် တီထွင်ထားတာဖြစ်ပါတယ်။ ဒီ Robotic Dog ကို တီထွင်ခဲ့တာကတော့ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ အင်ဂျင်နီယာကျောင်းက လူငယ်တွေဖြစ်ပါတယ်။

ဒီ Robotic Dog ကို ဘယ်လိုတီထွင်ခဲ့တာလဲ?

Robotic Dog ကို စတင်မလုပ်ခင်မှာ ခွေးတစ်ကောင်ရဲ့ ရွှေ့လျားသွားလာပုံကို စတင်လေ့လာခဲ့ပါတယ်။ အခြား Motor တပ်ဆင်ထားတဲ့ Robotic Dog တွေကိုလည်း လေ့လာခဲ့ပါတယ်။ Motor မပါပဲ Robotic Dog ကို ရွှေ့လျားသွားလာနိုင်အောင် စိန်ခေါ်ပြီး Project ကို စတင်ခဲ့ကြပါတယ်။ ခြေထောက်နေရာမှာ Joint သုံးခုရှိပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး တစ်ကယ့်ခွေးအစစ် လမ်းလျှောက်သလိုမျိုး ဖန်တီးထားပါတယ်။ Frame ကိုတော့ သံထည်အသုံးပြုထားပြီး ခွေးအစစ်ရဲ့ အရိုးပုံစံမျိုးလို ဖန်တီးထားတာဖြစ်ပါတယ်။ တိရိစ္ဆာန်တွေအများကြီး ရှိတဲ့ထဲက ခွေးကို ရွေးချယ်ရခြင်းအကြောင်းကတော့ ခွေးနဲ့ပတ်သတ်တဲ့ Data တွေက အများကြီးရှိနေပြီး အလွယ်တကူ ရယူနိုင်တာကြောင့်ဖြစ်ပါတယ်။

အပြေးစက်ပေါ်မှာ Robot ကို ချလိုက်တာနဲ့ တစ်ပြိုင်နက် မော်တာတွေရဲ့ အထောက်အပံ့မပါပဲ အလိုအလျောက်ပြေးနိုင်နေပြီ ဖြစ်ပါတယ်။ ပြေးနိုင်တဲ့ Speed ကတော့ 6km/h ပဲ ဖြစ်ပါတယ်။ နောက်ထပ် စမ်းသပ်ချက်တစ်ခုမှာလည်း Robotic Dog ကြား တုတ်ချောင်းထည့်ပြီး စမ်းသပ်ခဲ့ပေမယ့် စက်ရုပ်က ဟန်ချက်ပျက်သွားခြင်းမရှိပဲ ဆက်သွားနိုင်ခဲ့ပါတယ်။ Robot တည်တည်ငြိမ်ငြိမ် ဆက်သွားနိုင်အောင်တော့ အလေးတစ်ခုကို ဟန်ချက်ညီအောင် ထည့်ထားခဲ့ပါတယ်။

အင်ဂျင်နီယာလူငယ်တွေရဲ့ ပြောကြားချက်အရ လက်ရှိမှာတော့ မော်တာမပါတဲ့ စက်ရုပ်ကို ဖန်တီးခဲ့ပေမယ့် အနာဂတ်မှာ မော်တာပါတဲ့ မော်ဒယ်တွေကိုလည်း ဆက်လက်ဖန်တီးသွားမယ် ပြောကြားခဲ့ပါတယ်။ အခုလိုတီထွင်ရခြင်းက အခြားစက်ရုပ်တွေနဲ့ ပြိုင်ဆိုင်ချင်တာကြောင့်မဟုတ်ပဲ သဘာ၀နဲ့နီးစပ်အောင် တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ ဗီဒီရိုကိုတော့ ဒီမှာကြည့်ရှုနိင်ပါတယ်။

Exit mobile version