အနည်းဆုံး16GB RAM နှင့် လာမည့် M4 Macs များ

ယခုအချိန်ထိ ထွက်ရှိထားတဲ့ Macbook series တွေမှာ 16GB RAM နှင့်လာထားပေမယ့် Baseline model က RAM 8GB ဖြစ်ပါတယ်။ အရင်တုန်းက 8GB RAM က တော်တော်လေးအဆင်ပြေပေမယ့် လိုအပ်ချက်တွေများလာတာနှင့်အမျှ RAM 8GB က မလုံလောက်တော့ပါဘူး။ AI တွေတိုးတက်လာတာနှင့်အမျှ RAM 16GB က အနည်းဆုံးလိုအပ်လာပါတယ်။ ၂၀၁၂ ခုနှစ်ထဲက မိတ်ဆက်လာတဲ့ Macbook အားလုံးက အနည်းဆုံး RAM 8GB နှင့် လာပါတယ်။ Apple Intelligence လို့ခေါ်တဲ့ AI features တွေကို အသုံးပြုဖို့ RAM 16GB နှင့် လာနိုင်သလို 32GB RAM နှင့်လည်း လာနိုင်ပါတယ်။ စျေးနှုန်းအနေနှင့်ကတော့ $1600 က စမယ်လို့လည်း သိရပါတယ်။

Exit mobile version