မကြာသေးတဲ့ လပိုင်းမှ အမေရိကန်နိုင်ငံရွေးကောက်ပွဲမှာ သမ္မတဟောင်း Trump ကို လုပ်ကြံမှုဖြစ်ပွားမှုနှင့်အတူ Joe Biden ကလည်း လာမည့်ရွေးကောက်ပွဲအတွက် နှုတ်ထွက်ကြောင်း အတည်ပြုပြီးသားဖြစ်ပါတယ်။ Elon Musk ရဲ့ X မှာရှိတဲ့ chatbot ဖြစ်တဲ့ Grok က နိုင်ငံရေးနှင့်ပတ်သက်ပြီး သတင်းမှားတွေကို အလိုအလျောက်လူတွေဆီ ဖြန့်ဝေမှု လုပ်နေတာကြောင့် အစိုးရအဖွဲ့က Elon Musk ကို အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိတာကြောင့် ပြသနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ တိုက်တွန်းနေပါတယ်။ ဒုသမ္မတဖြစ်တဲ့ Kamala Harris က Joe Biden နေရာမှ ပြန်လည်ယှဉ်ပြိုင်မှာ ဖြစ်ပြီး လက်ရှိမှာတော့ Grok, chatbot ရဲ့ သတင်းမှားယွင်းမှုတွေ ဖြန့်ဝေနေမှုကြောင့် လူမြောက်များစွာက သတင်းမှားတွေကို ယုံကြည်နေကြပါတယ်။ အထူးသဖြင့် Kamala Harris က လာမည့်ရွေးကောက်ပွဲအတွက် မထိုက်တန်ကြောင်း စသဖြင့်မှားယွင်းတဲ့ သတင်းမှားတွေကို အလိုအလျောက် ဖြန့်ဝေနေမှုကြောင့် အစိုးရအဖွဲ့မှ ယခုလိုကိစ္စအတွက် တာဝန်ရှိတဲ့ Elon Musk ကို အိတ်ဖွင့်စာပေးပြီး အမြန်ဆုံးပြသနာကို ဖြေရှင်းပေးရန်တိုက်တွန်းနေပါတယ်။ အိတ်ဖွင့်စာထဲမှာ အတွင်းရေးဌာနမှ တာဝန်ရှိသူလေးယောက်က လက်မှတ်နှင့်တကွရေးထိုးထားတဲ့ စာ ပါဝင်ပါတယ်။
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2024/08/hero-image-1024x576.jpeg)
ယခုချိန်မှာတော့ အမေရိကန်ရဲ့ ပြည်နယ်ကိုးခုမှာ ဒီသတင်းမှားတွေကပြန့်နေပြီး Kamala Harris အတွက်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အများကြီးဒုက္ခရောက်နေပါတယ်။ တာဝန်ရှိသူတွေက တားဆီးနေကြပေမယ့် လူသန်းပေါင်းများစွာဆီကို သတင်းမှားက ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အတွင်းရေးဌာနကတော့ X အသုံးပြုသူတွေကို သတင်းတွေကို ချင့်ချိန်ယုံဖို့အကြောင်းနှင့် canivote.org လို official website တွေကို ယုံကြည်ကြဖို့ ကြေငြာထားပါတယ်။