လွန်ခဲ့တဲ့ရက်အနည်းငယ်လေးကပင် အိန္ဒိယနိုင်ငံက လွှတ်တင်လိုက်တဲ့ဒုံးပျံ လကမ္ဘာပေါ်ဆင်းသက်နိုင်ခဲ့ပြီလို့ သတင်းတော်တော်များများမှာ ရေးသားဂုဏ်ပြုကြပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်ကာလမှာတောင် လကမ္ဘာပေါ်ကို ချောချောမွေ့မွေ့ဆင်းသက်နိုင်တယ်ဆိုတဲ့ အရာက ခက်ခဲနေဆဲပါပဲ။ အိန္ဒိယနိုင်ငံက လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းမှာ ဆင်းသက်နိုင်ခဲ့တဲ့ စတုတ္ထမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အာကာသယာဉ် Chandrayaan-3
၂၀၂၀ ခုနှစ်ထဲက တွက်ချက်ထားတဲ့ အသုံးစရိတ်က ဒေါ်လာ၇၅ မီလီယံကုန်ကျမယ်လို့ တွက်ချက်ထားပါတယ်။ တစ်ကယ်လွှတ်တင်တဲ့အခါမှာတော့ ကုန်ကျစရိတ်က အနည်းငယ်တိုးသွားပြီး လွှတ်တင်ခဲ့တဲ့ နှစ်လည်းအနည်းငယ်နောက်ကျသွားပါတယ်။ NASA ကလည်း အခြားနိုင်ငံကလွတ်တင်ချင်တဲ့ အာကာသယာဉ်တွေကို တည်ဆောက်ပေးတဲ့ ဝန်ဆောင်မှုတွေလုပ်ပေးပါတယ်။ ဒီ Program ကိုတော့ Commercial Lunar Payload Services (CLSP) လို့အမည်ပေးထားပါတယ်။ CLPS မှာ ဆယ်နှစ်စာ Plan နဲ့ အပ်နှံထားတဲ့ Company ပေါင်း ၁၄ခုရှိပြီး တစ်ခုချင်းစီရဲ့ Budget က ဒေါ်လာ၇၀မီလီယံ ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အာကာသယာဉ် Chandrayaan-3 ကလည်း NASA မှာ Develop လုပ်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံနှင့် ရရှားနိုင်ငံက အမေရိကန်နိုင်ငံနှင့် လက်တွဲမလုပ်ကိုင်ပဲ ကိုယ်ပိုင် Project တွေလုပ်တာဖြစ်ပါတယ်။ Chandrayaan-3 မဆင်းသက်ခင်အချိန်ပဲ ရရှားရဲ့ အာကာသယာဉ် လကမ္ဘာပေါ်ဆင်းသက်တာ မအောင်မြင်ခဲ့ပါဘူး။
အခုဆိုရင်တော့ အမေရိကန်၊ တရုတ် နှင့် အိန္ဒိယနိုင်ငံက လကမ္ဘာပေါ်ကောင်းမွန်စွာ ဆင်းသက်နိုင်တဲ့ Missions မှာ ထိပ်တန်းသုံးနိုင်ငံအဖြစ် နေရာယူထားကြပါတယ်။ ကုန်ကျစရိတ်တွေက အနာဂတ်မှာ ဒီထက် သက်သာသွားနိုင်ပြီး လကမ္ဘာကို လူတွေခရီးထွက်နိုင်ဖို့ Companies တွေကလည်း အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ အိန္ဒိယနိုင်ငံက စီးပွားရေးအရလည်း တစ်ဟုန်ထိုး တိုးတက်လာပြီး Apple တို့လို ကမ္ဘာကျော် Company တွေက ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
၂၀၇၅ ခုနှစ်မှာ ဖြစ်လာနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအလားအလာ ကိုလည်း ဖတ်ရှုနိင်ပါတယ်။