သင်္ဘောတွေအတွက် Free အင်တာနက် ဝန်ဆောင်မှု နှစ်လပေးလိုက်တဲ့ Starlink

Elon Musk ရဲ့ Starlink Internet Company က ရေလမ်းကြောင်းပေါ်မှာရှိတဲ့ သင်္ဘောတွေအားလုံးကို satellite ကတစ်ဆင့် အင်တာနက်အသုံးပြုနိုင်ဖို့ နှစ်လတာ အင်တာနက်ကို အခမဲ့အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးလိုက်ပါတယ်။ သင်္ဘောအမျိုးအစားတွေဖြစ်တဲ့ ကုန်တင်သင်္ဘော၊ ဇိမ်ခံသင်္ဘောတွေအပါအဝင် အခြားသင်္ဘောကြီးတွေပါပါဝင်ပါတယ်။ သင်္ဘောတွေအတွက် အသုံးပြုဖို့ Starlink Maritime ဆိုပြီး project နာမည်ပေးထားပါတယ်။ သင်္ဘောပေါ်မှာ အသုံးပြုဖို့အတွက် Hardware တပ်ဆင်ခသက်သက် ဒေါ်လာ တစ်သောင်းကုန်ကျနိုင်ပြီး လစဉ်ကြေးက တစ်လကို ဒေါ်လာ ၅၀၀၀ အထိ ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ satellite internet ထဲမှာ အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်တာကတော့ Starlink satellite internet ဖြစ်ပါတယ်။ ပြိုင်ဖက် company တွေက လက်ရှိမှာ နည်းပါးလွန်းပြီး Starlink ကတော့ စျေးကွက်ကို အများဆုံးသိမ်းပိုက်ထားတယ်လို့လည်း ပြောလို့ရပါတယ်။

သင်္ဘောတွေအတွက် Free အင်တာနက် ဝန်ဆောင်မှု နှစ်လပေးလိုက်တဲ့ Starlink 1

Starlink ရဲ့ satellite ကို ငှားရမ်းပြီး အင်တာနက် ဝန်ဆောင်မှုပေးတဲ့ companies တွေရှိပေမယ့် အရေအတွက် အရမ်းနည်းလွန်းပါတယ်။ အခုလို အင်တာနက် ဝန်ဆောင်မှုကို အခမဲ့ နှစ်လပေးခြင်းကြောင့် စျေးကွက်ကို ပိုမိုသိမ်းပိုက်ဖို့ အခြေအနေခိုင်မာနိုင်သွားပါတယ်။ Speed အားဖြင့် Download speed 200Mbps နှင့်အနည်းဆုံးလာမှာဖြစ်ပြီး နှစ်လအတွင်းမှာ 10TB အထိအသုံးပြုခွင့်ပေးထားမှာဖြစ်ပါတယ်။ Satellite အင်တာနက်က Fiber Cable ကြိုးမရောက်နိုင်တဲ့ နေရာတွေအတွက် အသုံးပြုရတာ အရမ်းလွယ်ကူပြီး အသင့်တော်ဆုံးဖြစ်ပါတယ်။ Satellite Internet ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်နေရာမဆို အသုံးပြုနိုင်ပါတယ်။ သင်္ဘောပေါ်မှာရှိကြတဲ့ သင်္ဘောသားတွေအတွက်တော့ အင်တာနက်အသုံးပြုရတာ အခက်အခဲမရှိတဲ့အချိန်ကိုရောက်ဖို့ လပိုင်းပဲ ကြာနိုင်ပါတယ်။

Exit mobile version