သင့်အိမ်ကို လျှပ်စစ်မီးပါပေးနိုင်တဲ့အပြင် မိုင်ပေါင်း​ ၁၃၀ ထိသွားနိုင်တဲ့ ဒေါ်လာတစ်သောင်းတန် Honda ရဲ့ N-Van e

ထွက်သမျှ မီနီအီလက်ထရစ်ကားတွေထဲမှာ အကောင်းဆုံးလို့တောင်ပြောလို့ရတဲ့ N-Van e ကို Honda က မိတ်ဆက်လိုက်ပါတယ်။ ကားရဲ့ ကိုယ်ထည်ပုံစံက မြန်မာပြည်မှာမြင်တွေ့ရတဲ့ Hi-Jet ပုံစံမျိုးဖြစ်ပြီး ဘေးဆွဲတံခါးနဲ့လာမှာ ဖြစ်ပါတယ်။ Honda မှာ လောင်စာဆီကိုအသုံးပြုရတဲ့ N-Van အမျိုးအစားက ရှိပြီးသားဖြစ်ပေမယ့် အခုအခါမှာတော့​ အနောက်မှာ e တစ်လုံးပိုပြီး တစ်ကားလုံးလျှပ်စစ်စွမ်းအင်ကို အသုံးပြုမယ့် ကားအမျိုးအစားဖြစ်ပါတယ်။ ကားရဲ့ Bumper ကို Recycled သတ္တုတွေကို ပြန်လည်အသုံးပြုထားပါတယ်။

ကားရဲ့အောက်ပိုင်းမှာတော့ ဘက်ထရီတွေကို ထည့်သွင်းထားပါတယ်။ အင်ဂျင်ခန်းမရှိတဲ့အတွက် ကားကနေရာပိုကျယ်သွားပြီး လူရော၊ ပစ္စည်းရော အများကြီးဝင်ဆန့်ပါတယ်။ ပစ္စည်းများများ တင်ချင်တဲ့အခါ ထိုင်ခုံတွေကို ခေါက်လို့ရပြီး လူနှစ်ယောက်ကောင်းကောင်း အိပ်စက်လို့ရတဲ့အထိ ကျယ်ဝန်းပါတယ်။

သမရိုးကျကားတွေမှာပါတဲ့ ကားအတွင်းပိုင်းက အလယ်မှာပါတဲ့ ဝင်ရိုးတန်းအတွက် နေရာလည်းမရှိတာကြောင့် လွတ်လွတ်လပ်လပ် ထိုင်နိုင်ပြီး ပစ္စည်းတွေလည်း အများကြီးဝင်ဆန့်ပါတယ်။

ECON mode ဖွင့်ပြီးမောင်းရင်တော့ မိုင်ပေါင်း၁၃၀ ကျော်ထက် ပိုသွားနိုင်တယ်လို့လည်း Honda က ပြောကြားခဲ့ပါတယ်။ N-Van e က တစ်နေရာမှတစ်နေရာကို ပို့ဆောင်ပေးနိုင်တဲ့ကားတစ်စီးထက် ပိုပါတယ်။ အကြောင်းရင်းကတော့ 1500W ရှိတဲ့လျှပ်စစ် စွမ်းအင်ကိုလည်း ထုတ်လွှတ်ပေးနိုင်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို အသုံးပြုနိုင်ပါသေးတယ်။ ဥပမာ မီးပူတိုင်တာ၊ ထမင်းချက်တာ နှင့် အခြား အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို သုံးနိုင်ပါတယ်။

အိမ်မှာလျှပ်စစ်မီးမရှိလို့ အရေးတကြီးလိုအပ်တဲ့အခါမျိုးမှာ N-Van E က တစ်ဆင့် လျှပ်စစ်စွမ်းအင်ကို ယူသုံးနိုင်ပါတယ်။ မနှစ်က Honda က N-Van E ကိုမိတ်ဆက်တုန်းက ဒေါ်လာ ၇၀၀၀ ကျမယ်လို့ ပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ Honda က ဂျပန်နိုင်ငံမှာ ပြည်တွင်းအသုံးပြုလို့ရအောင် စမ်းသပ်မှုတွေပြုလုပ်ပြီး တစ်ကမ္ဘာလုံးအသုံးပြုနိုင်အောင် လာမယ့်ဆောင်းဦးမှာ ဖြန့်ချီမယ်လို့ ပြောကြားခဲ့ပါတယ်။

Exit mobile version