သင့်ရဲ့ Mouse Cursor လှုပ်ရှားမှုကို မျက်နှာအမူအရာဖြင့် ထိန်းချုပ်နိုင်မယ့် Android App

အင်္ဂါနေ့ကမှ မိတ်ဆက်ခဲ့တဲ့ Google ရဲ့ ပွဲမှာ Project Gameface လို့ခေါ်တဲ့ code ကို open-source ပေးလိုက်ပါတယ်။ Mouse ကို လက်နဲ့ထိတွေ့ထိန်းချုပ်စရာမလိုပဲ မျက်နှာအမူအရာဖြင့် ထိန်းချုပ်လို့ရအောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Elon Musk က မကြာသေးမီကမှ ဦးနှောက်ထဲမှာ Neuralink ရဲ့ chipset ကိုထည့်သွင်းထားပြီး mouse လှုပ်ရှားမှုကို ထိန်းချုပ်မှု စမ်းသပ်ပြခဲ့ပါတယ်။ ယခုအခါမှာတော့ Google က Project Gameface code ကို open-source ထုတ်ပေးလိုက်တာကြောင့် developers တွေ အခမဲ့စမ်းသပ်အသုံးပြုလို့ ရသွားပါပြီ။

သင့်ရဲ့ Mouse Cursor လှုပ်ရှားမှုကို မျက်နှာအမူအရာဖြင့် ထိန်းချုပ်နိုင်မယ့် Android App 1

အသုံးပြုသူတွေအနေနှင့် Device Camera မှတစ်ဆင့်​ မျက်နှာလှုပ်ရှားမှုကို ပြုလုပ်ပြီး mouse ကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ပါးစပ်ကို ဟ လိုက်ခြင်းဖြင့် mouse cursor က အပေါ်ဘက် ရွှေ့သွားတာမျိုး၊ မျက်ခုံးကို ပင့်လိုက်ခြင်းဖြင့် mouse cursor က ဖိနှိပ်ပြီး ဆွဲတာမျိုး စသဖြင့် function တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Gameface ကို စတင်ဖန်တီးတဲ့အချိန်က gamers တွေအတွက် ရည်ရွယ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ India မှာရှိတဲ့ Incluzza လို့အမည်ရှိတဲ့ နည်းပညာ company တစ်ခုနှင့် partner ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

သင့်ရဲ့ Mouse Cursor လှုပ်ရှားမှုကို မျက်နှာအမူအရာဖြင့် ထိန်းချုပ်နိုင်မယ့် Android App 2

ထို company မှ တီထွင်ဖန်တီးအားနှင့် ယှဉ်တွဲပြီး နောက်ပိုင်းမှာ အလုပ်ခွင် နှင့် ကျောင်းတွေမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလို့ရသွားအောင် ဖန်တီးသွားမယ်လို့လည်း သိရပါတယ်။ Project Gameface ကို Video Game streamer, Lance Carr ဆီမှ inspiration ယူပြီး ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ Carr မှာ ကြွက်သားလှုပ်ရှားမှုအားနည်းတဲ့ ရောဂါရှိပြီး ထိုကဲ့သို့ လူနာများအတွက် ရည်ရွယ်ပြီး Google မှ Gameface project ကို ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version