သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ

တိုးတက်လာတဲ့ခေတ်မှာ လိုအပ်ချက်ကလည်းများလာပါတယ်။ အခွင့်အလန်းတွေနှင့် အလုပ်အကိုင်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုတိုးပွားလာပါတယ်။ Entrepreneur Magazine က ပြောပြတဲ့ A.I က ညွှန်ပြတဲ့ စီးပွားရေးလုပ်ငန်းသစ်တွေက လက်ရှိလူနေမှုဘ၀မှာ လိုအပ်နေတဲ့အရာတွေဖြစ်ပါတယ်။ သင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် (သို့) IT နယ်ပယ်ထဲကဆိုရင် အခုပြောပြမယ့် လုပ်ငန်းတွေက လက်တွေ့မှာ အလုပ်ဖြစ်မယ်ဆိုတာ တန်းသိနိုင်ပါတယ်။

၁။ ကျန်းမာရေးအချက်အလက်ကို တိုင်းတာပေးနိုင်တဲ့ လုပ်ငန်း

သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ 1

ကျန်းမာရေးနယ်ပယ်က ဝင်ငွေအရမ်းကောင်းတဲ့ နယ်ပယ်ဖြစ်ပါတယ်။ နည်းပညာတိုးတက်လာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်းတွေကလည်း နည်းပညာအကူအညီနှင့်အတူ လုပ်ငန်းခွင်တွေမှာ​ ပိုမိုကောင်းမွန်တဲ့ ဆေးဝါးကုသမှုတွေကို လုပ်လာနိုင်စွမ်းရှိလာကြပါတယ်။ ဥပမာပြောရမယ်ဆိုရင် Apple watch တွေမှာပါတဲ့ နှလုံးခုန်နှုန်းကို တစ်ပြေးညီတိုင်းတာပေးနိုင်တဲ့ Feature တွေက ကျန်းမာရေးမှာ သုံးတဲ့နည်းပညာတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေးအချက်အလက်တွေကို ​တစ်နေရာရာမှာ သိမ်းဆည်းပေးပြီး အဖြေကို တွက်ချက်ပေးနိုင်တဲ့ A.I တွေက လက်ရှိမှာလည်း အလုပ်ဖြစ်လာပါပြီ။ သင့်ကျန်းမာရေးအချက်အလက်ကို A.I က တွက်ချက်ပေးပြီး နေထိုင်မှုပုံစံ၊ အစားအသောက်ပုံစံကို ပြောင်းလဲသင့်မပြောင်းလဲသင့် အကြံဉာဏ်တွေပေးနိုင်ပါတယ်။ သင်က အခွင့်အလန်းမြင်တတ်တဲ့လူတစ်ယောက်ဆိုရင်တော့ A.I အကူအညီ၊ ပညာရှင်အကူအညီတွေနှင့်အတူ လူတွေရဲ့ကျန်းမာရေးကို တိုင်းတာပေးတဲ့ လုပ်ငန်းကို တည်ထောင်နိုင်ပါတယ်။

ဝင်ငွေနည်းလမ်း။ လစဉ်ကြေးကောက်ခံခြင်းနှင့် ဆေးဖက်ဆိုင်ရာလုပ်ငန်းတွေနှင့် Partner လုပ်နိုင်ခြင်း

၂။ AI-power နှင့် အလုပ်အကိုင်အတွက် ကိုက်ညီတဲ့ ဝန်ထမ်းကိုရှာဖွေပေးခြင်း

သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ 2

အလုပ်ရှင်တွေအတွက်ရော၊ အလုပ်ရှာနေတဲ့လူတွေအတွက်ရော အလုပ်တစ်ခုအတွက် လိုချင်တဲ့အဖြေရဖို့ အချိန်ရော ငွေရော ကုန်ခမ်းပါတယ်။ အထူးသဖြင့် အလုပ်ရှင်တွေ ဝန်ထမ်းရှာဖွေတဲ့အခါမှာ လိုချင်တဲ့အရည်အချင်းနှင့် ကိုက်ညီတဲ့ ဝန်ထမ်းရဖို့ ခက်ခဲပါတယ်။ အလုပ်ရှာတဲ့ Websites တွေအများကြီးရှိပေမယ့် A.I ကို အသုံးပြုပြီး ဝန်ထမ်းရှာတဲ့ Features က ကန့်သတ်မှုတွေရှိနေပါသေးတယ်။ သင်က A.I အကူအညီသုံးပြီး အလုပ်ရှင်တွေအတွက် ကိုက်ညီတဲ့ ဝန်ထမ်းမျိုးကို ရှာပေးနိုင်ရင်တော့ သင့်အတွက် အကျိုးအများကြီး ဖြစ်ထွန်းနိုင်ပါတယ်။

ဝင်ငွေနည်းလမ်း။ အလုပ်ရှင်တွေဆီကတစ်ဆင့်​ လစဉ်ကြေးကောက်ခံနိုင်ပြီး HR ဌာနတွေအတွက် တိကျတဲ့ အချက်အလက်တွေကို ပေးနိင်ပါတယ်။

၃။ သင်ကြားရေး အထောက်အကူပြု လုပ်ငန်း

သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ 3

Online ပေါ်မှာ တက်ရောက်နိုင်တဲ့ သင်ကြားရေး Websites တွေဖြစ်တဲ့ Coursera နှင့် အ​ခြား သင်ကြားရေး Websites တွေနှင့်ပုံစံအနည်းငယ် ဆင်ပါတယ်။ Online က တစ်ဆင့်သင်ကြားနေတဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို A.I က တွက်ချက်ပြီး ဘယ်ဘာသာကို ပိုလေ့လာသင့်လဲ၊ ဘယ်ဘာသာက ထိုကျောင်းသားနှင့် ပိုကိုက်ညီမယ် စသဖြင့် တွက်ချက်ပေးနိုင်တဲ့ Tool ကို တည်ထောင်နိုင်မယ်ဆိုရင်တော့ အကျိုးများမှာ ဖြစ်ပါတယ်။

ဝင်ငွေနည်းလမ်း။ လစဉ်ကြေးကောက်ခံနိုင်ပြီး ဘာသာရပ်၊ ကျောင်းတွေနှင့် Partnership ချိတ်ဆက်ခြင်း

၄။ အိမ်သုံးလျှပ်စစ်ကို စီမံပေးနိုင်တဲ့ လုပ်ငန်း

မြို့ပြတွေမှာ လျှပ်စစ်စွမ်းအားလိုအပ်ချက်က မြင့်တက်နေပါတယ်။ လျှပ်စစ်စွမ်းအားရဲ့ နှုန်းထားတွေကလည်း မြင့်တက်နေတာကြောင့် အိမ်တိုင်းမှာ ကိုယ်သုံးတဲ့ လျှပ်စစ်စွမ်းအားကို စီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ ဆိုလာပြားတွေတပ်ဆင်တဲ့အခါ အိမ်တစ်အိမ်ရဲ့ လျှပ်စစ်စွမ်းအားကို တွက်ချက်ပေးနိုင်တဲ့ Software တွေကို တွေ့ရပါတယ်။ ထို့နည်းတူ သင့်အိမ်မှာ သုံးနေတဲ့ လျှပ်စစ်စွမ်းအားနှင့် ဘယ်နေရာမှာ အသုံးများနေတဲ့ လျှပ်စစ်စွမ်းအားကို တွက်ချက်ပေးနိုင်တဲ့ Hardware နှင့် Software တူတူအသုံးပြုနိုင်တဲ့ Tool ကို တည်ထွင်နိုင်ရင်တော့ လူအများစု အသုံးပြုကြမှာဖြစ်ပါတယ်။

ဝင်ငွေနည်းလမ်း။ Hardware Tool နှင့် ပစ္စည်းတွေကို ရောင်းချနိုင်ပြီး အစိုးရမီးအားပေးဌာနတွေနှင့်အတူ လက်တွဲလုပ်ကိုင်နိုင်ခြင်း

၅။ စိုက်ပျိုးရေး လုပ်ငန်းသုံး AI Tool နှင့် ပတ်သက်သည့်လုပ်ငန်း

သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ 4

စိုက်ပျိုးရေးလုပ်ငန်းသုံး Drones တွေသုံးလာတဲ့ခေတ်မှာ လူကိုယ်တိုင် ပျိုးပင်တွေကို လိုက်ကြည့်စရာမလိုပဲ သင့်ကို စိုက်ပျိုးထားတဲ့ ပျိုးပင်တွေရဲ့ ကျန်းမာရေးကို ဖော်ပြနိုင်မယ့် Tool ကို တီထွင်နိုင်ရင်တော့ အကျိုးအမြတ်အများကြီးဖြစ်ထွန်းနိုင်ပါတယ်။ ဥပမာ လယ်ကွင်းထဲမှာ စာခြောက်ရုပ်နေရာမှာ သင့် လယ်ကွင်းကို Scan ဖတ်ပြီး ရာသီဥတုအခြေအနေ၊ မြေဩစာ ထည့်သင့်မထည့်သင့် စသဖြင့် ကြိုတင်ခန့်မှန်းနိုင်တဲ့ Tool ကိုဆိုလိုခြင်းဖြစ်ပါတယ်။

ဝင်ငွေနည်းလမ်း။ Hardware Tool နှင့် ပစ္စည်းတွေကို ရောင်းချနိုင်ပြီး အစိုးရ စိုက်ပျိုးရေးဌာနတွေနှင့်အတူ လက်တွဲလုပ်ကိုင်နိုင်ခြင်း

၆။ ငွေကြေးစီမံခန့်ခွဲပေးနိုင်တဲ့ Software အခြေခံလုပ်ငန်း

သင့်ကိုချမ်းသာအောင်လုပ်ပေးနိုင်မယ့် AI က ပြောပြတဲ့ Business Ideas များ 5

ငွေကြေးစီမံခန့်ခွဲပေးနိုင်တဲ့ Apps တွေကို လူတော်တော်များများအသုံးပြုကြပေမယ့် ငွေကြေးအကြံပေးတစ်ယောက်ကဲ့သို့ ပြောပြနိုင်တဲ့ Software ကို တီထွင်တဲ့လုပ်ငန်းတွေတော့ နည်းပါသေးတယ်။ သင့်ရဲ့ဝင်ငွေလမ်းကြောင်း (သို့) လုပ်ငန်းတစ်ခုရဲ့ ဝင်ငွေကို တွက်ချက်ပြီး အကြံပေးနိုင်တဲ့ AI Tool လုပ်ငန်းကို တီထွင်နိုင်ရင်တော့ အကျိုးများမှာ ဖြစ်ပါတယ်။

ဝင်ငွေနည်းလမ်း။ လစဉ်ကြေးကောက်ခံပြီး Data တွေကို​ သိမ်းဆည်းထားပြီး အဖြေကို တွက်ချက်ပေးခြင်း၊ လိုင်စင်ကို မှတ်ပုံတင်ပြီး လုပ်ငန်းကို ပြန်လည်ရောင်းချနိုင်ခြင်း

Exit mobile version