လူအနည်းစုသာသိကြတဲ့ Honda အကြောင်း

Honda နဲ့ မထိတွေ့ဖူးတဲ့ လူက မရှိသလောက်ရှားပါတယ်။ အနည်းဆုံး Honda ဆိုင်ကယ်ကိုတော့ သက်ကြီး၊သက်ငယ်မရွေး ဘ၀မှာ တစ်ခါတော့ စီးဖူးကြပါလိမ့်မယ်။ Honda သမိုင်းကြောင်းကို လူတိုင်းနီးပါးသိပေမယ့် Honda ရဲ့ အခြား​လုပ်ငန်းတွေ ရှိပါသေးတယ်။ အခုပြောပြမယ့် အချက်တွေက Honda company ရဲ့ လူသိပ်မသိကြတဲ့ အချက်တွေဖြစ်ပါတယ်။

Honda company ကိုတည်ထောင်သူ Soichiro Honda

၁။ Honda ဖခင် Soichiro Honda က တိုယိုတာကားကုမ္ပဏီကို ကားပစ္စည်းတွေရောင်းချခဲ့ပါတယ်

Soichrio Honda က အသက် ၁၅ နှစ်မှာ ကျောင်းထွက်ခဲ့ပြီး တိုကျိုနိုင်ငံမှာရှိတဲ့ ကားနယ်ပယ်ထဲမှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ပညာလည်းလုံလုံလောက်လောက်မရှိသေးတဲ့ Soichiro Honda က ကြိုးစားမှုကြောင့် သူအလုပ်လုပ်တဲ့ ကားပစ္စည်းရောင်းတဲ့ဆိုင်က သူဌေးဖြစ်တဲ့ Yuzo Sakakibara ရဲ့ အားကိုးလေးစားမှုကို ရရှိခဲ့ပါတယ်။ ပညာတတ်မြောက်လာတဲ့အခါမှာတော့ Soichiro က ကိုယ်ပိုင်ကားပစ္စည်းဆိုင်လေး စဖွင့်ပါတယ်။ ထုတ်လုပ်မှုကို ကိုယ်တိုင်ကိုယ်ကျလုပ်ပြီး ကားပစ္စည်းစတင်ရောင်းချခဲ့ပါတယ်။ ကားအင်ဂျင်ရဲ့ ပစ်စတင်ကို ပထမဦးဆုံး Toyota ကားကုမ္ပဏီကို ရောင်းချတဲ့အခါမှာတော့ ငြင်းပယ်မှုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တိုယိုတာက အဓိကမှာယူရတဲ့ ကားပစ္စည်းတွေရဲ့ company တစ်ခု ဖြစ်လာခဲ့ပါတယ်။

၂။ ဆိုင်ကယ်တွေ စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့ချိန်ထိ ကမ္ဘာမှာဆိုင်ကယ်အများဆုံး ထုတ်လုပ်တဲ့ company တစ်ခုဖြစ်လာခဲ့ပါတယ်

ဒုတိယကမ္ဘာစစ်နဲ့ ငလျင်ဒဏ်ကြောင့် Honda လုပ်ငန်းတွေအများကြီး ထိခိုက်ခဲ့ပါတယ်။ စစ်ပွဲကြီးအပြီးမှာ Soichiro က ဆိုင်ကယ်အကြောင်းတွေကိုလေ့လာပြီး ၁၉၄၉ခုနှစ်မှာ 98cc အင်ဂျင်ရှိတဲ့ဆိုင်ကယ်ကို စတင်ထုတ်လုပ်ခဲ့တယ်။ ဆိုင်ကယ်နာမည်က​ dream , D-type လို့ခေါ်ပါတယ်။ ဆိုင်ကယ်တွေအများကြီး ရောင်းချနိုင်ခဲ့ပြီး လူကြိုက်များတဲ့ ဆိုင်ကယ်လည်း ဖြစ်ခဲ့ပါတယ်။

Honda Jet Airplane

၃။ Honda ရဲ့ အခြား​ထုတ်ကုန်များ

Honda က လေယာဥ် အင်ဂျင်၊ လှေအင်ဂျင်၊ မြက်ရိတ်စက် နှင့် အခြားလယ်ရာသုံးစက်ပစ္စည်းနှင့် အင်ဂျင်တွေကို ထုတ်လုပ်ပါတယ်။​ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ စက်ရုပ်လောကထဲထိ ဝင်ရောက်လာခဲ့ပြီး စက်ရုပ်တွေလည်း​ ထုတ်လုပ်ပါတယ်။

Honda Civic car

၄။ ကမ္ဘာပေါ်မှာ အရောင်းရဆုံး Honda ရဲ့ ကားနှစ်မျိုး

Honda ရဲ့ အရောင်းရဆုံးကားနှစ်မျိုးပြောလိုက်တာနဲ့ လူတိုင်းသိတဲ့ကားနှစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လူငယ်အများဆုံးကြိုက်ကြတဲ့ကားထဲမှာလည်း ပါဝင်ပါတယ်။ Honda Civic နှင့် Accord က ဆီစားသက်သာပြီး ပုံစံလည်းဆန်းသစ်တာကြောင့် လူတိုင်းကြိုက်ကြတဲ့ ကားမော်ဒယ်ဖြစ်လာပါတယ်။ သူ့ရဲ့ပြိုင်ဖက်တွေဖြစ်တဲ့ Volkswagen နဲ့ Ford တို့ကအစ လိုက်တုပြီး ထုတ်လုပ်ရတဲ့ ကားဖြစ်လာခဲ့ပါတယ်။ civic ကားအမျိုးအစားက အမေရိကန်နိုင်ငံမှာတင် ကားအစီးအရေ ၁၂သန်းကျော်ထိ ရောင်းချခဲ့ရတဲ့ ကားအမျိုးအစားဖြစ်လာပါတယ်။

၅။ ပဲပိစပ်တွေကို တင်ပို့ရောင်းချခဲ့တဲ့ company တစ်ခုလည်းဖြစ်ပါတယ်

အမေရိကန်နိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံကို ပဲပိစပ်တင်ပို့ရောင်းချဖို့ သူဌေးနဲ့ Honda နဲ့ စတင်တွေ့ရှိခဲ့ပါတယ်။ ထိုအချိန်က ဂျပန်ကို ကားပစ္စည်းတင်တဲ့ container အလွတ်တွေကို ဂျပန်ကိုပြန်ပို့ရပါတယ်။ Container အလွတ်တွေဂျပန်ကို ဒီအတိုင်းသွားမယ့်အစား ပဲပိစပ်တွေကိုတင်သွားနိုင်မယ့် အခွင့်အရေးကို Honda က သဘောတူညီမှုလုပ်ပြီး အကျိုးအမြတ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Honda EV plus car

၆။ Honda ရဲ့မအောင်မြင်ခဲ့တဲ့ EV ကားနှစ်မျိုး

Honda က ဒီနေ့ခေတ်မှာတော့ EV ကားတွေလည်း ထုတ်နေပြီး hybrid ကားတွေလည်း စျေးကွက်ထဲမှာ အောင်မြင်မှုတွေရရှိနေပါတယ်။ သို့ပေမယ့် တစ်ချိန်က ထုတ်လုပ်ခဲ့တဲ့ EV plus လို့အမည်ရတဲ့ လျှပ်စစ်ကားက အောင်မြင်မှုမရရှိခဲ့ပါဘူး။ EV plus ကို နီကယ်ဘယ်ထရီ အမျိုးအစားနဲ့ထုတ်လုပ်ခဲ့ပြီး အက်စစ်ဘက်ထရီပုံစံမျိုးနဲ့ အနည်းငယ်သာ ကွဲလွဲခဲ့ပါတယ်။ မိုင်ပေါင်းအနေနဲ့ ၆၀ နဲ့ ၈၀ကြားသာ ပြေးနိုင်ပြီး စျေးလည်းကြီးတာကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။ နောက်တစ်မျိုးကတော့ NSX လို့အမည်ရတဲ့ လျှပ်စစ်ကားပဲ ဖြစ်ပါတယ်။ ကားရဲ့ဒီဇိုင်းက Audi နှင့် Porsche ပုံစံတွေနဲ့ ဆင်တူပြီး ဆွဲဆောင်မှုရှိတဲ့ကားတစ်စီး ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် လူကြိုက်နည်းပြီး ၂၀၁၅ခုနှစ်မှာတော့ ထုတ်လုပ်မှုကို အဆုံးသပ်ခဲ့ပါတယ်။

Exit mobile version