လူတွေယနေ့အချိန်ထိ ယုံကြည်နေကြတဲ့ နည်းပညာဆိုင်ရာ ပုံပြင်များ

နည်းပပညာက နေ့စဉ်နှင့်အမျှ တိုးတက်နေပေမယ့်​ ယနေ့ချိန်ထိ လူတွေက ဖော်ပြမယ့် အကြောင်းအရာတွေကို ယနေ့ချိန်ထိ ယုံကြည်နေကြပြီး လိုက်လုပ်နေဆဲဖြစ်ပါတယ်။ ဥပမာ ငယ်စဉ်အခါက retro game တွေဆော့တဲ့အခါ လေနှင့်မှုတ်ပြီး ပြန်ထည့်ကြည့်ရင် ပြန်ကောင်းလာတယ်လို့ ယုံကြည်ကြပါတယ်။ ထို့နည်းတူ Disc ပြားတွေကိုလည်း အင်္ကျီနှင့်သုတ်လိုက်တဲ့အခါ ပြန်ကောင်းသွားတယ်လို့ လူတွေက ယုံကြည်ကြပါတယ်။ ယနေ့ခေတ်မှာတော့ အင်တာနက်နှင့် ကွန်ပျူတာမှာ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်တွေအကြောင်းကို ပြောပြပါမယ်။

Incognito mode က ကိုယ်အသုံးပြုတဲ့အခါ ဘယ်သူမှမသိ၊ မမြင်နိုင်ဘူးလို့ထင်နေကြခြင်း

လူတွေယနေ့အချိန်ထိ ယုံကြည်နေကြတဲ့ နည်းပညာဆိုင်ရာ ပုံပြင်များ 1

Chrome အသုံးပြုတဲ့အခါ အချို့က Incognito mode ကို ဖွင့်ပြီး အသုံးပြုကြပါတယ်။ လူအများစုထင်တာက ဒီ mode ကို အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ History တွေနှင့် အသုံးပြုခဲ့တဲ့ location တွေကို လိုက်လို့မရဘူးလို့ ယုံကြည်ထားကြပါတယ်။ များသောအားဖြင့် လူအများစုက အမှောင်ကမ္ဘာခြမ်းကို သွားချင်တဲ့အခါ Incognito mode ကို ဖွင့်သုံးပြီး website တွေကို ကြည့်တက်ကြပါတယ်။ သို့ပေမယ့် အမှန်တကယ်တမ်းမှာတော့ Google က Third-Party cookies တွေကို ရှင်းလင်းပေးတာမျိုးနှင့် ကြော်ငြာတွေ trace လိုက်လို့မရအောင်သာ လုပ်ပေးနိုင်တာမျိုးပါ။ အသုံးပြုသူရဲ့ location နှင့် IP address တွေကိုတော့ လိုက်လို့ရနိုင်ပါတယ်။ ကိုယ့်အနေနှင့် Privacy ကို ကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ VPN ကောင်းကောင်းတွေကို အသုံးပြုတာ အကောင်းဆုံးပါပဲ။

USB device ကို eject mode နှိပ်ပြီးထုတ်ခြင်းက safe ဖြစ်နိုင်သည်ဟု ယုံကြည်ခြင်း

လူတွေယနေ့အချိန်ထိ ယုံကြည်နေကြတဲ့ နည်းပညာဆိုင်ရာ ပုံပြင်များ 2

ဒီအချက်ကတော့ လူတော်တော်များများ လုပ်နေဆဲဖြစ်ပြီး eject mode နှိပ်ပြီး ဖြုတ်ခြင်းက data တွေကို safe ဖြစ်ပြီး မပျက်စေနိုင်ဘူးလို့ ယုံကြည်နေကြပါတယ်။ အမှန်တကယ်တမ်းမှာ​တော့ Data တွေကို ကူးပြောင်းလုပ်နေစဉ်အတွင်းမှာ မဖြုတ်မိဖို့ အရေးကြီးပါတယ်။ Transfer လုပ်ပြီးတဲ့အခါမှာတော့ သင့်အနေနှင့် eject mode ကို မနှိပ်ပဲ ထုတ်နိုင်ပါတယ်။ Data တွေ အလွယ်တကူ မပျက်နိုင်ပါဘူး။

USB Drive ကို Format ချလိုက်ရုံနှင့် Data အားလုံးပျက်သွားမယ်လို့ ယုံကြည်ခြင်း

လူတွေယနေ့အချိန်ထိ ယုံကြည်နေကြတဲ့ နည်းပညာဆိုင်ရာ ပုံပြင်များ 3

Drive ကို format ချလိုက်ရုံနှင့် လုံး၀ အသစ်ဖြစ်သွားမယ်လို့ လူအများက ယုံကြည်ထားကြပါတယ်။ တစ်ကယ်တမ်းမှာတော့ Data တွေကို Third-party apps နှင့်ပြန်ပြီး ရယူနိုင်ပါတယ်။ အကယ်၍ လုံး၀ Data တွေကို မကျန်စေချင်ရင်တော wiping softwares တွေနှင့် အပြီးဖျက်ပစ်ဖို့ လိုပါတယ်။ ကျွမ်းကျင်အဆင့် ပညာရှင်တွေအနေနှင့်တော့ ဘယ်လောက်ဖျက်ဖျက် data တွေကို ပြန်လည်ရယူနိုင်တယ်ဆိုတာတော့ သတိချပ်စေချင်ပါတယ်။

ဖုန်းကို တစ်ညလုံးအားသွင်းခြင်းက Battery ကို ထိခိုက်စေနိုင်ခြင်း

လူတွေယနေ့အချိန်ထိ ယုံကြည်နေကြတဲ့ နည်းပညာဆိုင်ရာ ပုံပြင်များ 4

ယနေ့ smartphone အားလုံးနီးပါးက Battery ကို အားသွင်းတဲ့အခါ မထိခိုက်စေနိုင်အောင် smart feature ပါပြီးသား ဖြစ်ပါတယ်။ ဥပမာအားဖြင့် iPhone တွေမှာ battery 80% ကို အမြန်သွင်းပြီး ကျန်တဲ့ prcentage ကို လိုအပ်မှ ဖြည်းဖြည်းချင်းသွင်းယူနိုင်အောင် လုပ်ထားတဲ့ settings တွေ ပါဝင်ပါတယ်။ တစ်ညလုံးအားသွင်းကြိုးတပ်ထားပေမယ့် ဖုန်းကို တောက်လျှောက်အားမဝင်နေအောင် ဖြတ်တောက်နိုင်တဲ့ system တွေပါဝင်ပြီးသား ဖြစ်ပါတယ်။

ဖုန်းက Network Bars ပြည့်ရင် လိုင်းကောင်းသည်ဟု ယူဆခြင်း

လူတွေယနေ့အချိန်ထိ ယုံကြည်နေကြတဲ့ နည်းပညာဆိုင်ရာ ပုံပြင်များ 5

အမှန်တကယ်တမ်းမှာတော့ Network bars ပြည့်နေခြင်းက ဖုန်းလိုင်းဆက်သွယ်မှု အဝင်ကို ကောင်းနိုင်သည်ဟု တွက်ချက်ပေးတာမျိုးသာ ဖြစ်ပါတယ်။ ရာသီဥတု ဆိုးရွားတဲ့အခါ၊ frequency တွေများတဲ့နေရာမျိုးမှာ ဖုန်း network bars ပြည့်နေပေမယ့် သင့်အနေနှင့် အမှန်တကယ် ဖုန်းခေါ်ဆိုမှု လုပ်လို့မရတာမျိုးတွေ ဖြစ်ပါတယ်။ ဖုန်းပြောနေရင်း ပြတ်တောက်ပြတ်တောက် ဖြစ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

Exit mobile version