လူတွေကို ကိုယ်ပြောတဲ့စကား နားထောင်အောင် ဘယ်လိုပြောကြမလဲ

လုပ်ငန်းခွင်မှာ အလုပ် Productivity ပိုတက်အောင် လူတွေပြောကြတဲ့စကားကို နားထောင်ဖို့ အရေးကြီးသလို ကိုယ်ပြောတဲ့စကားကိုလည်း လူတွေနားထောင်အောင် ပြောတက်ဖို့ အရေးကြီးပါတယ်။ များသောအားဖြင့် လူအများစုက စကားပြောကြတဲ့အခါ နားထောင်ဖို့ထက် ကိုယ်ပြောမယ့်စကားအလှည့်ရောက်အောင် စောင့်နေတက်ကြပါတယ်။​ သင်ကိုယ်တိုင် နားထောင်တက်တဲ့လူကောင်းတစ်ယောက် မဖြစ်ခင် သင်စကားပြောပုံတွေကို ဒီနည်းလမ်းတွေနှင့် ပြောင်းလဲနိုင်ပါတယ်။

၁။ Framework အတိုင်း ကျင့်သုံးခြင်း

ပထမဦးဆုံး ကိုယ်ပြောမယ့်အကြောင်းအရာကို​ အတိုချုပ်ပြောတက်ဖို့ လိုပါတယ်။ အတိုချုပ်ပြောပြီးရင် Keypoint နှင့် လုပ်ရမယ့် Call to Action ကို တန်းပြောဖို့ပါပဲ။ ဒီသုံးချက်ကိုပဲ လူတိုင်းနှင့် အဓိကပြောတဲ့အခါ သင်ပြောတဲ့အကြောင်းအရာကို လူတွေ လိုလိုလားလား နားထောင်လာပါလိမ့်မယ်။

လူတွေကို ကိုယ်ပြောတဲ့စကား နားထောင်အောင် ဘယ်လိုပြောကြမလဲ 1

၂။ မှတ်စု စာရွက်လေးတွေ အသုံးပြုပါ

လူတော်တော်များများက သူတို့ပြောချင်တဲ့ keypoint ကို မရောက်ခင် ideas တွေကို ပြောနေတက်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ လူ့သဘာ၀ဖြစ်ပြီး စဉ်းစားမိတဲ့ ideas တွေက များလာတဲ့အခါ ကိုယ်ပြောချင်တဲ့အချက်ကို မေ့သွားတက်ပါတယ်။ ဒါကြောင့် မှတ်စု စာရွက်လေးနှင့် ရေးတဲ့ အလေ့အကျင့်ကို လုပ်ပေးပါ။ သင်က meeting ထဲမှာ ပြောရမယ့် အကြောင်းအရာကို ပြောတဲ့အခါမှာ စာအုပ်မှာ ရေးချထားတဲ့ အလေ့အကျင့်က အများကြီး ကူညီနိုင်ပါတယ်။ မှတ်စု ချရေးတဲ့အလေ့အကျင့်မရှိတဲ့အခါ သင်ပြောချင်တဲ့ keypoint ကို မရောက်ပဲ အခြားအကြောင်းအရာတွေကို အခြားလူတွေက နားထောင်နိုင်စွမ်းမရှိနိုင်ပါဘူး။

၃။ ထင်မြင်ချက်ကို လွယ်လွယ်နှင့် မပေးပါနှင့်

အခြားလူတွေက သင်အကြောင်းအရာတစ်ခုခုပြောလိုက်တဲ့အခါ သူတို့ထင်ထားတဲ့အကြောင်းအရာနှင့် တိုက်ဆိုင်ရင် ဒါက အလုပ်မဖြစ်နိုင်ဘူး၊ ဒါပေမယ့် စသဖြင့် ထင်မြင်ယူဆချက်တွေပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနှင့် ဒီလိုအတွေ့အကြုံမျိုးရှိလာခဲ့ရင်တောင် နောက်တစ်မျိုးဖြင့် စကားကို မေးမြန်းနိုင်ပါတယ်။ ဥပမာ “ဒီဟာနှင့် ပတ်သက်ပြီး စဉ်းစားကြရင်ကောင်းမယ်၊” စသဖြင့် စကားလုံးတွေကို သုံးနိုင်ပါတယ်။

Exit mobile version