လူငယ်စုံတွဲတွေကြားမှာ အိမ်အသုံးစရိတ်ကို ဘယ်လိုစီမံကြမလဲ

မြန်မာနိုင်ငံမှာတော့ မိသားစုနှင့်မနေပဲ အိမ်ခွဲနေကြတဲ့ လူငယ်စုံတွဲတွေက အခြားနိုင်ငံတွေထက်စာရင် နည်းပါးနိုင်ပါတယ်။ အခြားနိုင်ငံတွေမှာတော့ အသက် ၁၈နှစ်ကျော်သွားတာနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီးနေကြပါတယ်။ အိမ်ငှားနေပြီး ကိုယ့်အလုပ် (သို့) ကျောင်းကို ဆက်သွားကြပါတယ်။ ချစ်သူရည်းစားရလာတဲ့အခါမှာလည်း တူတူတစ်အိမ်တည်းမှာနေပြီး အလုပ်ဆက်လုပ်ကြပါတယ်။ ဒီလိုအချိန်မှာ နှစ်ယောက်စရိတ်ကို တစ်ယောက်တစ်ဝက်မျှခံတဲ့နည်းလမ်းက နှစ်ယောက်လုံးရဲ့ ဝင်ငွေကတူတယ်ဆိုရင်တော့ ပြသနာမရှိပါဘူး။ မတူခဲ့တဲ့အခါမှာတော့ တွက်ချက်တာလေးတွေ အနည်းငယ်လုပ်ဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ရေရှည်မှာ နှစ်ဖက်လုံးအငြင်းပွားစရာမရှိတော့ပဲ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနှင့် ပတ်သတ်ပြီး ငွေကြေးဆိုင်ရာပညာရှင်တွေရဲ့ သုံးသပ်ချက်ကို လေ့လာကြရအောင်။

Survey တွေအရ ၅၄% က တူတူမနေထိုင်ခင်မှာ အသုံးစရိတ်ကို ဘယ်လိုကျခံမလဲဆိုတာ တိုင်ပင်ဆွေးနွေးပြီးမှ တူတူနေဖို့ သဘောတူကြတာဖြစ်ပါတယ်။ ၃၉% က တစ်လစာအိမ်အတွက် ကုန်ကျစရိတ်တွေကို တူတူကျခံတာမျိုးမဟုတ်ပါဘူး။

လူငယ်စုံတွဲတွေကြားမှာ အိမ်အသုံးစရိတ်ကို ဘယ်လိုစီမံကြမလဲ 1

ကုန်ကျစရိတ်ကို တူတူကျခံဖို့ ဘယ်လိုတွက်ချက်ကြမလဲ

စုံတွဲတွေမှာ ယောကျ်ားနှင့်မိန်းမ (သို့) လိင်တူလည်း ဖြစ်နိုင်ပါတယ်။ ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် နှစ်ယောက်လုံးရဲ့ ဝင်ငွေကိုအရင် တွက်ချက်ရပါမယ်။ ဥပမာအားဖြင့် အိမ်အသုံးစရိတ် တစ်လစာ 20,000Baht ကျတယ်ဆိုပါစို့။ ယောကျာ်းဝင်ငွေက တစ်လကို 60,000Baht ရှိပြီး မိန်းမရဲ့ဝင်ငွေက 20,000Baht ရှိတယ်ဆိုပါစို့။ ဒီလိုအချိန်မှာ တစ်ယောက်တစ်သောင်းစီကျခံရင်​ မမျှတပါဘူး။ ဒါကြောင့် List အရင်လုပ်ဖို့လိုပါတယ်။ List တွေကတော့

ဒီအချက်တွေက မရှိမဖြစ် လစဉ် ကုန်ကျမယ့်အရာတွေ ဖြစ်နိုင်ပါတယ်။ ထို List တွေရဲ့ ကုန်ကျစရိတ်အားလုံးကို ပေါင်းပြီး Partner နှစ်ယောက် ကုန်ကျမယ့်အရာကို ညှိနှိုင်းရပါမယ်။ ဝင်ငွေကောင်းတဲ့လူကတော့ အချိုးများများ ထည့်ပြီး ကျန်တဲ့တစ်ယောက်ကတော့ သတ်မှတ်ထားတဲ့ Amount ကို ထည့်ရမှာဖြစ်ပါတယ်။ လစဉ်အချိုးကျလုပ်ထားတဲ့အခါမှာတော့ နှစ်ယောက်လုံးမှာ လိုတာထက် ပိုကုန်တဲ့ ငွေက နည်းသွားပြီး ငွေအပို စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ အရေးပေါ်လိုလာတဲ့အခါမှာလည်း အသုံးပြုနိုင်မှာဖြစ်ပြီး အငြင်းပွားမှု နည်းပါးသွားနိုင်ပါတယ်။

အသုံးစရိတ်အပြင် မည်သည့်ကိစ္စမဆို စုံတွဲတွေကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Psychotherapy ဆရာဝန် Dr.Carli Blau ပြောကြားတာကတော့ “ချစ်သူစုံတွဲဖြစ်လာတာက နှစ်ယောက်လုံးနဲ့ သက်ဆိုင်ပြီး လမ်းတစ်ခုကို တူတူလျှောက်ကြဖို့ ဖန်တီးတာဖြစ်တယ်” လို့ ဆိုပါတယ်။ ကောင်းတာ၊ ဆိုးတာတွေအားလုံးကို တစ်ယောက်တည်းအပေါ်အမြဲ အပြစ်တင်တာက လွဲမှားတဲ့ အယူအဆပဲ ဖြစ်ပါတယ်။

Exit mobile version