လုပ်ငန်းရှင်တွေအနေနဲ့​ Self-Promotion ဘယ်လိုလုပ်ကြမလဲ

လုပ်ငန်းအသေးဖြစ်စေ၊ အကြီးဖြစ်စေ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လူတွေနဲ့မိတ်ဆက်ပေါင်းသင်းဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကို Self-Promotion လုပ်တတ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်အခုပြောပြမယ့် Tips လေးတွေကို ကြည့်မယ်ဆိုရင်တော့ သင့်အတွက်အတွေးတစ်ခု ရပါလိမ့်မယ်။

၁။ တွေဝေနေဖို့ အချိန်မရှိပါဘူး

လူတွေနဲ့တွေ့တဲ့အခါမှာ သင့်အပြုအမူကို စိုးရိမ်ပြီးကြောက်ရွံ့နေတဲ့ပုံ ဖြစ်ရင်တော့ သင်ခြေတစ်လှမ်းနောက်ကျသွားနိုင်ပါတယ်။ သင်ပြောချင်တဲ့အကြောင်းအရာနှင့် သင့်စိတ်နေစိတ်ထားကို လူတွေသိအောင်ပြသပါ။ သင်က ဟန်ဆောင်ပေါင်းသင်းတတ်တဲ့လူမျိုး မဟုတ်ကြောင်း သင့်သဘောအတိုင်းပြပါ။ Introvert နှင့် Extrovert တွေကိုခေါင်းထဲ မထည့်ထားပဲ သင်လူတွေနဲ့ ရင်းနှီးစွာ စကားပြောကြည့်တဲ့အခါ သင့်အတွက် အခွင့်အလန်းတစ်ခုခု ရောက်ရှိလာနိုင်ပါတယ်။ ဓါတ်လှေကားမှာ သူဌေးကြီးတစ်ယောက်ယောက်နဲ့ အတူတူပိတ်မိတဲ့အခါ သင့်အနေနဲ့ဆို ဘာလုပ်မလဲဆိုတဲ့ ဆောင်းပါးတွေကို လူတော်တော်များများ ရေးကြပါတယ်။ ဒီလိုအချိန်မှာ သင့်အတွက် ကြီးမားတဲ့အခွင့်အလန်းက ရောက်ရှိလာတာနဲ့ တူတူပါပဲ။ သင့် Vision ကို လူအများစိတ်ဝင်စားအောင် ပြောဆိုတတ်ဖို့အရေးကြီးပါတယ်။ သင့် Vision နဲ့ လူတွေရဲ့ Vision က တူတယ်ဆိုရင်တော့ သင့်အတွက် အခွင့်အလန်းတွေ ပွင့်လာနိုင်ပါတယ်။​

၂။ Social Media ကို ထိရောက်စွာအသုံးချပါ

သင့်ရဲ့ Content တွေကို Premium ဆန်ဆန်နဲ့ လုပ်ငန်းနှင့်ပတ်သတ်တဲ့ အကြောင်းအရာဗဟုသုတတွေကို များများတင်ပေးပါ။ သင်တင်တဲ့ အကြောင်းအရာတွေက Positive ဖြစ်ဖို့လိုပါတယ်။ Negative အကြောင်းအရာတွေတင်တာများတဲ့အခါ သင့်ကိုလည်း လူအများက တစ်မျိူးထင်လာနိုင်ပါတယ်။

၃။ Networking is the Key

လုပ်ငန်းတွေအားလုံးထဲမှာ အောင်မြင်မှုတစ်ခုကို ရေရှည်ထိန်းထားနိုင်တဲ့ လုပ်ငန်းတွေကို ကြည့်ရင် သူတို့မှာကောင်းမွန်တဲ့ Network တွေရှိကြပါတယ်။ သင့်လုပ်ငန်းကို လူအများသိနိုင်ဖို့ တစ်ခုတည်းသောအဖြေက Network ပါပဲ။ သင့် Network ကြီးလာတာနှင့်အမျှ သင်က အောင်မြင်မှုလမ်းကြောင်းကို ရောက်လာပြီလို့ ယူဆနိုင်ပါတယ်။

၄။ Podcasts Channel တွေကိုလည်း မမေ့ထားသင့်ပါဘူး

လုပ်ငန်းရှင်တွေအနေနဲ့​ Self-Promotion ဘယ်လိုလုပ်ကြမလဲ 1

ဒီနေ့ခေတ်ရဲ့ အထိရောက်ဆုံး မားကတ်တင်းနည်းလမ်းထဲမှာ Podcasts Channel ကလည်း မပါမဖြစ် အရေးကြီးတဲ့ နည်းလမ်းတစ်ခုပါပဲ။ သင့် Network ထဲမှာ Podcasts Channel ကိုလုပ်နေတဲ့ သူငယ်ချင်းရှိရင် ဝင် Join ပါ။ မရှိရင်တော့ သင်ကိုယ်တိုင် စလုပ်ကြည့်ပါ။ ယနေ့ မြန်မာပြည်မှာလည်း နယ်ပယ်ပေါင်းစုံက လူငယ်တွေက Podcasts Channel တွေ စလုပ်လာတာကိုလည်း တွေ့ရပါတယ်။ Podcasts တွေမှာ ပြောပြတဲ့အကြောင်းအရာ တော်တော်များများက ကြည့်ရှုသူတွေအဖို့ အတွေးကောင်းတွေ ရစေနိုင်ပါတယ်။

၅။ Events ပွဲတွေနှင့် ထိတွေ့ပါ

Events ပွဲတွေလုပ်တာက သင်နှင့် သင့်ပရိတ်သတ်တွေကို နီးစပ်စေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ ကံစမ်းမဲနှင့် အခြားသော လူစိတ်ဝင်စားမယ့်အရာမျိုးတွေ ဖန်တီးပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ပါ။

Exit mobile version