လုပ်ငန်းတွေကို Smart ဖြစ်သွားအောင် လုပ်နိုင်တဲ့ AI Marketing (သို့) ပိုဆိုးသွားအောင် လုပ်နိုင်ခြင်း

Generative Marketing AI (“GenAI”) လို့ခေါ်ကြတဲ့ မားကတ်တင်း Tool ကို လုပ်ငန်းတော်တော်များများ အသုံးပြုလာကြပါတယ်။ GenAI တွေက အသုံးပြုရလွယ်ကူပြီး အထူးသဖြင့် Product အသစ်ကိုမိတ်ဆက်မယ့် Companies တွေအတွက် လိုအပ်သလိုပုံဖော်ရ လွယ်ကူတာကြောင့် အသုံးပြုကြသူများပါတယ်။​ TikTok, Facebook တွေပေါ်မှာ မြင်နေကျ AI နဲ့ပုံဖော်ထားတဲ့ Videos တွေက GenAI ကို ပုံဖော်ပြီး အသုံးပြုထားတာဖြစ်ပါတယ်။ အသုံးပြုတတ်ရင်တော့ သင့်လုပ်ငန်းက လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်သွားနိုင်ပြီး အသုံးပြုတဲ့ပုံစံ လွဲမှားသွားရင်တော့ သင့်လုပ်ငန်းကို လူတွေထင်မြင်တဲ့အမြင် တစ်မျိုးပြောင်းလဲသွားနိုင်ပါတယ်။

GenAI software တစ်ခုအသုံးပြုပြီး Video တွေကို Customize လုပ်စဉ်

GenAI ကို လွဲမှားစွာအသုံးပြုမိပုံ

တစ်ချို့လုပ်ငန်းတော်တော်များများက လူတွေရဲ့လုပ်အားကို လုံး၀မမှီခိုတော့ပဲ AI ကို အရမ်းအားထားပြီး အလုပ်တွေအားလုံးကို လုပ်ခိုင်းတဲ့အခါ ထွက်လာတဲ့ရလဒ်က လူသားဆန်မှု ပျောက်ဆုံးနေတာမျိုး တွေ့ရပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Youtuber နာမည်ကြီး Casey Neistat ရဲ့ AI ကို အသုံးပြုပြီး ရိုက်မယ့် Content ကို AI အတိုင်း ရိုက်လိုက်တဲ့အခါ ထွက်လာတဲ့ရလဒ်က လုံး၀ကို လူသားဆန်မှု ပျောက်နေတာကို တွေ့ရတာမျိုးပါ။

လူသားဆန်မှုဆိုတာကတော့ လူတွေဖန်တီးထားတဲ့အရာဖြစ်ပြီး လူသားအချင်းချင်း ခံစားလို့ရတဲ့ အရာရှိနေခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ GenAI က သင့်ကို ပုံစံကွဲတွေအများကြီး ထုတ်ပေးနိုင်တယ်ဆိုပေမယ့် အရာအားလုံးကို မှီခိုနေလို့မရပါဘူး။ အဖြေတွေထဲက သင့်လုပ်ငန်းနဲ့ပတ်သတ်တဲ့အရာကိုသာ အာရုံစိုက်ပြီး ရလဒ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

GenAI ကို ထိရောက်စွာ အသုံးချကြတဲ့ ဥပမာများ

နာမည်ကြီး Clothing Brand တစ်ခုဖြစ်တဲ့ Shein က သူတို့ရဲ့ AI Tool အသုံးပြုပုံကို အခုလိုရှင်းပြထားပါတယ်။ နောက်ထပ် ထွက်မယ့် Product အတွက် လက်ရှိ Fashion လောကမှာ Trend ဖြစ်နေတဲ့​ အကြောင်းအရာတွေကို GenAI အသုံးပြုပြီး မေးမြန်းပါတယ်။ GenAI ကဖြေပေးတဲ့အဖြေတွေက ကျယ်ပြန့်ပြီး အင်တာနက်တစ်ခွင်မှာ လူကြိုက်များတဲ့ အကြောင်းအရာတွေနဲ့ ရောစပ်ပြီး ဖြေပေးတာကြောင့် အချက်အလက်တော်တော်စုံပါတယ်။ ဒီအချက်အလက်တွေပေါ်မူတည်ပြီး Shein က တာဝန်ရှိသူတွေက အဖြေကို တွက်ချက် သုံးသပ်ပါတယ်။

GenAI Marketing Company တစ်ခုဖြစ်တဲ့ Rehab ကိုတွေ့ရစဉ်

CSP လိုအမည်ရတဲ့ Marketing Agency တစ်ခုကလည်း GenAI ကိုအသုံးမပြုခင် Clients တွေရဲ့ Missions ၊ Goals တွေကို အရင်လေ့လာသုံးသပ်ပါတယ်။ GenAI ကိုအသုံးပြုတဲ့ အခါမှာတော့ ထို Keywords တွေကို ထည့်သွင်းရေးသားပြီး အဖြေကို Generate လုပ်ပါတယ်။ ရလဒ်တွေက ထိရောက်ပြီး မျှော်လင့်ထားတာထက် ကောင်းတာကိုလည်း တွေ့ရှိရပါတယ်။ အခြားနည်းပညာ Companies တွေကလည်း GenAI ကို အသုံးပြုပြီး Results တွေကောင်း​အောင် ဖန်တီးကြပါတယ်။ Designers တွေကလည်း GenAI နှင့် လူတွေလုပ်ထားတဲ့ Designs တွေကို နှိုင်းယှဉ်ပေါင်းစပ်ပြီး ရလဒ်ကောင်းတွေကို ပုံဖော်ကြပါတယ်။

Company တွေမှာရှိတဲ့ ရာထူးကြီးပိုင်းတွေဆိုရင်တော့ အခုပြောပြမယ့် မေးခွန်းတွေကို အရင်မေးကြည့်ပါ။

လုပ်ငန်းတွေကို Smart ဖြစ်သွားအောင် လုပ်နိုင်တဲ့ AI Marketing (သို့) ပိုဆိုးသွားအောင် လုပ်နိုင်ခြင်း 1

Company တွေမှာရှိတဲ့ Strategy, Marketing, Consumer Insights နှင့် Tech ဌာနတွေမှာရှိတဲ့ ရာထူးကြီးပိုင်းတွေက GenAI ကိုအသုံးမပြုခင် ယခုဖော်ပြမယ့် မေးခွန်းတွေကို ကိုယ်တိုင်မေးကြည့်ပြီး သုံးသပ်ဖို့လိုပါတယ်။

၁။ GenAI ကို ပထမဦးဆုံးထည့်သွင်း မေးမြန်းမယ့် မေးခွန်းတွေအတွက် လုံလောက်တဲ့ Company အချက်အလက်တွေ အဆင်သင့်ရှိနေပြီလား။ Company ကလည်း ခွင့်ပြုတဲ့ အချက်အလက်တွေ ဖြစ်ဖို့လိုပါတယ်

၂။ GenAI က ပြောပြတဲ့အဖြေတွေက စျေးကွက်ထဲမှာ ထိရောက်တဲ့ရလဒ်တစ်ခုကို ပေးစွမ်းနိုင်မလား။ ကိုယ့်အဖွဲ့သားတွေကရော GenAI နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေပြီလား။ ရလဒ်အဖြေကို သုံးသပ်နိုင်စွမ်းရော ရှိနေပြီလား

၃။ GenAI ကို အသုံးပြုမယ့် ဝန်ထမ်းတွေက အသုံးပြုရတာ စိတ်ပါဝင်စားပြီး တစ်ကယ်နှစ်သက်လား

၄။ GenAI ကို အဖွဲ့တစ်ဖွဲ့လုံး အကြောင်းအရာတစ်ခုတည်းအတွက် အသုံးပြုမလား၊ တစ်ရောက်ချင်းစီ မတူညီတဲ့ Project အတွက် ပေးအသုံးပြုမလား

၅။ GenAI က အပြောမဟုတ်ပဲ အလုပ်နဲ့သက်သေပြနိုင်လား၊ ရေရှည်အတွက် အနာဂတ်မှာ ထိထိရောက်ရောက် အသုံးတည့်မလား

၆။ လုပ်ငန်းမှာ နည်းပညာနဲ့ပတ်သတ်ပြီး နှံ့စပ်တဲ့ ဝန်ထမ်းတွေရှိပါသလား၊ သူတို့က GenAI ကို အသုံးပြုပြီး Creative ပိုဖြစ်နိုင်လား၊ AI အဖြေနဲ့ ပေါင်းစပ်ပြီး ပိုကောင်းမွန်တဲ့ အဖြေတွေကို ထုတ်ပေးနိုင်လား

၇။ AI ကို လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေကိုပဲ ပေးအသုံးပြုပြီး Train မလား၊ အပြင်က နည်းပညာ ကျွမ်းကျင်တဲ့လူတွေကို ငှားပြီးအသုံးပြုမလား

အခုပြောပြတဲ့ မေးခွန်းတွေအတွက် ရာထူးကြီးပိုင်းမှာ အဖြေတွေရှိနေရင်တော့ GenAI ကို အသုံးပြုဖို့ တိုက်တွန်းပါတယ်။

Exit mobile version