လုပ်ငန်းတစ်ခုမှာ အဓိကနေရာကျတဲ့ လူများ

ဒီတစ်ခေါက်မှာတော့ Entrepreneur Magazine က ပြောပြတဲ့ လုပ်ငန်းတစ်ခုကောင်းကောင်းလည်ပတ်ဖို့ အဓိကကျတဲ့လူတွေရဲ့နေရာတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက် (သို့) လုပ်ငန်းတစ်ခုကို ဦးစီးနေရတဲ့ မန်နေဂျာရာထူးကလူတွေ အထူးသဖြင့် ဖတ်သင့်ပါတယ်။ လုပ်ငန်းတစ်ခုကို လှည့်ကြည့်စရာမလိုပဲ အလိုအလျောက် လည်ပတ်နေနိုင်အောင် ဒီလူတွေရှိမှ သင်လုပ်ဆောင်နိုင်မှာပါ။

၁။ အကြမ်းဆုံး စာရင်းကိုင်

လုပ်ငန်းတစ်ခုမှာ အဓိကနေရာကျတဲ့ လူများ 1

ဂဏန်းတွေနှင့်ပတ်သတ်ရင် မျက်စိလျင်ပြီး စေ့စပ်သေချာတဲ့ စာရင်းကိုင် တစ်ယောက်ရှိဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါ့အပြင် သင့်လုပ်ငန်းရဲ့အခြေအနေကို တင်ပြနေတက်တဲ့လူမျိုး ဖြစ်ရပါမယ်။ ရိုးသားဖြောင့်မတ်မှုရှိဖို့ကတော့ လုံး၀လိုအပ်ပါတယ်။​ ဒီလိုလူမျိုးရှိနေရင် တစ်လစာ ဝန်ထမ်းတွေကိုပေးမယ့် လစာအပါအဝင် အရှုံးအမြတ်ကိုလည်း သင်စိတ်ပူစရာမလိုတော့ပါဘူး။

၂။ လူယုံ

ကိုယ့်လုပ်ငန်းခွင်မှာ လူယုံရှိဖို့အရေးကြီးဆုံး ဖြစ်ပါတယ်။ လူယုံဆိုတာကတော့ အကြောင်းအရာသေးသေးလေးကအစ ယုံကြည်စိတ်ချရပြီး မျက်စိလွှဲယုံကြည်ရတဲ့ လူမျိုးဖြစ်ပါတယ်။ မိသားစုဝင်တစ်ယောက်လိုမျိုး ယုံကြည်ရပြီး လုပ်ငန်းခွင်ကို ဦးစီးနိုင်တဲ့ လူမျိုး လိုအပ်ပါတယ်။

၃။ ဘ၀ရဲ့ အကောင်းမွန်ဆုံးပါတနာ

လုပ်ငန်းတစ်ခုမှာ အဓိကနေရာကျတဲ့ လူများ 2

ပါတနာလို့ပြောတဲ့နေရာမှာ လုပ်ငန်းတူတူလုပ်တဲ့ ပါတနာအပြင် သင့်ဘ၀အတွက် အကောင်းမွန်ဆုံး ပါတနာကို ပြောတာဖြစ်ပါတယ်။ သင့်အိမ်သူ (သို့) ချစ်သူရည်းစားကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပါတနာရှိခြင်းက သင့်ကို စိတ်ခွန်အားတွေပေးစွမ်းနိုင်ပြီး အဆိုး၊အကောင်းကို မျှတူခံစားပေးနိုင်တာကြောင့် သင်အမြဲ အားရှိနေမှာ ဖြစ်ပါတယ်။

၄။ သင့်အမှားကို ထောက်ပြပေးမယ့်သူမျိုး

လုပ်ငန်းခွင်မှာ သူဌေးက အကြီးဆုံးဖြစ်ပေမယ့် သူဌေးမှားတဲ့အခါလည်း မကြောက်ပဲ ထောက်ပြပေးနိုင်မယ့်လူမျိုးက အရေးကြီးပါတယ်။ ဥပမာ ကိုယ့် Clients တွေကို E-mail ပို့တဲ့အခါမှာ မှားယွင်းပြီးရေးသားထားတာမျိုးမပို့ခင် အမှားကိုထောက်ပြပေးနိုင်တဲ့ အတွင်းရေးမှုးလိုမျိုး လိုအပ်ပါတယ်။

၅။ မြေတောင်မြှောက်ပေးရကျိုး နပ်မယ့်လူမျိုး

လုပ်ငန်းတစ်ခုမှာ အဓိကနေရာကျတဲ့ လူများ 3

သင့်လုပ်ငန်းအစတည်းက အခုချိန်ထိ သင့်အပေါ်သစ္စာရှိနေတဲ့လူမျိုးဆို ဂရုစိုက်ဖို့လိုပါတယ်။ ဝန်ထမ်းတော်တော်များများက​ သင်မြေတောင်မြှောက်ပေးပြီးတဲ့အခါ တစ်နေရာရာမှာ ပွင့်လန်းနေတက်ပါတယ်။ သင့်ဆီကထွက်ခွာပြီး ကိုယ်ပိုင်လုပ်ငန်းတည်ထောင်တာမျိုး (သို့) အခြားလုပ်ငန်းကြီးတွေမှာ ဝင်ရောက်လုပ်ကိုင်တာမျိုးတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအပြုအမူက လူသားတိုင်းလုပ်ကြပေမယ့် သင့်အပေါ် သစ္စာရှိရှိဆက်လက်လုပ်ကိုင်နေတဲ့လူမျိုးဆိုရင်တော့ သင်အလွယ်တကူလက်မလွှတ်သင့်ပါဘူး။

Exit mobile version