လုပ်ငန်းခွင် မှ Innovation ရဲ့ နည်းလမ်းများ

Innovation ဆိုတာက​ စားသုံးသူတွေရဲ့ အပြုအမူအပေါ်လွှမ်းမိုးပြီး ကိုယ့်ပစ္စည်းကို တီထွင်ဆန်းသစ်အောင် ဖန်တီးတာမျိုးကို ခေါ်တာဖြစ်ပါတယ်။ ဒီကမှတစ်ဆင့် ကိုယ့်ပစ္စည်းရောင်းအားရဲ့ အမြတ်က မြင့်တက်လာတာဖြစ်ပါတယ်။ Innovation မှာ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။ ပထမတစ်နည်းက​ စျေးကွက်ထဲမှာ မရှိသေးတဲ့အရာကို တီထွင်ခြင်းနှင့်​ လူတွေလိုအပ်တဲ့အရာကို အဖြေထုတ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Creativity ဆိုတာကတော့ အကြံဉာဏ်အသစ်တွေကို ယူဆောင်လာခြင်းပဲ ဖြစ်ပါတယ်။ အချို့ Ideas တွေက စျေးကွက်ထဲမှာ ကြော်ငြာလို့မဖြစ်နိုင်သလို အမြတ်ငွေရဖို့လည်း မသေချာတာကြောင့် Innovation နဲ့အဓိပ္ပါယ် ကွဲလွဲပါတယ်။ Innovation က စားသုံးသူတွေရဲ့ လိုအပ်ချက်ကို အခြေခံပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် တီထွင်ဆန်းသစ်သွားနိုင်တာကြောင့် ရေရှည်မှာ အကျိုးဖြစ်ထွန်းပါတယ်။

လုပ်ငန်းခွင် မှ Innovation ရဲ့ နည်းလမ်းများ 1

New-to-the-world Solutions

“New-to-the-world solutions” ဆိုတာက ရှိနေပြီးသားပစ္စည်းတစ်ခုကို အနည်းငယ်တီထွင်ဆန်းသစ်ပြီး ဖန်တီးလိုက်တာမျိုးမဟုတ်ပဲ ရှိနေပြီးသား အမျိုးအစားတစ်ခုထဲက နောက်ထပ်အမျိုးအစားအသစ်တစ်ခုကို ဖန်တီးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ စားသုံးသူတွေပြောတာကို နားထောင်တာမျိုးမဟုတ်ပဲ သူတို့ပြုမူတဲ့ အပြုအမူအပေါ် သုံးသပ်ပြီး နောက်ထပ်အမျိုးအစားအသစ်တစ်ခုကို ဖန်တီးတာဖြစ်ပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် Netflix က ၂၀၀၈ ခုနှစ်မှာ DVD, Blu-ray Disks တွေကို အိမ်မှာ အင်တာနက်ကတစ်ဆင့် ရုပ်ရှင်တွေကို ကြည့်နိုင်တဲ့ အမျိုးအစားကို ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ စားသုံးသူတွေရဲ့ အသံကိုနားမထောင်ပဲ သူတို့တစ်ကယ်လိုအပ်နေတဲ့အရာကို အပြုအမူကတစ်ဆင့် အင်တာနက်ကတစ်ဆင့် ရုပ်ရှင်တွေကို ကြည့်နိုင်တဲ့ အမျိုးအစားအသစ်တစ်ခုကို ဖန်တီးလိုက်နိုင်တာကြောင့် အောင်မြင်မှု ရှရှိခဲ့ပါတယ်။ အခုဆိုရင်တော့ အင်တာနက်ကိုအသုံးပြုပြီး တီထွင်ဆန်းသစ်လာတဲ့ အရာတွေက Applications နှင့် အခြားအရာများစွာ ရှိလာပါပြီ။

New-to-the-market Solutions

New-to-the-market solutions ဆိုတာက ရှိနေပြီးသားပစ္စည်းကို ဘယ်သူမှမသုံးသေးတဲ့ စျေးကွက်မှာ ရောင်းနိုင်အောင် မိတ်ဆက်လိုက်ခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းက ပြောင်းလဲမှု ကြီးကြီးမားမားမလိုပဲ စျေးကွက်ထဲမှာ လူတွေနှင့် ရင်းနှီးသွားအောင် မိတ်ဆက်နိုင်ဖို့ပဲ လိုပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် WD-40 ကို ၁၉၅၃ ခုနှစ်က တီထွင်ခဲံပြီး စစ်တပ်မှာသုံးတဲ့ အမြှောက်တွေကို သံချေးမတက်အောင်တီထွင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လူတိုင်းအတွက် အသုံးပြုနိုင်အောင် စျေးကွက်ထဲမှာ မိတ်ဆက်လိုက်တဲ့အခါမှာ ရောင်းအားအကောင်းဆုံး ပစ္စည်းဖြစ်လာခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ Product အသစ်တွေကို Innovation လုပ်ဖို့က အပြိုင်အဆိုင်တွေ ဖြစ်လာတဲ့ ခေတ်ဖြစ်လာပါတယ်။ ကိုယ့်ရဲ့ Ideas တွေကို အခြားပြိုင်ဖက်တွေမကူးယူသွားဖို့လည်း ဂရုစိုက်ဖို့လိုအပ်ပြီး မူပိုင်ခွင့်ကလည်း လုပ်ငန်းတစ်ခုလုံးအတွက် အရမ်းအရေးကြီးတဲ့ အသက်ဖြစ်လာပါတယ်။

Exit mobile version