လုပ်ငန်းခွင်မှာ လက်တွေ့အသုံးပြုနေတဲ့ Generative AI များ

၂၀၂၂ ခုနှစ်ထဲမှာ တိုးတက်လာတဲ့ GenAI တွေကို လုပ်ငန်းခွင်ထဲမှာ လက်တွေ့အသုံးပြုနေကြပါပြီ။ လက်ရှိ AI တွေက machine learning အပေါ်သာအခြေခံကြပေမယ့် GenAI တွေကတော့ ရုပ်ပုံ၊ စာသားတွေကို တွက်ထုတ်ပေးနိုင်ပြီး လူသားတစ်ယောက်နှင့် စကားပြောသလို ပြောဆိုနိုင်တာတွေကို တွေ့ရပါတယ်။ လက်ရှိ လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ GenAI အမျိုးအစားတွေကတော့

၁။ Advanced Chatbots

ဒီ Chatbots အမျိုးအစားတွေကတော့ customers တွေနှင့် တိုက်ရိုက်စကားပြောတဲ့အခါမျိုးတွေမှာ အသုံးပြုတာဖြစ်ပါတယ်။ ယာဉ်အငှားဝန်ဆောင်မှုပေးတဲ့ company တစ်ခုဖြစ်တဲ့​ Bolt နှင့် Deutsche Telekom company တွေကတော့ Advanced Chatbot တွေကို အသုံးပြုနေပြီ ဖြစ်ပါတယ်။

၂။ Digital Assistants

Microsoft နှင့် Google တို့လို နည်းပညာ companies ကြီးတွေကတော့ documents တွေကို ပြင်ဆင်ပေးတဲ့အခါ နှင့် သတင်းအချက်အလက်တွေကို စီမံခန့်ခွဲမှု လုပ်ပေးတာမျိုးမှာ အသုံးပြုပါတယ်။

၃။ Coding Assistants

ဒီGenAI အမျိုးအစား ကတော့ programmers တွေအသုံးပြုတဲ့ code အမျိုးအစားဖြစ်ပါတယ်။ အထူးသဖြင့် web development လုပ်တဲနေရာမှာ အရမ်းအသုံးဝင်တဲ့ GenAI အမျိုးအစား ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ လက်တွေ့အသုံးပြုနေတဲ့ Generative AI များ 1

၄။ Marketing Support

ဒီ GenAI အမျိုးအစားကတော့ marketing လုပ်တဲ့နေရာမှာ အသုံးပြုတာဖြစ်ပါတယ်။ Customers တွေရဲ့ Data တွေကို တွက်ချက်တဲ့နေရာမျိုး၊ Content တွေကိုဖန်တီးတဲ့နေရာမျိုးနှင့် Boost လုပ်တဲ့နေရာတွေမှာ အသုံးပြုတဲ့ GenAI အမျိုးအစားဖြစ်ပါတယ်။

၅။ Drug Discovery

ဆေးဝါးနှင့် ပတ်သက်တဲ့နေရာမှာ အသုံးပြုတဲ့ GenAI အမျိုးအစားဖြစ်ပါတယ်။ ဒီဆေးဝါးကြောင့် ရောဂါကို ပျောက်နိုင်မပျောက်နိုင် တွက်ချက်တဲ့နေရာမှာ ဒီ GenAI နှင့် တွက်ချက်ပါတယ်။ Nvidia လို company ရဲ့ အကူအညီယူပြီး တွက်ချက်တာမျိုးတွေ လုပ်ပါတယ်။

၆။ Cybersecurity and Fraud Detection

Cyber security နှင့် ပတ်သက်တဲ့ အရာတွေကို အလိုအလျောက် သိပြီး အသိပေးတဲ့ system တွေနေရာမှာ အသုံးပြုတဲ့ GenAI ဖြစ်ပါတယ်။

၇။ Business Process Augmentation

Finance နယ်ပယ်မှာ အသုံးပြုတဲ့ GenAI အမျိုးအစားဖြစ်ပြီး stock စျေးအတက်အကျတွက်ချက်တာမျိုးနှင့် အရောင်းအဝယ်ကိစ္စတွေကို ဆုံးဖြတ်ချက်ချတဲ့​ နေရာမျိုးမှာ အသုံးပြုတဲ့ GenAI အမျိုးအစားဖြစ်ပါတယ်။

လက်ရှိမှာ အပေါ်ကဖော်ပြခဲ့တဲ့ နေရာမျိုးတွေမှာ GenAI တွေကို အသုံးပြုနေကြပြီး အနာဂတ်မှာတော့ ဒီထက်ကျယ်ပြန့်တဲ့နေရာမျိုးတွေမှာ GenAI တွေကို မတူညီတဲ့ပုံစံမျိုးတွေနှင့်လည်း တွေ့မြင်ရနိုင်ပါတယ်။

Exit mobile version