ပွဲဦးထွက်မလှတဲ့ Rabbit R1

Rabbit R1 ကို သိပ်မကြာသေးခင်က မနှစ်ကကြေငြာခဲ့ပြီး ဒီနှစ်မှာတော့ လူတွေရဲ့လက်ထဲ ရောက်ရှိလာပါပြီ။ AI device အမျိုးအစားဖြစ်ပြီး သင်မေးလိုက်တဲ့ မေးခွန်းတိုင်းကို ဖြေကြားနိုင်ပါတယ်။ အခြား AI တွေလိုမျိုး အသုံးပြုရတာလွယ်ကူပြီး သူ့မှာ body တစ်ခုပါဝင်သွားတာပဲ ဖြစ်ပါတယ်။​ ChatGPT, Gemini တို့ကိုအသုံးပြုဖို့အတွက်ကတော့ smartphone (သို့) computer တစ်လုံးလိုအပ်ပြီး သင်မေးလိုက်တဲ့ မေးခွန်းတွေကို ဖြေကြားနိုင်ပါတယ်။

Rabbit R1 က ဒေါ်လာ ၂၀၀ နဲ့ရောင်းချပြီး သူ့မှာ ဖုန်းတွေလိုအသုံးပြုနိုင်အောင် sim card slot တစ်ခုပါဝင်ပါတယ်။ Wifi နှင့် bluetooth တို့ကို ချိတ်ဆက်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ Camera နှင့် speaker လည်းပါဝင်ပြီး သာမန်ဖုန်းတစ်လုံးနဲ့ကွဲပြားတာကတော့ ဖုန်းပြောလို့မရတာပဲ ဖြစ်ပါတယ်။ အရွယ်အစားအနေနှင့်လည်း သေးငယ်ပြီး မျက်နှာပြင်အသေးလေးတစ်ခုပါဝင်ပါတယ်။ မထွက်လာခင်က လူအများရဲ့ စိတ်ဝင်စားမှု ရရှိပြီး ထွက်ရှိလာတဲ့အခါမှာတော့ သာမန် smartphone တစ်လုံးထက်တောင် မလုပ်ဆောင်နိုင်တာတွေကြောင့် လူတွေကြားမှာ နာမည်ဆိုးထွက်ရှိနေပါတယ်။ ကင်မရာကို အသုံးပြုပြီး မေးတဲ့မေးခွန်းတွေမှာလည်း အဖြေတွေက မှားယွင်းနေတာကို တွေ့ရှိရပါတယ်။ ဘက်ထရီကလည်း သေးလွန်းတာကြောင့် ဘာမှမလုပ်ပဲ ကုန်တာမြန်နေပါတယ်။

Rabbit R1 ကို Android Phone ပေါ်တွင် စမ်းသပ်ပြစဉ်

အဆိုးဆုံးအချက်က Developer တစ်ယောက်က Rabbit R1 ကို android phone ပေါ်မှာ run ပြပြီး အသုံးပြုပြတာဖြစ်ပါတယ်။ OS ကလည်း Android အပေါ်အခြေခံထားတယ်လို့ developers တွေက​ သက်သေပြခဲ့ပါတယ်။ အနာဂတ်အတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ device က လက်ရှိ smartphone တစ်လုံးလောက်တောင် မစွမ်းဆောင်နိုင်နေတာကြောင့် လူတွေအတော် စိတ်ပျက်နေကြပါတယ်။ အလားတူ Humane Pin AI device လည်း subscription fees နှင့်အတူ ဒေါ်လာ ၇၀၀ ကျော်ရောင်းချလျက်ရှိပါတယ်။ Humane က ကိုယ်ပေါ်မှာ ဝတ်ဆင်နိုင်ပြီး အသုံးပြုနိုင်ပါတယ်။ Function နှင့် လုပ်ဆောင်ချက်တွေအားလုံးက တူပေမယ့် လူစိတ်ဝင်စားမှု အနည်းငယ်ရှိနေပါသေးတယ်။

​MKBHD ရဲ့ review
Exit mobile version