နှစ်ပေါင်းရာကျော်ရှိတဲ့ ဂျပန်နိုင်ငံက လုပ်ငန်းများရဲ့ အောင်မြင်မှုသော့ချက်များ

ဂျပန်နိုင်ငံက ကမ္ဘာမှာယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံဖြစ်ပြီး အသက်ရှည်တဲ့လူတွေအများဆုံးနေထိုင်ကြတဲ့ နိုင်ငံလို့လည်းသိကြပါတယ်။ ဒါ့အပြင် နှစ်ပေါင်းရာကျော်ရှိပြီဖြစ်တဲ့ ဟိုတယ်လုပ်ငန်းများ၊ ဂျပန်အရက်ချက်လုပ်ငန်းများ၊ အစားအသောက်ထဲမှာထည့်တဲ့ suace လုပ်ငန်းတွေလည်း ဒီနေ့ထိတိုင်အောင် လည်ပတ်နေကြပါတယ်။

နှစ်ပေါင်းရာကျော်ရှိတဲ့ ဂျပန်နိုင်ငံက လုပ်ငန်းများရဲ့ အောင်မြင်မှုသော့ချက်များ 1

ဂျပန်နိုင်ငံက Hoshi အမည်ရှိတဲ့ဟိုတယ်ရဲ့ သက်တမ်းက နှစ်ပေါင်း ၁၃၀၀ကျော် ရှိပါပြီ။ အခုဆိုရင်တော့ မျိုးဆက်ပေါင်း ၄၆ဆက်မြောက်ဖြစ်တဲ့ Zengoro Hoshi က လုပ်ငန်းကိုဦးစီးနေတာဖြစ်ပါတယ်။ Zengoro Hoshi ရဲ့ပြောကြားချက်အရ ဟိုတယ်သက်တမ်းတစ်လျှောက်မှာ ရာထူးကြီးဗိုလ်ချုပ်တွေနဲ့ သူရဲကောင်းတွေတည်းခို အနားယူခဲ့ကြောင်း​ ပြောပြခဲ့ပါတယ်။ ဟိုတယ်ရဲ့ အငွေ့အသက်က ငြိမ်းချမ်းပြီးအနားယူလို့ကောင်းတဲ့ ဟိုတယ်ပုံစံမျိုးကို ဒီနေ့အချိန်ထိ မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်နေပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နှစ်ပေါင်းရာကျော်ရှိတဲ့ ဂျပန်နိုင်ငံက လုပ်ငန်းများရဲ့ အောင်မြင်မှုသော့ချက်များ 2

ဂျပန်နိုင်ငံ စီးပွားရေးတက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်တဲ့ Toshio Goto က ဂျပန်နိုင်ငံက လုပ်ငန်းတွေအကြောင်းကို အခုလို ရှင်းပြခဲ့ါတယ်။ (သက်တမ်းကြာပြီဖြစ်တဲ့ဆိုင် = Shinise) တွေကို ဂျပန်လူမျိုးတွေက လေးစားပြီးဝယ်ယူအားပေးကြပါတယ်။ ဒါက သက်တမ်းကြာပြီဖြစ်တာကြောင့် လူတွေက ဝယ်ယူအားပေးကြတာမျိုးမဟုတ်ပဲ ဆိုင်ဖွင့်တည်းက အစဉ်တစ်ဆက် အကောင်းဆုံးဝန်ဆောင်မှုတွေပေးခဲ့တာကြောင့်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ သက်တမ်းအကြာဆုံးရှိပြီဖြစ်တဲ့ ဆန်အရက်လုပ်ငန်း Sudo Honke လုပ်ငန်းကိုတော့မျိုးဆက် ၅၅ဆက်မြောက်ရှိပြီဖြစ်တဲ့ Gen-uemon sudo က ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်။ သူ့ရဲ့ပြောကြားချက်အရ သမိုင်းတစ်လျှောက်မှာ အပင်တွေကို ခုတ်ခဲ့တာမျိုး မလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်အောင်လုပ်ပြီး ပိုက်ဆံရှာတာမျိုးကို​ လုံး၀မလုပ်ခဲ့တာကြောင့်လည်း အခုချိန်ထိ ရပ်တည်နေနိုင်တယ်လို့လည်း ဖြေကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ သက်တမ်းရာကျော်ရှိ လက်မှုပညာလုပ်ငန်းတွေဖြစ်တဲ့ အထည်ရက်လုပ်ငန်းတွေနဲ့ လူ့အသုံးအဆောင်လုပ်ငန်းတွေကလည်း ယနေ့ချိန်ထိ စျေးကွက်ထဲမှာနေရာတစ်ခု ရပ်တည်နေနိုင်ပါတယ်။ ခေတ်ပြောင်းလဲတိုးတက်လာပေမယ့်​ လက်မှုပညာလုပ်ငန်းတွေကတော့ ဖောက်သည်တွေရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ယနေ့တိုင်ရပ်တည်နေဆဲပါပဲ။

Exit mobile version