နောက်လက စပြီး Apple မှ Vision Pro ထုတ်လုပ်မှုကို ရပ်နားသွားမည်

Apple Vision Pro ကို စတင်မိတ်ဆက်ခဲ့တုန်းက လူကြိုက်များပြီး ထွက်ရှိလာခဲ့ပေမယ့် လက်တွေ့မှာတော့ ၀ယ်ယူသုံးစွဲတဲ့လူ အရေအတွက်က ထင်သလောက် မရှိလာခဲ့ပါဘူး။ Apple CEO, Tim Cook က ဒေါ်လာ ၃၅၀၀ တန်ကြေးရှိတဲ့ headset က လူတိုင်းအတွက် ၀ယ်ယူဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ အနာဂတ်နည်းပညာကို လက်လှမ်းမီချင်တဲ့ လူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာလို့လည်း ပြောကြာခဲ့ပါတယ်။ ဒုတိယနှစ်မှာ Vision Pro ရဲ့ ရောင်းအားက ပထမနှစ်ထက် တိုးတက်မလာတာကိုလည်း တွေ့ရပါတယ်။ ကြားသိတဲ့သတင်းတွေအရ Apple က စျေးသက်သာတဲ့ headset ကို ထုတ်နေတယ်လို့လည်း သိရပါတယ်။ Apple Suppliers တွေကလည်း headset ပေါင်း ၅သိန်းနှင့် ၆သိန်းကြားကို ထုတ်လုပ်ဖို့ စောင့်ဆိုင်းနေတယ်လို့လည်း သိရပါတယ်။

နောက်လက စပြီး Apple မှ Vision Pro ထုတ်လုပ်မှုကို ရပ်နားသွားမည် 1

Apple ရဲ့ supplier တစ်ခုဖြစ်တဲ့ Luxshare က တစ်ရက်ကို Vision Pro အခုရေ (၁၀၀၀) ထုတ်လုပ်ပေးရမယ့်နေရာမှာ ယခု ထုတ်လုပ်မှု ပမာဏကို လျှော့ချနေတယ်လို့လည်း သိရပါတယ်။ Apple ရဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ Meta ကတော့ သူ့ရဲ့ Meta Quest headset တွေကို စျေးသက်သက်သာသာနှင့် ရောင်းချနေတာဖြစ်ပါတယ်။ စစ်တမ်းတွေအရတော့ Meta Headset ကို ၀ယ်ယူတဲ့ ဦးရေက ၃ သန်းကျော်ထိ ရှိတယ်လို့လည်း သိရပါတယ်။ Vision Pro Headset နှင့် ပတ်သက်ပြီး Tim Cook က အခုလို ပြောကြားခဲ့ပါတယ်။ “Vision Pro ကို ပထမဦးဆုံးအနေနှင့် ထုတ်လုပ်ချင်တာ မဖြစ်ချင်ပါဘူး။ အသေးစိတ်အစ ဂရုစိုက်ရပြီး ထုတ်လုပ်တဲ့နေရာမှာ တော်တော်လေး သတိထားရတာများပါတယ်။ ပထမဦးဆုံး Headset ထုတ်လုပ်သူထက် လူတွေအတွက် တစ်ကယ်အသုံးတည့်ပြီး အဆင်ပြေတဲ့အရာမျိုးကိုပဲ ထုတ်လုပ်ချင်ပါတယ်။ အကယ်၍ နှစ်မျိုးလုံးကို တစ်ပြိုင်တည်းလုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။”

နောက်ဆုံးသိရတဲ့ သတင်းအရတော့ Apple က နောက်နှစ်ထဲမှာ စျေးသက်သာတဲ့ headset ကို ထုတ်လာနိုင်ပြီး လူကြိုက်များတဲ့ product တစ်ခုဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version