နောက်နှစ်ထဲမှာ Humanoid robots တွေကို Tesla မှာ အသုံးပြုသွားမယ်လို့ ပြောလာတဲ့ Elon Musk

နောက်နှစ်ထဲမှာစပြီး Tesla ရဲ့ Humanoid robots တွေကို Tesla cars တွေထုတ်လုပ်တဲ့နေရာမှာ အသုံးပြုသွားမယ်လို့ Elon Musk ကိုယ်တိုင်ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာတော့ Humanoid robots တွေကို လူတွေရဲ့လက်ထဲ ရောင်းချပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ လျှပ်စစ်ကားရဲ့ စျေးကွက်က ယခုချိန်မှာကျယ်ပြန့်လာပြီး ​Tesla cars တွေကို လိုချင်တဲ့ ​အရေအတွက်က သိသိသာသာကျဆင်းလာပါတယ်။ Tesla ရောင်းအားနှုန်းကလည်း ယခင်နှစ်တွေထက်ကို ထိုးကျလာပြီး ကားအများအပြားလည်း စက်ရုံမှာ ကျန်ရှိနေပါတယ်။ ဒါကြောင့် Elon Musk က Tesla ကားတွေကို ထုတ်လုပ်ခြင်းထက် AI နှင့် အခြားနယ်ပယ်တွေမှာ ပိုအာရုံစိုက်လာတာကို တွေ့ရပါတယ်။ စက်ရုပ်တွေကိုတော့ Elon က Optimus လို့အမည်ပေးထားပြီး ဒီနှစ်ကုန်ထဲမှာ အသုံးပြုဖို့ အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။

နောက်နှစ်ထဲမှာ Humanoid robots တွေကို Tesla မှာ အသုံးပြုသွားမယ်လို့ ပြောလာတဲ့ Elon Musk 1

Humanoid robots တွေကို ​Tesla စက်ရုံအတွက်သာမက အခြားစက်ရုံတွေအတွက်ပါ အသုံးပြုအောင် ထုတ်လုပ်သွားမည်လို့လည်း သိရပါတယ်။ Tesla ကဲ့သို့ Honda နှင့် Boston Dynamics ကလည်း ကိုယ်ပိုင်စက်ရုပ်တွေ ထုတ်လုပ်နေကြပါတယ်။ စက်ရုပ်တွေကို အဓိကထုတ်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ သာမန်လူတွေလုပ်နေကြ အလုပ်တွေကို စက်ရုပ်နှင့် အစားထိုးဖို့ပဲ ဖြစ်ပါတယ်။ ထို့အပြင် လူသားတွေအတွက် မလုံခြုံတဲ့အလုပ်မျိုးတွေကို စက်ရုပ်နှင့် အစားထိုးဖို့ပဲ ဖြစ်ပါတယ်။ Humanoid robot တစ်ခု ထုတ်လုပ်တဲ့ကုန်ကျစရိတ်ကိုလည်း $20,000 ထက် မများအောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ Elon Musk က သူ့ရဲ့ ရည်ရွယ်ချက်တွေကို အချိန်နှင့်ချပြပြီး တစ်ကယ့်လက်တွေ့မှာတော့ အမြဲနှောင့်နှေးတာမျိုးကို တွေ့ရပါတယ်။ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံတွေမှာမြင်တွေ့နေရတဲ့ Robo Taxi ကိုလည်း Tesla အနေနှင့် မြင်တွေ့ခဲ့ရမယ်လို့ ပြောကြားခဲ့ပေမယ့် ယနေ့အချိန်ထိ နှောင့်နှေးနေတာကို​ တွေ့ရပါတယ်။ Elon Musk ရဲ့ ပြောကြားချက်အရ သက်ဆိုင်ရာတွေဆီက ခွင့်ပြုချက်တွေ မရရှိသေးတာကြောင့် robo-taxi က ကြန့်ကြာနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Exit mobile version