ဒေါ်လာတစ်သောင်း သက်သာပြီး ခရီးတိုသွားနိုင်တဲ့ Model X နှင့် Model S ကို မိတ်ဆက်လိုက်တဲ့ Tesla

EV cars တွေအပြိုင်အဆိုင်ထုတ်ပြီး စျေးသက်သာတဲ့ကားတွေကို ထုတ်နေတဲ့ စျေးကွက်ထဲမှာ Tesla ကလည်း ဒေါ်လာတစ်သောင်းသက်သာပြီး ခရီးသွားနိုင်တဲ့အကွာအဝေးကိုလျှော့ထားတဲ့ Model X နှင့် Model S ကိုမိတ်ဆက်လိုက်ပါတယ်။ Telsa website အရ ယခုမိတ်ဆက်လိုက်တဲ့ model တွေက ဒေါ်လာတစ်သောင်းတိတိ သက်သာတာကို ဖော်ပြထားပါတယ်။

Tesla Model X ကိုတွေ့ရစဉ်

ပုံမှန် Model X ရဲ့ standard range က ၃၃၀မိုင်နဲ့ ၃၄၈မိုင်ကြား မောင်းနှင်နိုင်ပါတယ်။​ စျေးနှုန်းအနေနဲ့က $98,490 ရှိပါတယ်။ ယခုမိတ်ဆက်ထားတဲ့ Model X က $88,490 ရှိပြီး မိုင်ပေါင်းအနေနဲ့ ၂၅၅မိုင် နဲ့ ၂၆၉မိုင်ကြား မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ရွေးချယ်နိုင်ပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Tesla Model S ကိုတွေ့ရစဉ်

Model S ရဲ့စျေးနှုန်းကတော့ $88,490 ရှိပြီး မိုင်ပေါင်းအနေနဲ့ ၃၇၅မိုင် နှင့် ၄၀၅မိုင်ကြား မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ယခုမိတ်ဆက်လိုက်တဲ့ Model S version က $78,490 သာ ကျသင့်မှာဖြစ်ပြီး မိုင်ပေါင်းအနေနှင့် အများဆုံး ၃၂၀မိုင်သာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

Tesla ရဲ့ EV car market share က ဟိုးအရင်နှစ်တွေထက်စာရင် စျေးကွက်ကိုဖဲ့ပေးနေရတာမျိုး ရင်ဆိုင်နေရပါတယ်။ အဓိကအကြောင်းရင်းကတော့ တရုတ်နိုင်ငံနှင့် အခြားလျှပ်စစ်ကား companies များက တန်ဖိုးနည်းသက်သာတဲ့ လျှပ်စစ်ကား​တွေ ထုတ်လာလို့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း တရုတ်ပြည်မှာရောင်းချနေတဲ့ Tesla model Y နှင့် Model 3 cars တွေကို စျေးချရောင်းချခဲ့ပါတယ်။

နောက်နှစ်ထဲမှာ ထွက်လာမယ့် tesla cybertruck

Model S နှင့် X က tesla ရဲ့ နှစ်အကြာဆုံးကားမော်ဒယ်တွေဖြစ်ပြီး အခုလို စျေးချပေးလိုက်ခြင်းက နောက်နှစ်မှာ ထွက်လာမယ့် cybertruck အတွက် အထောက်အကူဖြစ်မယ်လို့ tesla ပရိတ်သတ်တွေက သုံးသပ်နေကြပါတယ်။

Exit mobile version