ဒီနှစ်ထဲမှာ ထွက်ရှိလာဖို့ သေချာပြီဖြစ်သွားတဲ့ Sony XR Headset

ဒီသတင်းထွက်ရှိလာတာကြာပြီဖြစ်ပေမယ့် ယခုအခါမှာတော့ Sony အနေနှင့် XR Headset ထွက်ရှိလာဖို့ အတည်ပြုသွားပြီဖြစ်ပါတယ်။ အရင်နှစ်ထဲက ထွက်ရှိလာတဲ့ Headset လိုမျိုး detail အတိအကျတော့ မသိရသေးပါဘူး။ CES 2024 မှာတော့ Sony က XR Head mounted display နှင့် 4K OLED microdisplay ပါတာပြသသွားခဲ့ပါတယ်။ 3D objects လိုမျိုးတွေကို ကိုင်တွယ်အသုံးပြုလို့ရတဲ့ feature မျိုးတွေ ပါဝင်ပါတယ်။ Device အသစ် ကိုတော့ Snapdragon XR2 + Gen 2 Platform အပေါ်အခြေခံထားပြီး 4K OLED microdisplay နှင့် space tracking features တွေလည်းပါဝင်တယ်လို့သိရပါတယ်။ Sony အနေနှင့် အသုံးပြုသူတွေ စိတ်ကြိုက်တွေ့​နိုင်မယ့်ပုံစံမျိုးဖန်တီးထားတယ်လို့လည်း ဆိုပါတယ်။ လူတွေရဲ့ ပြုမူပုံ မျက်နှာအနေအထားနှင့် ကျယ်ပြန့်တဲ့ microdisplay ကြောင့် လက်တွေ့နှင့် အနီးစပ်ဆုံးတူတယ်လို့လည်း ပြောကြားထားပါတယ်။ အသုံးပြုနေစဉ်အတွင်းမှာ users တွေက ring controller ကိုအသုံးပြုပြီး virtual objects တွေကို ထိန်းချုပ်နိုင်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ Pointing Controller တွေက တိကျတဲ့နေရာတွေကို ညွှန်ပြတာမျိုး၊ virtual space နေရာတွေကို တိကျစွာဖန်တိးပေးနိုင်တာမျိုးနှင့် ပိုမိုသစ်ဆန်းတဲ့ ​button တွေလည်း ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။

Screenshot

3D object တွေကိုဖန်တီးဖို့အတွက် creators တွေက​ controllers တွေနှင့် mouse ကိုအသုံးပြုနိုင်ပြီး တစ်ချိန်တည်းမှာပဲ head-mounted display ကို ဝတ်ဆင်ထားလို့ရပါတယ်။ မတူညီတဲ့ အတွေ့အကြုံတွေနှင့် VR experience တွေကို ကောင်းကောင်းပေးသွားမယ်လို့လည်း သိရပါတယ်။

Exit mobile version