ဒီနေ့ ခေတ်မှာသာ Microsoft ကို အစက ပြန်စခဲ့ရမယ်ဆိုရင် ဆိုပြီးပြောပြလာတဲ့ Bill Gates

Bill Gates က သူ့အနေနဲ့ Microsoft ကိုအစက ပြန်စခဲ့ရမယ်ဆိုရင် AI company အသစ်အနေနဲ့ ပြန်စမယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီနေ့ခတ်မှာ AI company အသစ်တည်ထောင်ဖို့အတွက် investors တွေက ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြပါတယ်။ AI company စ တည်ထောင်တဲ့အခါ ပထမဦးဆုံး ဘယ် industry အတွက်လဲဆိုတာမျိုးကို ရွေးချယ်ပြီး စ လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ Company အသေးအနေနဲ့ကတော့ သူများနဲ့မတူပဲ ထူးခြားတဲ့ ပုံစံမျိုးလုပ်ဖို့ လိုအပ်မယ်လို့လည်း ဖြေကြားခဲ့ပါတယ်။ အခုချိန်မှ AI company ကို စတည်ထောင်ရင်တော့ အခြား companies တွေရဲ့အပေါ်ကို ရောက်ဖို့တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကိုယ့် company က ဘယ်အတွက်ကိုဦးတည်လဲဆိုတာတော့ သိဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒီနေ့ ခေတ်မှာသာ Microsoft ကို အစက ပြန်စခဲ့ရမယ်ဆိုရင် ဆိုပြီးပြောပြလာတဲ့ Bill Gates 1

Gates က သူသာ အသက်၂၀ လောက်ယခုအချိန်ဖြစ်နေမယ်ဆိုရင် companies တော်တော်များများ AI ကိုချဥ်းကပ်တဲ့ပုံ မှားနေတာကို ထောက်ပြမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို အကြံပေးရမယ်ဆိုရင်တော့ ရိုးရှင်းပါတယ်။ AI က နေ့စဥ်ဘဝကို ဘယ်လိုအထောက်အကူပြုမလဲဆိုတာ အရင်စဥ်းစားသင့်ပါတယ်။ ဥပမာ ဆရာဝန်တစ်ယောက်အနေနဲ့ Paperwork အလုပ်တွေကို လျှော့ချနိုင်မယ်ဆိုရင် လူနာကို အကြံပေးတဲ့အချိန် ပိုသွားနိုင်ပါတယ်။ နည်းပညာနှင့် ပတ်သက်တဲ့လူငယ်တွေကို အကြံပေးနေကြစကားက သူ့အချိန်တုန်းက ကွန်ပျူတာတွေကိုတောင် လူတွေက အသုံးပြုရကောင်းမှန်းမသိသေးတဲ့အချိန်ကြောင့် ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

Exit mobile version