တရုတ်နိုင်ငံရဲ့ နည်းပညာ company ကြီးများ Silicon Valley သို့ ခြေဆန့်

တရုတ်နိုင်ငံရဲ့ နည်းပညာ company ကြီးတွေဖြစ်တဲ့ Alibaba, ByteDance, Meituan တို့က သူတို့ရဲ့ AI team ကို Silicon Valley အထိခြေဆန့်နေပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အရင်တည်းက ကာလီဖိုးနီးယားပြည်နယ်ထဲမှာ ရုံးခွဲတွေရှိပြီး ယခုအခါမှာတော့ တရား၀င် Silicon Valley မှာ ရုံးတွေအခြေစိုက်တော့မယ်လို့ သတင်းတွေထွက်ရှိလာပါတယ်။ Alibaba က သူ့ရဲ့ company အတွက် engineers တွေကိုခေါ်ယူနေတယ်လို့လည်း သိရပါတယ်။ Meituan company ကတော့ သူ့ရဲ့ Team ကို AI powered ဘာသာပြန်တဲ့နေရာမှာ အသုံးပြုဖို့အတွက် ပညာရှင်တွေ ခေါ်ယူနေပါတယ်။ Bytedance ကတော့ TikTok အတွက် ကောင်းမွန်တဲ့ AI တွေ develop ဖြစ်လာဖို့ကြိုးပမ်းနေပါတယ်။ ဒီအရာတွေအားလုံးကတော့ အမေရိကန်ရဲ့ မြေမှာ ယခုဖြစ်နေပါပြီ။

တရုတ်နိုင်ငံရဲ့ Chipset companies တွေကို အမေရိကန်က အခွန်တွေအများကြီးတိုးကောက်နေပေမယ့်လည်း ယခု တရုတ်နည်းပညာ companies ကြီးတွေကတော့ အမေရိကန်ဘက်ကို ခြေဆန့်လာတာဖြစ်ပါတယ်။ အမေရိကန်မှာ အခြေစိုက်တဲ့ တရုတ်နည်းပညာ companies တွေကိုတော့ အမေရိကန်အစိုးရဖက်က တားမြစ်တာမျိုးတော့ မတွေ့ရပါဘူး။ စီးပွားရေး၀န်ကြီးဌာနဖက်ကတော့ AI models တွေကိုအသုံးပြုရာမှာ Verify လုပ်ဖို့အတွက် စည်းမျဥ်းတစ်ခု ချမှတ်ထားခဲ့ပါတယ်။ Donald Trump သမ္မတပြန်ဖြစ်တဲ့အချိန်မှာတော့ အရင်တုန်းက တင်းကျပ်ခဲ့တဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး စစ်ပွဲက ဆက်ဖြစ်လာနိုင်လားဆိုတာကိုတော့ မည်သူမှ မပြောနိုင်သေးပါဘူး။ တရုတ်ပြည်သူ့သမ္မတ Xi Jinping ဖက်ကတော့ အမေရိကန်နှင့် စီးပွားရေးတွေအများကြီးလုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဖွင့်ပြောလာပါတယ်။

Exit mobile version