တရုတ်နိုင်ငံမှ Fashion Brand တစ်ခုဖြစ်တဲ့ Shein ကိုလေ့လာခြင်း

Shein (ရှင်း) အဝတ်အထည်တွေကို နိုင်ငံအနှံ့မှာ တော်တော်တွေ့ဖူးကြပါတယ်။ အထူးသဖြင့် အွန်လိုင်းရှော့ပင်းက စျေးဝယ်သူတွေ (သို့) စျေးရောင်းတဲ့လူတွေက ဒီနာမည်ကို သိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တော်တော်များများ Shein က တစ်ဆင့် ဝယ်ယူသုံးစွဲကြတာတွေကို မြင်တွေ့ရပါတယ်။ အကြောင်းရင်းကတော့ Shein က အရည်အသွေးကောင်းပြီး အခြား fashion brand တွေထက် စျေးအဆမတန် သက်သာတာကြောင့် ဖြစ်ပါတယ်။ စျေးသက်သက်သာသာနှင့် ကမ္ဘာအနှံ့ ပစ္စည်းတွေ ပို့နိုင်အောင်လုပ်ထားတဲ့ လျှို့ဝှက်ချက်ကတော့ အခုဖော်ပြမယ့် အကြောင်းတွေကြောင့်ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ Fashion Brand တစ်ခုဖြစ်တဲ့ Shein ကိုလေ့လာခြင်း 1

စာဖတ်သူတို့ရဲ့ ဖုန်း (သို့) ကွန်ပျူတာပေါ်မှာ Shein app (သို့) website က တစ်ဆင့် ပစ္စည်းတွေကို ကြည့်ရှုနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း Shein app ကို download လုပ်ပြီး Lazada မှ ပစ္စည်းမှာသလို အချိန်တိုအတွင်း မှာယူနိုင်ပါတယ်။ Shein မှာ ကိုယ်ပိုင် စက်ရုံလည်းရှိတဲ့အပြင် အကျိုးတူပူးပေါင်းလုပ်တဲ့ စက်ရုံတွေလည်း အများကြီးရှိပါတယ်။ လူတစ်ဦးတစ်ယောက်ဆီက ဝယ်ယူလိုက်တဲ့ ပစ္စည်းအပေါ်ကိုကြည့်ပြီး နောင်လူကြိုက်များနိုင်တဲ့ fashion ပုံစံတွေကို ခန့်မှန်းတွက်ချက်နိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ Data Analytic ဘာသာရပ်အတိုင်း တွက်ချက်ပြီး fashion trend တွေကို ခန့်မှန်းနိုင်ပါတယ်။ ပစ္စည်းထုတ်တဲ့အခါမှာလည်း အခြား fashion brand တွေလို အများကြီးထုတ်လုပ်တာမျိုးမဟုတ်ပဲ ဝယ်ယူတဲ့ အရေအတွက်အပေါ်မူတည်ပြီး အလေအလွင့်နည်းအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

စက်ရုံတွေက တရုတ်ပြည်မှာတည်ရှိတာကြောင့် ကုန်ထုတ်လုပ်မှုစရိတ်နှင့် လုပ်အားခတွေက အခြားနိုင်ငံတွေထက် အများကြီးစျေးသက်သာပါတယ်။ ကုန်ထုတ်လုပ်မှုစရိတ်သက်သာတာကြောင့် ရောင်းချပေးတဲ့စရိတ်ကလည်း အရမ်းကို သက်သာပါတယ်။ ယခုဆိုရင်တော့ Brazil နိုင်ငံနှင့် Turkey နိုင်ငံမှာပါ partner လုပ်ထားတဲ့ စက်ရုံတွေရှိနေပါပြီ။ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ ဒေါ်လာ ၈၀၀ ထက်နည်းတဲ့ ပစ္စည်းတွေက အခွန်ပေးဆောင်ရတာ အရမ်းသက်သာတာကြောင့် Shein အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ fashion အတွက် ငွေကြေးအသုံးပြုသူတိုင်းက တစ်လကို အနည်းဆုံး ဒေါ်လာတစ်ရာဖိုးလောက် Shein မှာ အသုံးပြုကြတယ်လို့ သိရပါတယ်။

Exit mobile version