Google က ကြိုးစားပြီး Chrome browser မှာ AI features တွေကို ထည့်သွင်းလာပါတယ်။ သို့ပေမယ့် ခေါင်းစဉ်က စာသားမျိုးတွေကို သေချာဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။ ဒီ AI အမျိုးအစားကို Generative AI လို့ခေါ်ပြီး အကြောင်းအရာသေချာမသိတဲ့ အသုံးပြုသူတွေအဖို့ အန္တရာယ်များလွန်းပါတယ်။ ဥပမာ ငှက်ပျောသီးကို ကြာရှည်ခံအောင် ဘယ်လိုထားရမလဲ မေးတဲ့အခါ Google က Generative AI ကို အသုံးပြုပြီး အေးတဲ့နေရာမှာထားဖို့နှင့် ပန်းသီးလိုမျိုးထားဖို့ အကြံပြုပါလိမ့်မယ်။ ဒီလို အကြံပြုတာက အင်တာနက်မှာ လူပြောများတဲ့အကြောင်းအရာတွေကို မှီညမ်းပြီး ပြောတာဖြစ်ပါတယ်။ လူပြောများတဲ့ အကြောင်းအရာတွေထဲမှ စကားလုံးတွေကို ရွေးချယ်ပြီး ဖော်ပြတာဖြစ်ပါတယ်။

အသုံးပြုသူအနေနှင့် မေးနေကျမေးခွန်းမျိုးမဟုတ်ပဲ မေးကြည့်တဲ့အခါ ဖော်ပြပေးတဲ့ result က အရမ်းအန္တရာယ်များပါတယ်။ Google အနေနှင့် ဒီပြသနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။ Google AI Overviews လို့ပြောတဲ့ features က လိုအပ်မှုတွေတော်တော်ရှိနေပါတယ်။ လူတိုင်းသိကြတဲ့ “Whack-A-Mole” လို့ခေါ်တဲ့ game ကို လူတိုင်းရင်းနှီးပြီး ဆော့ဖူးကြပါတယ်။ Arcade Game center မှာ ခေါင်းလေးတွေထွက်လာပြီး တူလေးနှင့် ထုရတဲ့ game အမျိုးအစားဖြစ်ပါတယ်။ ဒီ game ကို Japan နိုင်ငံမှ ၁၉၇၅ ခုနှစ်မှာ Amusement Manufacturer ဖြစ်တဲ့ TOGO မှ ဖန်တီးခဲ့ပါတယ်။ သို့ပေမယ့် ဒီမေးခွန်းနှင့် ပတ်သက်ပြီး Google Overviews AI ကတော့ အာကာသယာဉ်မှုးနှင့် ကြောင်တစ်ကောင် လကမ္ဘာပေါ်မှာတွေ့ရှိပြီး ကစားခဲ့တဲ့ game လို့ ဖော်ပြပါမယ်။ ထို့အပြင် ကျောက်တုံးက သံဓါတ်ကြွယ်၀ပြီး ဗိုက်တာမင်လည်း ကြွယ်၀တာကြောင့် နေ့တိုင်းစားသင့်တယ်လို့ အကြံပြုပါလိမ့်မယ်။
ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ?
အဓိက ဖြစ်ရတာကတော့ Google AI က လူတွေကြားမှာ ပျံ့နေတဲ့အကြောင်းအရာတွေကို ဆွဲယူပြီး ဖော်ပြပေးတာကြောင့် ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ အကြောင်းအရာတွေအားလုံးက မမှန်တာများပြီး သရော်စာဖြစ်အောင် ရေးထားတဲ့ အကြောင်းအရာတွေများစွာရှိပါတယ်။ ဒီအကြောင်းအရာတွေကို Google Overview AI က ဆွဲယူပြီး ဖော်ပြပေးတာကြောင့်အရမ်း အန္တရာယ်များပါတယ်။ ဒီ AI က အနာဂတ်မှာ အသုံးပြုမယ့် search engine AI ဖြစ်ပြီး Google သာမက Microsoft အပြင် ChatGPT မှာပါ အသုံးပြုနေတာဖြစ်ပါတယ်။ Google က နေ့စဉ်နှင့်အမျှ AI ကို train ဖို့အတွက် ဘီလီယံနှင့်ချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ များစွာပြုလုပ်နေပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့ AI နည်းပညာမှာလည်း ပထမမျိုးဆက် AI ကို မှီညမ်းထားတာကြောင့် အန္တရာယ်ကြီးပါတယ်။ မှားယွင်းတဲ့ information တွေကြောင့် ဆိုးရွားသော ရလဒ်တွေကို အသုံးပြုသူတွေခံစားရနိုင်ပါတယ်။ ဆေးပညာ နယ်ပယ်မှာ လူအတွက် ဒုက္ခရောက်မယ့် ဆေးဝါးမျိုးကို ထုတ်လုပ်တာမျိုးတားမြစ်ထားပြီး ကားထုတ်လုပ်တဲ့ နယ်ပယ်မှာလည်း အတူတူပဲ ဖြစ်ပါတယ်။ သို့ပေမယ့် နည်းပညာ နယ်ပယ်မှာတော့ အစိုးရကပါ ခွင့်ပြုထားတာကို အံဩစွာ မြင်တွေ့နေရပါတယ်။