တစ်ကိုယ်တော်ခရီးသွားတွေလည်း အသုံးပြုနိုင်ပြီဖြစ်တဲ့ Starlink Mini

SpaceX ရဲ့ Starlink ကို လူတိုင်းသိကြပြီး ကမ္ဘာရဲ့ နေရာအနှံ့တွေမှာ အသုံးပြုလို့ရနေပါပြီ။ ယနေ့မှာတော့ Starlink က နောက်ထပ် version တစ်မျိုး Starlink Mini ကို မိတ်ဆက်လိုက်ပါတယ်။ Starlink Mini လေးက သေးငယ်ပြီး laptop size အထူလေးသာရှိပါတယ်။ ပထမ version ဖြစ်တဲ့ Starlink size ထက်သေးငယ်ပေမယ့် အင်တာနက် speed ကို အနည်းဆုံး 100Mbps အထိ ရပါတယ်။ Elon Musk ကိုယ်တိုင်က ဒီ အင်တာနက်ကို setup လုပ်ဖို့ အချိန် ငါးမိနစ်သာ ကြာမြင့်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပါဝါအနေနှင့်လည်း အများကြီးမစားပဲ သာမန်အိမ်တွင်းသုံး router လောက်ပဲ power လိုအပ်ပါတယ်။ Powerbank 27,650mAh နှင့်ဆို နှစ်နာရီ သုံးနာရီလောက်ထိ ကြာမြင့်အောင် အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ အရွယ်အစားအနေနှင့် 11.75 x 10.2 x 1.45 inches သာရှိပြီး အလေးချိန်အနေနှင့် ၁ ကီလိုဂရမ်သာရှိတယ်လို့ သိရပါတယ်။ IP67 rating ဖြစ်တာကြောင့် သာမန် မိုးရေ၊ ဖုံမှုန့်တွေကို မမှုပါဘူး။ စျေးနှုန်းအနေနှင့်က $599 ဖြစ်ပြီး roaming serivce အတွက် တစ်လကို ပျမ်းမျှ ၃၀ ဒေါ်လာပိုလာနိုင်မယ်လို့လည်း သိရပါတယ်။ US region အတွက် အသစ်ဖြစ်နေပေမယ့် columbia, El Salvador, Guatemala နှင့် Panama နေရာတွေမှာတော့ အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။

တစ်ကိုယ်တော်ခရီးသွားတွေလည်း အသုံးပြုနိုင်ပြီဖြစ်တဲ့ Starlink Mini 1

Starlink ရဲ့ ပြောကြားချက်အရ မူလပထမ Starlink satellite ကိုတော့ အင်တာနက်လုံး၀ အသုံးပြုဖို့ခက်ခဲနေတဲ့နေရာတွေအတွက် ရည်ရွယ်ပြီး စျေးနှုန်းကိုလည်း အတက်နိုင်ဆုံး လျှော့ချသွားမယ်လို့ သိရပါတယ်။ ယခုထွက်ရှိလာမယ့် Starlink Mini က အင်တာနက်ကို သာမန်ထက် ပိုလိုအပ်တဲ့လူများတွေအတွက် အချိန်မရွေးနေရာမရွေး အသုံးပြုနိုင်အောင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး စျေးနှုန်းအနေနှင့်တော့ အနည်းငယ်များမှာ ဖြစ်တယ်လို့ သိရပါတယ်။ Starlink satellite internet service ရည်ရွယ်ချက်ကတော့ နေရာအနှံ့မှာ တိုင်းပြည်အတွက်ကာကွယ်နေတဲ့ စစ်သားများ၊ တစ်ကိုယ်တော်ခရီးသမားတွေအတွက် အင်တာနက်အထောက်အကူများစွာ အကျိုးပြုအောင် ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version