ဆယ်ကျော်သက်တွေမှာ အဖြစ်များလာတဲ့ နှလုံးရောဂါ

ယနေ့ခေတ် ဆယ်ကျော်သက်တွေက လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ခန့်က ဆယ်ကျော်သက်တွေထက် ကျန်းမာရေးမကောင်းတာ တွေ့ကြပါတယ်။ ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းက နည်းပညာ၊ ရုပ်၀တ္ထုပစ္စည်းတွေ တိုးတက်လာတာနဲ့အမျှ လှုပ်ရှားမှု အားနည်းလာပြီး ဖုန်း၊ ကွန်ပျူတာမျက်နှာပြင်တွေမှာ အချိန်ပိုကုန်လာတာကြောင့် ဖြစ်ပါတယ်။ နှလုံးရောဂါက လူကြီး ၊ လူငယ်မရွေး ဖြစ်တတ်ပြီး ယနေ့ခေတ်မှာတော့ ဆယ်ကျော်သက်အများစုမှာ ဖြစ်ပေါ်လာတာကို တွေ့မြင်ရပါတယ်။

နေထိုင်မှုပုံစံက လူတစ်ယောက်ရဲ့ ကျန်းမာရေး ကောင်းမွန်ခြင်း၊ မကောင်းမွန်ခြင်းပေါ် အများကြီး သက်ရောက်ပါတယ်။ အစားအသောက်ကလည်း ကျန်းမာရေးအတွက် အဓိကကျတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ နှလုံးရောဂါမဖြစ်အောင် ယခုဖော်ပြမယ့် နည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်လို့ရပါတယ်။

ကျန်းမာအောင် နေထိုင်ခြင်း အလေ့အထ တည်ဆောက်ခြင်း

လူတစ်ယောက် ကျန်းမာရေးကောင်းမွန်ဖို့ အတွက် အဓိကမဖြစ်မနေလိုအပ်တာကတော့ စိတ်ခွန်အားပါပဲ။ သင်ကိုယ်တိုင် ကျန်းမာချင်စိတ် ရှိဖို့ အရေးကြီးပါတယ်။ ကျန်းကျန်းမာမာ မနေထိုင်ခြင်တဲ့ လူတစ်ယောက်ကို ဘယ်လိုနည်းနဲ့ နားချပါစေ၊ သူနားဝင်မှာ မဟုတ်ပါဘူး။ အစားအသောက် ရွေးချယ်တဲ့အခါမှာလည်း လူတိုင်း သိပြီးသားဖြစ်တဲ့ အဆီအဆိမ့်များတဲ့ အစားအသောက်ကို လွန်လွန်ကျွံကျွံ မစားသောက်ဖို့ လိုအပ်ပါတယ်။ ဒီအလေ့အထကို ငယ်ရွယ်စဉ်အချိန်တည်းက ပျိုးထောင်ရမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တစ်ယောက်က ကိုယ်ခန္ဓာဖွံဖြိုးကြီးထွားနေဆဲ အချိန်ဖြစ်တာကြောင့် အသား၊ ငါး နှင့် ဟင်းသီးဟင်းရွက်တို့ကို မျှတအောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ သင်ကိုယ်တိုင် မိဘတစ်ယောက်ဖြစ်ရင် ဒီအချက်ကို အလေးပေး စဉ်းစားစေချင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

ဒုတိယဂရုစိုက်ရမယ့် အချက်က ကိုယ်လက်လှုပ်ရှားမှုပါပဲ။ ကိုယ်လက်လှုပ်ရှားမှု အားကစားလုပ်ခြင်းက နှလုံးရောဂါကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းတစ်မျိုးပါပဲ။ ပုံမှန် အေရိုးဗစ်လုပ်တဲ့ လူတစ်ယောက်က နှလုံးရောဂါဖြစ်ဖို့ ရာခိုင်နှုန်းအနည်းဆုံးပါပဲ။ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း စသဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ့် ကစားနည်းမျိုးကို တစ်ပတ်တစ်ခါလောက် ပုံမှန် လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှု အားကစားလုပ်ဖို့ လိုအပ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းက ကိုယ်တိုင်အတွက်ရော ဘေးပတ်ဝန်းကျင်အတွက်ပါ မကောင်းတာကြောင့် ဆေးလိပ်သောက်ခြင်းကို ဖြတ်သင့်ပါတယ်။ ကျန်းမာရေး သုတေသီတွေရဲ့ တွေ့ရှိချက်အရ နှလုံးရောဂါဖြစ်တဲ့ ဆယ်ကျော်သက်အများစုရဲ့ အကြောင်းရင်းက ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဆယ်ကျော်သက်လူငယ်တစ်ယောက် ဆေးလိပ်သောက်တာမျိုး တွေ့ရင်လည်း မသောက်ဖို့ သတိပေးသင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ဖျောက်ပစ်ပါ

တိုးတက်လာတဲ့ ခေတ်နဲ့အညီ လိုအပ်ချက်တွေကလည်း တစ်နေ့ထက်တစ်နေ့ များလာပါတယ်။ ရုပ်၀တ္ထုပစ္စည်းတွေကို ကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်တွေက လိုချင်တပ်မက်မှုတွေနဲ့ အတူ စိတ်ဖီးစီးမှုတွေ များလာပါတယ်။ မိဘတွေအနေနဲ့ ပြီးပြည့်စုံတဲ့ဘ၀ကို သင်ပြ၊ပြောပြခြင်းထက် ဘ၀ကို ပျော်ရွှင်အောင် နေထိုင်နည်းတွေကိုလည်း သင်ပြပေးဖို့ တာဝန်ရှိပါတယ်။ ဆယ်ကျော်သက် လူငယ်အရွယ်တွေက ကိုယ်တိုင်စူးစမ်း ရှာဖွေလေ့လာရတာကြိုက်တဲ့ အရွယ်ပီပီ မိဘတွေအနေနဲ့ စိုးရိမ်ပြီး တားမြစ်ခြင်းထက် နည်းလမ်းကောင်းတွေကို ပြသပေးသင့်ပါတယ်။

Exit mobile version