စျေးကွက်ထဲမှာ Millennials နှင့် Gen Z တွေကို ဘယ်လိုဖမ်းစားရမလဲ

Millennials ဆိုတာက ၁၉၈၀ခုနှစ် နှင့် ၁၉၉၅ခုနှစ်ကြား မွေးဖွားတဲ့လူတွေကို ခေါ်ဝေါ်ခြင်းဖြစ်ပြီး Gen Z ဆိုတာကတော့ ၁၉၉၅ ခုနှစ်နောက်ပိုင်း​ မွေးဖွားတဲ့ မျိုးဆက်တွေကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ ဒီမျိုးဆက်နှစ်ခုက ယနေ့ခေတ်မှာ အရေးပါတဲ့မျိုးဆက်တွေ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ တက်သစ်စလူငယ်တွေဖြစ်ပြီး အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက်တွေဖြစ်တာကြောင့် ဖြစ်ပါတယ်။ စျေးကွက်ထဲမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ ပစ္စည်းတော်တော်များများကလည်း ဒီမျိုးဆက်နှစ်ခုကို အများစု ရည်ရွယ်ကြတာဖြစ်ပါတယ်။ ဥပမာ သင်က အဝတ်အထည်ရောင်းတဲ့သူ (သို့) အိမ်သုံးပစ္စည်းများ ရောင်းဝယ်နေတဲ့လူဖြစ်ခဲ့ရင်လည်း သင်ရောင်းနေတဲ့ ပစ္စည်းတော်တော်များများက Millennials နှင့် Gen Z တွေကြိုက်ဖို့ အရေးကြီးပါတယ်။ ပထမဦးဆုံး Millennials နှင့် Gen Z တွေရဲ့ သဘာ၀ကို ရှင်းပြပါမယ်။

၁။ ​Millennial နှင့် Gen Z ကို နားလည်ခြင်း

စျေးကွက်ထဲမှာ Millennials နှင့် Gen Z တွေကို ဘယ်လိုဖမ်းစားရမလဲ 1

နည်းပညာခေတ်မှာ နောက်ဆုံးပေါ်ပစ္စည်းတွေကို အများဆုံးအသုံးပြုတာလည်း Millennials နှင့် Gen Z တွေပဲဖြစ်ပါတယ်။ စျေးဝယ်ထွက်တဲ့အခါမှာလည်း မိုဘိုင်းဖုန်းအသုံးပြုပြီး ငွေပေးချေတဲ့ ၈၄% က Millennials တွေဖြစ်ပြီး ၇၈% က Gen Z တွေဖြစ်ကြပါတယ်။ ၇၉% ကတော့ ငွေပေးချေတဲ့ နည်းလမ်းအသစ်တွေကို ကြိုးစားကြည့်ပါတယ်။​ လွတ်လပ်မှုကို ကြိုက်နှစ်သက်ကြပြီး အပြင်သွားတဲ့အခါ ပိုက်ဆံအများကြီးကို ယူဆောင်သွားတာ မကြိုက်ကြပါဘူး။ ဒါကြောင့် သင့်က လုပ်ငန်းရှင်တစ်ယောက်(သို့) ဝန်ဆောင်မှုလုပ်ငန်းလုပ်နေတဲ့ လူတစ်ယောက်ဆိုရင်တော့ ငွေပေးချေတဲ့ စနစ်မှာ Mobile Banking စနစ်တွေကို လက်ခံတာမျိုးတွေ လုပ်ထားသင့်ပါတယ်။ အင်တာနက် Banking စနစ်နဲ့ ငွေပေးချေတာကိုလည်း လွယ်ကူအောင် ပြုလုပ်ထားသင့်ပါတယ်။ ငွေပေးချေတာမြန်လေလေ Millennials နှင့် Gen Z က ပိုပြီး သဘောတွေ့မှာ ဖြစ်ပါတယ်။

၂။ Payments စနစ်ကို ပိုပြီးတီထွင်ဆန်းသစ်ခြင်း

စျေးကွက်ထဲမှာ Millennials နှင့် Gen Z တွေကို ဘယ်လိုဖမ်းစားရမလဲ 2

Millennials နှင့် GenZ တွေက စျေးဝယ်ကြတဲ့အခါ Payment ငွေပေးချေတာအပြင် Purchasing History နှင့် Brand Identity ကိုလည်း ကြည့်တက်ကြတဲ့ အလေ့အကျင့်ရှိတဲ့သူတွေဖြစ်ပါတယ်။ ဥပမာ Store ဆိုင်ကို တစ်ခါဝယ်ပြီးအကြိုက်တွေ့ခဲ့ရင်တောင် နောက်တစ်ခေါက်ဆိုင်ကို သွားပြီး မဝယ်ချင်ကြတဲ့လူတွေဖြစ်ပါတယ်။ ဆိုင်ရဲ့ App က တစ်ဆင့် ဝင်ရောက်ပြီး ဝယ်ယူချင်ကြပါတယ်။ ဥပမာ Nike နှင့် Adidas က ကိုယ်ပိုင် Apps တွေ ဖန်တီးထားပြီး ဝယ်ယူသူတွေကို App က တစ်ဆင့်ဝယ်ယူအောင် ဖန်တီးထားပေးပါတယ်။ များများဝယ်ယူတဲ့အခါ Discount နှင့် အခြားခံစားခွင့်တွေကိုပါ ပေးတာကြောင့် ဝယ်ယူသူတွေက ဆိုင်ရဲ့ App ကတစ်ဆင့် ဝယ်ယူကြပါတယ်။

၃။ Trust နှင့် Security ကို အလေးထားခြင်း

ငွေပေးချေတဲ့အခါ Bank အချက်အလက်နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အလွယ်တကူမရအောင် စနစ်တွေကို ထားသင့်ပါတယ်။ ဥပမာ Bank Card ကိုပဲသုံးပြီး ငွေပေးချေနိုင်တယ်ဆိုရင် Card ထားတဲ့နေရာမှာ ရှင်းလင်းအောင် လုပ်ထားသင့်ပါတယ်။ ငွေကြေးလိမ်လည်တဲ့လူတွေက Card ထားတဲ့နေရာမှာ Bank အချက်အလက်တွေရအောင် ပြုလုပ်တတ်တာကြောင့် ဖြစ်နိုင်ရင် Mobile Banking (သို့) QR payment တွေကို လွယ်လွယ်ကူကူနဲ့ ငွေပေးချေနိုင်အောင် လုပ်ထားသင့်ပါတယ်။ ကိုယ်ရောင်းလိုက်တဲ့ ပစ္စည်းက တစ်ခုခုဖြစ်သွားခဲ့ရင်လည်း​ ဆိုင်ကို ဝယ်ယူသူက လာစရာမလိုပဲ ပစ္စည်းကို အိမ်အရောက်ပြန်လဲပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို လုပ်ထားသင့်ပါတယ်။ Website ကတစ်ဆင့် Form ဖြည့်ရုံနှင့် အိမ်မှာ ပစ္စည်းကိုလာရောက် ယူဆောင်ပေးတဲ့ ဝန်ဆောင်မှုမျိုးတွေ​ ဖြစ်ပါတယ်။

၄။ Data တွေကတစ်ဆင့် ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်ခြင်း

စျေးကွက်ထဲမှာ Millennials နှင့် Gen Z တွေကို ဘယ်လိုဖမ်းစားရမလဲ 3

ဆိုင်မှာ ဝယ်ယူအားပေးကြတဲ့ ဖောက်သည်တွေရဲ့ Data တွေကတစ်ဆင့် ကိုယ့်ဆိုင်မှာ အများဆုံးဝယ်ယူအားပေးကြမယ့် ဖောက်သည်တွေရဲ့ အနာဂတ်ကို ခန့်မှန်းနိုင်ပါတယ်။ အနာဂတ်မှာ သူတို့အတွက် သင်ရောင်းမယ့် ပစ္စည်းရဲ့ စျေးနှုန်း၊အရည်အသွေးတွေကို တွက်ချက်နိုင်ပါတယ်။

Exit mobile version