စိတ်နှင့်တင် Apple’s Vision Pro ကို စေခိုင်းအသုံးပြုနိုင်တဲ့ Neuralink ရဲ့ ပြိုင်ဖက် Synchron’s brain implant

Neurotech နည်းပညာ company ဖြစ်တဲ့ Elon Musk ရဲ့ Neuralink ကိုတော့ လူတိုင်းသိကြပါတယ်။ မကြာသေးမီက စမ်းသပ်မှုတွေလုပ်တာ ကွန်ပျူတာ ဂိမ်းကစားနိုင်တဲ့ထိ အောင်မြင်ခဲ့ပါတယ်။ သို့ပေမယ့် thread တွေလောင်ကျွမ်းခဲ့တဲ့ ပြဿနာလည်း ကြုံခဲ့ရပါတယ်။ ယနေ့မှာတော့ Neuralink ရဲ့ ပြိုင်ဖက် company တစ်ခုဖြစ်တဲ့ Synchron က လူနာတစ်ယောက်နှင့် Apple Vision Pro ကို စမ်းသပ်တာအောင်မြင်သွားခဲ့ပါတယ်။ Neurotech နည်းပညာချင်းတူပေမယ့် ပထမဦးဆုံး စိတ်နှင့် Apple Vision Pro ကိုစေခိုင်းတာ အောင်မြင်သွားခဲ့တဲ့ company တစ်ခုလည်းဖြစ်ပါတယ်။ Synchron က brain-computer interface တစ်ခုကိုလည်း အကောင်အထည်ဖော်နေပြီး လက်ရှိမှာ အမေရိကန်မှာ လူနာ ၆ ယောက်နှင့် Australia မှာ လူနာ ၄ ယောက်ရှိပါတယ်။ အဆိုပါစမ်းသပ်မှုကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာတွေဆီက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်က အဓိကအားဖြင့် မလှုပ်ရှားနိုင်တဲ့လူနာတွေကို စိတ်အာရုံကြောမှတစ်ဆင့် nerve ကြောတွေကို အသုံးပြုပြီး device ကိုလိုရာစေခိုင်းနိုင်အောင် ဖြစ်ပါတယ်။ Neurotech နည်းပညာက အမှန်တကယ် ဆေးဖက်ဆိုင်ရာအတွက် အသုံး၀င်သလို မသမာမှုအတွက်လည်း အများကြီးလုပ်ဆောင်နိုင်တာကြောင့် အထူးသတိထားရမယ့် နည်းပညာ တစ်ရပ်ဖြစ်ပါတယ်။

စိတ်နှင့်တင် Apple's Vision Pro ကို စေခိုင်းအသုံးပြုနိုင်တဲ့ Neuralink ရဲ့ ပြိုင်ဖက် Synchron's brain implant 1

Apple Vision Pro ကို နှစ်အစောပိုင်းက မိတ်ဆက်ခဲ့ပြီး အသုံးပြုသူတွေက အသံ၊ လက်လှုပ်ရှားမှု၊ မျက်လုံး လှုပ်ရှားမှုနှင့် အသုံးပြုရတာဖြစ်ပါတယ်။ Synchron က စကားမပြောနိုင်တဲ့လူနာ၊ ခန္ဓာကိုယ်မလှုပ်ရှားနိုင်တဲ့လူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Neuralink နှင့် လုပ်ဆောင်ပုံအားလုံးတူပြီး ယခုအချိန်မှာတော့ Apple Vision Pro ကို ပထမဦးဆုံး အသုံးပြု စမ်းသပ်အောင်မြင်တာဖြစ်ပါတယ်။ CEO ဖြစ်တဲ့ Thomas Oxley က Apple ရဲ့ device တွေက စာသင်ခန်းတွေနှင့် လုပ်ငန်းခွင်တွေမှာ အကောင်းဆုံးဖြစ်တာကြောင့် သူ့ရဲ့ နည်းပညာကိုလည်း Apple device တွေပေါ်မှာ အလွယ်တကူ အသုံးပြုလို့ရအောင် ဖန်တီးထားတယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Synchron’s BCI (Brain Computer Interface) က လူနာရဲ့ သွေးပြန်ကြောမှာ ထည့်ထားတာကြောင့် ဦးနှောက်ခွဲစိတ်မှုတွေလုပ်စရာမလိုဘူးလို့ ပြောကြားထားပါတယ်။

စိတ်နှင့်တင် Apple's Vision Pro ကို စေခိုင်းအသုံးပြုနိုင်တဲ့ Neuralink ရဲ့ ပြိုင်ဖက် Synchron's brain implant 2

Mark လို့အမည်ရတဲ့ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ထိုလူနာက ရောဂါတစ်မျိုးကြောင့် ကြွက်သားတွေမလှုပ်ရှားနိုင်တော့တာ ဖြစ်ပါတယ်။ August 2023 ခုနှစ်ထဲက Synchron ရဲ့ စမ်းသပ်မှုကို ခံယူခဲ့ပြီး ယခုချိန်မှာတော့ Apple Vision Pro နှင့် စာပြန်ခြင်း၊ TV ကြည့်ခြင်း နှင့် အခြား အရာတွေကို လုပ်နေပြီ ဖြစ်ပါတယ်။ Mark ရဲ့ပြောကြားချက်အရ လုပ်ဆောင်ပုံက iPhone, iPad အသုံးပြုပုံတွေနှင့် မကွဲဘူးလို့လည်းပြောကြားခဲ့ပါတယ်။

Exit mobile version