စက်ရုပ်တွေကို လူသားလိုပြုမူအောင် သင်ကြားခြင်းနှင့် လူသားတွေက စက်ရုပ်တွေနှင့်ယှဉ်တွဲနေထိုင်ခြင်း

ပထမဦးဆုံးမေးခွန်းက AI စက်ရုပ်တွေက လူသားတွေကို အစားထိုးသွားမှာလား? ဒီမေးခွန်းအတွက် အဖြေက “Yes” ပါပဲ။ လွန်ခဲ့တဲ့နှစ်တစ်ရာခန့်က အလုပ်တွေကို ပြန်ကြည့်မယ်ဆိုရင် အလုပ်တော်တော်များများက စက်ရုပ်တွေနှင့် လုပ်ကိုင်နေပါပြီ။ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ လူအင်အားများစွာအသုံးပြုရတဲ့ လုပ်ငန်းခွင်တွေမှာ စက်ရုပ်နှင့် အစားထိုးလိုက်ပါပြီ။ ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး မေးခွန်းတွေ အခုလို အများကြီး မေးလာနိုင်ပါတယ်။

ဒီမေးခွန်းတွေအတွက် တိကျတဲ့ အဖြေတွေမရှိသေးပါဘူး။ ဒါပေမယ့် အခုပြောပြမယ့်အကြောင်းအရာတွေမှာတော့ သင့်အနေနှင့် စဉ်းစားစရာတွေရသွားနိုင်ပါတယ်။

Dancer တစ်ယောင်လည်းဖြစ်သလို Engineer တစ်ယောက်လည်းဖြစ်တဲ့ Catie Cuan နှင့် Artist တစ်ယောက်ဖြစ်တဲ့ Ken Goldberg တို့ပူးပေါင်းပြီး ၈နာရီကြာမြင့်တဲ့အချိန်မှာတော့ Motion Performance တစ်ခုဖန်တီးခဲ့ပါတယ်။ နာမည်ကို “Breathless: Catie and the Robot” ဆိုပြီးပေးခဲ့ပါတယ်။ စက်ရုပ်တွေဖန်တီးတဲ့ company ဖြစ်တဲ့ “UC Berkeley’s Autolab” က အဓိက စပွန်ဆာပေးခဲ့ပြီး Breathless ကို ဖန်တီးခဲ့ပါတယ်။ လူနှင့် စက်ရုပ်မျှတစွာ အပေးအယူမျှပြီး performance ကို ဖန်တီးထားခြင်းဖြစ်ပါတယ်။

စက်ရုပ်တွေကို လူသားလိုပြုမူအောင် သင်ကြားခြင်းနှင့် လူသားတွေက စက်ရုပ်တွေနှင့်ယှဉ်တွဲနေထိုင်ခြင်း 1

Cuan ရဲ့ ပြောကြားချက်အရ သူမရဲ့ အဖွားက အတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရပါဘူး။ သို့ပေမယ့် သူမရဲ့တစ်ဘ၀လုံးမှာ စီးကရက်စက်ရုံမှာ စီးကရက် လိပ်ပြီးသူမရဲ့မိသားစုအတွက် ရုန်းကန်ကျွေးမွေးခဲ့ပါတယ်။ Breathless performance မှာလည်း ဒီအကြောင်းကိုးကား ထည့်သွင်းထားတယ်ဆိုပါတယ်။ အခုဆိုရင်တော့ ဒီအလုပ်တွေက စက်ရုပ်တွေက အစားထိုးနေရာယူသွားပြီး ခဏတာလေးအတွင်းမှာ အလုပ်တွေကို အများကြီးပြီးမြောက်အောင် လုပ်ဆောင်နိုင်နေပါပြီ။ စက်ရုပ်တွေက အရမ်းအံ့ဩစရာကောင်းပြီး ပင်ပန်းနွမ်းနယ်မှုလည်း မရှိတာကြောင့် အလုပ်တွေကို အများကြီး လုပ်နိုင်ပါတယ်။ သူတို့မှာမရှိတာတော့ လူသားတွေလို ကိုယ်ချင်းစာစိတ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Cuan က Standford University က Robotics and AI ကို Ph.D ရရှိထားပြီး အကလည်း ဝါသနာပါတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။

Rehersal မှ Performance အဖြစ် ဖန်တီးခြင်း

စက်ရုပ်တွေကို လူသားလိုပြုမူအောင် သင်ကြားခြင်းနှင့် လူသားတွေက စက်ရုပ်တွေနှင့်ယှဉ်တွဲနေထိုင်ခြင်း 2

Cuan ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Ken Goldberg, Professor of Industrial Engineering and Operations Research at University of California Berkeley ကလည်း ဒီ project ထဲမှာ ပါတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ Mexico မှာတုန်းက လူတစ်ယောက်က သစ်ရွက်နှင့်ကစားနေတာကို တွေ့ရပါတယ်။ သစ်ရွက်ကို ကျစ်ပြီးထွက်လာတဲ့အသံကို ထိုလူက ကောင်းစွာကြားနိုင်ပါတယ်။ လူသားတစ်ယောက်က လက်ရဲ့ ပြုမူနိုင်စွမ်းက အရာ၀တ္ထုတစ်ခုကို ထိတွေ့နိုင်ပြီး အာရုံခံစားနိုင်တာက စက်ရုပ်တွေမှာ မလုပ်နိုင်တဲ့အရာပါပဲ။

Ambi Robotics မှ founders များတွေ့ရစဉ်

ဒီလိုနှင့် သူတို့ သူငယ်ချင်းနှစ်ယောက် Breathless အတွက်များစွာ သုတေသနလုပ်လာပြီးတဲ့အခါမှာတော့ ၂၀၂၃ ခုနှစ်မှာ အခြားအင်ဂျင်နီယာတွေပါ ခေါ်လာပြီး robot ကို စပြီး train ကြပါတယ်။ ပထမအစမှာ robot က လေးပြီး လူတွေရဲ့ motion အတိုင်းမှတ်မိအောင် အမှားအယွင်းမရှိအောင် လူရော machine ရော လေ့ကျင့်မှုတွေအများကြီးလုပ်ကြပါတယ်။ Goldberg ရဲ့ company တစ်ခုဖြစ်တဲ့ Ambi Robotics က engineers တွေလည်း ဒီ project ထဲမှာ ပါဝင်ကူညီခဲ့ကြပါတယ်။ စိန်ခေါ်မှုများစွာရှိပြီး လူသားတစ်ယောက်ရဲ့ ပြုမူနေထိုင်မှုပုံစံအတိုင်း လိုက်လုပ်ရတဲ့နေရာမှာ အခက်အခဲများစွာရှိခဲ့ပါတယ်။

https://drive.google.com/file/d/15RBI0rFni2sYWX8gJWzrCowE5mZLKCcr/view

Breathless Show Highlight ကိုတော့ အပေါ်က link မှာ ကြည့်ရှုနိုင်ပါတယ်။

လူသားတွေရဲ့ အနာဂတ်ကတော့ AI စက်ရုပ်တွေနှင့်သာ ယှဉ်တွဲနေထိုင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာ AI စက်ရုပ်တွေက ကလေးငယ်တွေနှင့်တူပြီး သင်ကြားပြုစုနေရတဲ့အချိန်ဖြစ်ပါတယ်။ Breathless Show ကိုတော့ Engineer ကျောင်းသားအများ လာရောက်ကြည့်ရှုခဲ့ပြီး အံ့အားသင့်မှုတွေ ဖြစ်ခဲ့ပါတယ်။ လူသားတွေကလည်း AI စက်ရုပ်တွေနှင့် အနာဂတ်မှာ ယှဉ်တွဲနေထိုင်နိုင်ပြီး အသားကျနိုင်ဖို့ အခုတည်းက နည်းပညာတွေကို မျက်ခြေမပြတ်လေ့လာထားသင့်ပါတယ်။

Exit mobile version