စက္ကန့်ပိုင်းအတွင်းမှာ လူတွေ ကိုယ့်ကိုလေးစားသွားအောင် ဘယ်လိုနှုတ်ဆက်မလဲ

လူအချင်းချင်း​ နှုတ်ဆက်ပြောဆိုတဲ့အခါ အထင်ကြီးလေးစားမှုရှိအောင် နှုတ်ဆက်တဲ့နည်းက ယဉ်ယဉ်ကျေးကျေးပြောဆိုဆက်ဆံတာပါပဲ။ အများကြီးစဉ်းစားစရာမလိုပဲ ယဉ်ကျေးတဲ့အပြုအမူနဲ့ စကားပြောရုံနဲ့ လူတွေက သင့်ကို အထင်ကြီးစေမှာ ဖြစ်ပါတယ်။​ အလွယ်ကူဆုံးနည်းလမ်းတွေကတော့

၁။ နွေးနွေးထွေးထွေး နှုတ်ဆက်ပါ

ဥပမာ သင့်ချစ်သူရဲ့ မိသားစုတွေနဲ့ ပထမဆုံးနှုတ်ဆက်ရမယ် ဆိုပါစို့။ “မင်္ဂလာပါ၊ အားလုံး နေကောင်းကြလား” ဆိုတာနဲ့ မပြီးသွားပါဘူး။ သင့်ကိုယ်သင် မိတ်ဆက်ပြီး အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ်။ အခုလို ခင်မင်သိကျွမ်းခွင့်ရတဲ့အတွက် အရမ်းလည်းပျော်ပါတယ် ဆိုတာမျိုးကို သင်ထည့်ပြောဖို့ လိုပါလိမ့်မယ်။ မိတ်ဆက်စကားပြောတဲ့အခါမှာလည်း သင့်ပုခုံးကို တည့်တည့်မတ်မတ်ရပ်ပြီး နှုတ်ဆက်ပါ။

၂။ လက်ဆွဲသေချာနှုတ်ဆက်ပါ

လက်ဆွဲနှုတ်ဆက်တဲ့အခါ အားလုံးသိပြီးကြတဲ့အတိုင်း​ တစ်ဖက်သားရဲ့လက်ကို မြဲမြဲကိုင်ပြီး နှုတ်ဆက်ပါ။ လက်ကိုင်ထားတဲ့အချိန်မှာ မျက်နှာချင်းကြည့်ပြီး ပြုံးပြပါ။ လက်ကိုမြဲမြဲကိုင်ထားခြင်းက သင်က တစ်ဖက်သားကို ယုံကြည်မှုရှိတယ်ဆိုတာကို ပြသပေးပါတယ်။

၃။ အကြည့်ချင်း မလွှဲပါနဲ့

စကားပြောနေတဲ့အခါ မျက်လုံးလွှဲတာမျိုးကို ရှောင်ပြီး သေချာနားထောင်ပေးပါ။ သင်က တစ်လေးတစ်စား နားထောင်ပေးတဲ့အခါ အခြားလူကလည်း သင်စကားပြောတဲ့အခါ ပြန်နားထောင်ပေးပါလိမ့်မယ်။

၄။ ပြုံးပါ

ဒီအချက်ကတော့ အရေးကြီးဆုံးဖြစ်ပြီး မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ လူသားအချင်းချင်း စကားပြောတဲ့အခါ ပြုံးရယ်မှုမရှိရင် စက်ရုပ်နဲ့ စကားပြောသလို ဖြစ်နေပါလိမ့်မယ်။

စက္ကန့်ပိုင်းအတွင်းမှာ လူတွေ ကိုယ့်ကိုလေးစားသွားအောင် ဘယ်လိုနှုတ်ဆက်မလဲ 1

၅။ အာရုံစိုက်မှုကို ပြသပေးပါ

စကားပြောနေစဉ်အတွင်းမှာ ခေါင်းညိမ့်ပေးတာမျိုး၊ သူပြောလိုက်တဲ့ စကားကို မေးခွန်းပြန်မေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ စကားကို ဖြတ်မပြောဖို့ လိုအပ်ပါတယ်။

၆။ နာမည်ကို အသုံးပြုပေးပါ

တစ်ဖက်သားရဲ့ နာမည်ကို ပြောပြီး ခေါ်ဝေါ်ခြင်းကလည်း ရင်းနှီးမှုကိုပိုပြီး အဆင့်တက်စေပါတယ်။ ဒါ့အပြင် သင့်စိတ်ထဲမှာ သူ့ကိုရှိနေတယ်လို့လည်း သက်ရောက်ပါတယ်။

၇။ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပါ

သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တာက တစ်ဖက်သားကိုလေးစားမှုရရှိစေပါတယ်။ သင့်ကိုယ်သင်လည်း ယုံကြည်မှု တိုးပွားစေနိုင်ပါတယ်။

၈။ လေးစားမှု ရှိပါ

နာခံမှုရှိခြင်းဆိုတာကတော့ တစ်ဖက်သားနဲ့စကားပြောတဲ့အခါ ငြိမ်ငြိမ်သက်သက်နဲ့ လူကြီးလူကောင်းဆန်စွာ ပြောဆိုတာမျိုးပါ။ ယဉ်ကျေးတဲ့အပြုအမူတွေနဲ့ တစ်ဖက်သားရဲ့ ပြောဆိုစကားတွေကို နားထောင်ပေးရုံနဲ့ သင့်ကို တစ်ဖက်သားက အတိုင်းအတာတစ်ခုအထိ လေးစားမှုရှိသွားမှာပါ။ သင်လက်မခံ သဘောတူညီမှုမရှိတဲ့ အကြောင်းအရာတွေကိုလည်း သင့်အနေနဲ့အမြင်ကို အသံမာမာနဲ့ မပြောမိဖို့လည်း လိုအပ်ပါတယ်။

Exit mobile version