ချက်ပြုတ်ရမယ့် ဟင်းလျာကို စဉ်းစားပေးနိုင်မယ့် AI ရေခဲသေတ္တာ

Samsaung က ထုတ်လုပ်လိုက်တဲ့ တံခါးလေးပေါက်ပါ AI ရေခဲသေတ္တာကတော့ ၂၀၂၄ ခုနှစ်မှာ စတင်မိတ်ဆက်လိုက်ပါပြီ။ ဒီရေခဲသေတ္တာမှာဆိုရင်တော့ ကင်မရာပါဝင်ပြီး အစားအသောက်ပေါင်း အမျိုးသုံးဆယ်ကျော်ကို သိရှိနိုင်တဲ့ နည်းပညာလည်း ပါဝင်ပါတယ်။ သင် စျေးကဝယ်ထားတဲ့ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်အပေါ်မူတည်ပြီး ဘယ်ဟင်းလျာကို ချက်ပြုတ်သင့်လဲဆိုတာ အကြံပေးနိုင်ပါတယ်။ Samsaung မှ တာဝန်ရှိသူတစ်ဦးကတော့ အခုလိုပဲ ပြောကြားထားပါတယ်။

ချက်ပြုတ်ရမယ့် ဟင်းလျာကို စဉ်းစားပေးနိုင်မယ့် AI ရေခဲသေတ္တာ 1

“လူတွေအတွက် AI နည်းပညာနှင့်ချိတ်ဆက်ပြီး အစားအသောက်ကို ချက်ပြုတ်ရာမှာ နောက်ဆုံးပေါ်နည်းပညာအကူအညီနှင့် ကျန်းမာရေးအတွက် မျှတအောင်လုပ်ဆောင်ပေးနိုင်လို့ ဂုဏ်ယူရပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။ Smart ရေခဲသေတ္တာက Expire ဖြစ်မယ့် အစားအသောက်တွေကိုလည်း သိရှိနိုင်ပါသေးတယ်။ ကြီးမားတဲ့ ၃၂ လက်မ Touch Screen လည်းပါဝင်ပြီး အသုံးပြုသူအနေနှင့် ရေခဲသေတ္တာထဲက အစားအသောက်တွေကို စီမံနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။

ချက်ပြုတ်ရမယ့် ဟင်းလျာကို စဉ်းစားပေးနိုင်မယ့် AI ရေခဲသေတ္တာ 2

ဒီနည်းပညာရဲ့နောက်ကွယ်မှာတော့​ သန်းပေါင်းများစွာသော အစားအသောက်ဓါတ်ပုံတွေကို AI နှင့် train ထားတာကြောင့် အစားအသောက်တော်တော်များများကို ရေခဲသေတ္တာက သိနိုင်စွမ်းရှိပါတယ်။ Date မလွန်ခင် အစားအသောက်တွေကို ဂရုစိုက်ဖို့လည်း သတိပေးနိုင်တဲ့ feature လည်းပါဝင်ပါတယ်။ ရေခဲသေတ္တာထဲက ကုန်ကြမ်းတွေကို AI က ဖတ်ရှုပြီး သင်ချက်ပြုတ်သင့်တဲ့ အစားအသောက်တွေကို အကြံပြုပေးနိုင်ပါတယ်။ အသုံးပြုသူရဲ့ ကျန်းမာရေးအချက်အလက်ကို ရေခဲသေတ္တာမှာ သွင်းထားနိုင်ပါတယ်။ ဥပမာ သင်က သက်သက်လွတ်စားသုံးတဲ့သူဆိုရင် သက်သက်လွတ်အတွက် ဆောင်ရန်ရှောင်ရန်နင့် သက်သက်လွတ်ဟင်းတွေကိုသာ သင့်ကိုချပြမှာ ဖြစ်ပါတယ်။

ရေခဲသေတ္တာနာမည်ကိုတော့ Bespoke 4-Door Flex Refrigerator လို့သိရပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၂ရက်နေ့ထိ ကျင်းပမယ့် CES ပွဲမှာတော့ မြင်တွေ့နိုင်ပါတယ်။

Exit mobile version