ကြော်ငြာကင်းစင်တဲ့ အင်တာနက် မှ ကြိုဆိုပါသည်

ကြော်ငြာတွေကို လူတိုင်းကြီးပြင်းလာတဲ့တစ်လျှောက်မှာ ပုံစံမျိုးစုံနှင့် ကြုံတွေ့ခဲ့ရပါတယ်။ တီဗီဖန်သားပြင်ပေါ်မှာ တစ်မျိုး၊ Billboard တွေမှာ တစ်မျိုးနှင့် ယခုဆိုအင်တာနက်မှာ ပုံစံမျိုးစုံနှင့် တွေ့မြင်ရပါတယ်။ ကြော်ငြာလုပ်ငန်းက အင်တာနက်ခေတ်မှာ ပုံစံတစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာခဲ့ပါတယ်။ ယခုဆိုရင်တော့ လူအများစုအသုံးပြုတဲ့ ဆိုရှယ်မီဒီယာတွေမှာ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာပေါ်မူတည်ပြီး ကြော်ငြာတွေကို မြင်တွေ့လာရပါတယ်။ ဥပမာ Facebook ပေါ်မှာ ကိုယ်က fashion နှင့် ပတ်သက်ပြီး အမြဲကြည့်ရှုနေရင် Fashion clothes အရောင်း post တွေကို အမြဲမြင်တွေ့လာရပါတယ်။ တစ်ခါနှစ်ခါ မြင်တွေ့ရတာ ဘာမျှမဖြစ်ပေမယ့် ကြိမ်ဖန်များစွာ မြင်တွေ့ရတဲ့အခါ အသုံးပြုသူတွေအတွက် အနှောင့်အယှက် ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ Platform တွေဖြစ်တဲ့ Facebook, X, Amazon တို့လို company တွေက နောက်ထပ် နည်းလမ်းတစ်ခု အသုံးပြုလာကြပါတယ်။ Subscription ဖိုးကို လစဉ်ပေးဆောင်ပြီး ကြော်ငြာတွေကို မမြင်တွေ့ရအောင် ပြုလုပ်လာကြပါတယ်။

Subscription ဖိုးတွေက အသုံးပြုသူတွေအတွက် ဘယ်လိုအကျိုးရှိနိုင်သလဲ?

ကြော်ငြာကင်းစင်တဲ့ အင်တာနက် မှ ကြိုဆိုပါသည် 1

Social Media Platform တွေက လူတွေကို ကြော်ငြာမြင်စေဖို့ အထိရောက်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ Platforms တွေမှာ ကြော်ငြာဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ စဉ်းစားစရာတွေ ဖြစ်ပေါ်လာပါပြီ။ Facebook ကို ကြော်ငြာမမြင်ရပဲ အသုံးပြုနိုင်ဖို့အတွက် Meta က ဥရောပနိုင်ငံတွေအတွက် တစ်လကို ဆယ်ဒေါ်လာနှင့် ဝယ်ယူနိုင်တဲ့ feature ကို မိတ်ဆက်ပါတယ်။ ထို့နည်းတူ Tiktok, X နှင့် အခြား platform တွေကလည်း subscription နည်းလမ်းတွေနှင့် မိတ်ဆက်ပါတယ်။ ကိုယ့် product ကို social media ပေါ်မှာ ကြော်ငြာချင်တဲ့လူတွေအတွက် subscription fees ကြောင့် လူအများဆီရောက်ရှိတာ ရပ်တန့်သွားနိုင်ပါသလား။

၂၀၁၄ ခုနှစ်မှာ အင်တာနက်အသုံးပြုသူရဲ့ ၅% ခန့်က subscription fees ပေးဆောင်ပြီး social media ကို အသုံးပြုကြပါတယ်။ ယခုနှစ်မှာတော့ ၁၃% ထိ သိသိသာသာတိုးတက်လာတာကို တွေ့ရပါတယ်။​ အခြား platform တွေဖြစ်တဲ့ spotify နှင့် Netflix တို့ကလည်း ကြော်ငြာလုပ်ငန်းအပေါ် ထိထိရောက်ရောက် လုပ်လာတာကိုတွေ့ရပါတယ်။ ဥပမာ သီချင်းနားထောင်တဲ့အခါ ကြော်ငြာမရှိပဲနားထောင်ချင်တာဖြစ်ဖြစ်၊ Netflix ကို တစ်၀ကြည့်နိုင်ဖို့အတွက် subscription fees ပေးရတာမျိုးတွေကို လုပ်ဆောင်လာပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ပြသနာတစ်ခုကို ဖန်တီးပေးထားပါတယ်။ ထိုပြသနာကိုဖြေရှင်းဖို့အတွက် subscription fees ပေးရုံနှင့် ပြသနာကို ဖြေရှင်းပေးတာဖြစ်ပါတယ်။

ကြော်ငြာကင်းစင်တဲ့ အင်တာနက် မှ ကြိုဆိုပါသည် 2

တစ်ချို့ လုပ်ငန်းတွေဖြစ်တဲ့ Foodpanda နှင့် Uber တို့လို app တွေမှာတောင် ကြော်ငြာလုပ်ငန်းကို လုပ်ဆောင်လာတာမြင်တွေ့လာရပါတယ်။ ကိုယ်က အစားအသောက် မှာတာဖြစ်ဖြစ်၊ ကားအငှားစီးတာဖြစ်ဖြစ် screen ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ကြော်ငြာလေးတွေကို မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ ကြော်ငြာလုပ်ငန်းက ရတဲ့ ဝင်ငွေက company တွေအတွက် များစွာ အထောက်အကူဖြစ်ပါတယ်။ အချို့အသုံးပြုသူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ subscription fees ပေးဆောင်တာပဲဖြစ်ပါတယ်။ ယခုပြောပြခဲ့တဲ့လုပ်ငန်းတွေအားလုံးက အင်တာနက်အပေါ်ခြေခံပြီးသွားတာကြောင့် အင်တာနက်ရှိနေသ၍ ကြော်ငြာလုပ်ငန်းတွေက အနာဂတ်မှာ ပိုပြီးများလာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Exit mobile version