ကြက်တွေအတွက် Smart Home ဖန်တီးလိုက်တဲ့ Coop Tech Company

Artificial Intelligence တွေအရေးပါမှုက ခြံထဲမှာကြက်မွေးမြူရေးလုပ်ရင်တောင် လိုအပ်လာပါပြီ။ အခုပြောပြမယ့် ကြက်တွေအတွက် Smart Home က အပျော်တမ်းအိမ်မှာ ကြက်မွေးတဲ့လူတွေအတွက် အသုံးဝင်ပါတယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်က နှစ်တစ်နှစ်မှာ ကြက်ဥပေါင်း ၃၀၀ခန့် စားသုံးပါတယ်။ အိမ်မှာ ကြက်မွေးပြီး ကြက်ဥစားသုံးမယ်ဆိုရင်တော့ အကုန်အကျလည်း သက်သာနိုင်ပြီး လတ်လတ်ဆတ်ဆတ်စားနိုင်ပါတယ်။

ကြက်တွေအတွက် Smart Home ဖန်တီးလိုက်တဲ့ Coop Tech Company 1

ကြက်တွေအတွက် Smart Home ကို ဖန်တီးတဲ့ Company name ကတော့ Coop ဖြစ်ပါတယ်။ ၂၀၂၁ မှာ စတင်တည်ထောင်ခဲ့ပြီး AI နည်းပညာ၊ camera တွေနှင့် App က တစ်ဆင့် ထိန်းချုပ်နိုင်တဲ့ နည်းပညာတွေပါဝင်ပါတယ်။ Company ကို တည်ထောင်ခဲ့တဲ့ Barnes က ကြက်တွေအကြောင်းသိဖို့ နာရီပေါင်း ၁၀၀၀၀ ကျော် အချိန်ကုန်ခဲ့ပြီးမှ ကြက်တွေအတွက် Smart Home ကို Design ရေးဆွဲခဲ့ပါတယ်။ ကြက်မတစ်ကောင်ရဲ့ ပျမ်းမျှ ဥနှုန်းက တစ်ပတ်ကို ငါးလုံးအထိ ဥနိုင်ပြီး ရာသီဥတုအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ Company ရဲ့ ရုံးချုပ်မှာလည်း ကြက်အကောင်ပေါင်း သုံးဆယ်ကို မွေးမြူထားပြီး Smart Home နဲ့ ထားရှိထားပါတယ်။ Smart Home ကို run ဖို့အတွက် ပေ၁၀၀ ပတ်လည်မှာ အင်တာနက် connection နှင့် မီးကြိုးပြေးနိုင်ဖို့ လိုပါတယ်။ မြက်တွေလည်းရှိနေဖို့ လိုအပ်ပါတယ်။ Smart Home မှာ မီးလုံး၊ ကင်မရာနှင့် အပြင်က တိရစ္ဆာန်တွေ မဝင်နိုင်အောင် လျှပ်စစ်ခြံစည်းရိုး ပါပါတယ်။ ခြံစည်းရိုးမှာ လျှပ်စစ်ထုတ်လွှတ်ထားပြီး မြွေနှင့် အခြားတိရစ္ဆာန်တွေ မဝင်နိုင်အောင် တားမြစ်နိုင်ပါတယ်။ ကင်မရာက အပြင်နှင့် အတွင်းမှာ တစ်လုံးစီပါပြီး Phone App က တစ်ဆင့်ကြည့်ရှုနိုင်ပါတယ်။

ကြက်တွေအတွက် Smart Home ဖန်တီးလိုက်တဲ့ Coop Tech Company 2

ဒီအိမ်လေးကို တီထွင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကြက်တွေကို တစ်ခါမှမမွေးမြူဖူးတဲ့လူတွေအတွက် လွယ်ကူအောင် ဖန်တီးထားတာဖြစ်ပါတယ်။ Customer တွေရဲ့ ၅၆% ကလည်း ကြက်ကို တစ်ခါမှ မမွေးမြူဖူးပါဘူး။ Coop ရဲ့ AI ကိုတော့ Albert Eggstein လို့နာမည်ပေးထားပါတယ်။ Albert Eggstein က ကင်မရာကတစ်ဆင့် ကြက်တွေရဲ့အခြေအနေတွေကို သုံးသပ်ပြီး အကြောင်းပြန်ပေးပါတယ်။

ကြက်တွေအတွက် Smart Home ဖန်တီးလိုက်တဲ့ Coop Tech Company 3

တစ်ပတ်စာ ကြက်တွေရဲ့ ကျန်းမာရေးအခြေအနေ၊ ဥတွေကို သိမ်းဆည်းဖို့အချိန်ကျရင်လည်း ဖုန်း App ကတစ်ဆင့် အကြောင်းကြားပေးပါတယ်။ ကြက်တွေကို အစာကြွေးချိန်၊ ပျော်ရွှင်မှုရှိမရှိ စသဖြင့် များစွာသော function တွေကိုလည်း လုပ်ဆောင်နိင်ပါတယ်။ ကြက်တွေရဲ့ ကျန်းမာရေးတွေကိုပါ တိုင်းတာနိုင်တဲ့အထိ တွက်ချက်ပေးနိုင်တဲ့ function တွေကိုတော့ နောက်တစ်နှစ်အတွင်းမှာ ရရှိလာလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ကြက်တွေအတွက် Smart Home ဖန်တီးလိုက်တဲ့ Coop Tech Company 4

လက်ရှိမှာတော့ Coop ကို ဒေါ်လာ ၁၉၉၅ နှင့်ရောင်းချနေပြီး အခြား AI functions တွေအတွက်တော့ လစဉ်ကြေးတွေရှိပါတယ်။ ယခုထုတ်လုပ်ထားတဲ့ Version မှာတော့ ကြက် ခြောက်ကောင်အထိ ဆံ့ပြီး နောက်ထပ်လာမယ့် version တွေမှာတော့ ကြက်များများဆံ့အောင် စီစဉ်ထားတယ်လို့ သိရှိရပါတယ်။ စာဖတ်သူတွေရော ကြက်ကို Smart Home နှင့် မွေးမလား၊ မိရိုးဖလာနည်းအတိုင်းမွေးမလားဆိုတာတော့ စဉ်းစားစရာဖြစ်လာပါပြီ။

Exit mobile version