ကျောင်းသားတွေအတွက် အကောင်းဆုံး Laptops များ

ကလေးအသက်အရွယ်အပေါ်မူတည်ပြီး Laptops တွေရဲ့လိုအပ်ချက်ကလည်း ကွဲပြားလာပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ မူလတန်းအရွယ်တည်းက Computers တွေကို အကျွမ်းတဝင်ဖြစ်အောင် သင်ကြားနေပါပြီ။ International Schools တွေမှာတော့ ကလေးတွေကို Tablets တွေအသုံးပြုနိုင်အောင် ကျောင်းကိုယူဆောင်လာခွင့်ပေးပါတယ်။ အခုပြောပြပေးမယ့် Laptops တွေကတော့ ကျောင်းသားအများစုအပါအဝင် တက္ကသိုလ်ကျောင်းသားတွေပါ အသုံးပြုနိုင်ပြီး စျေးလည်း​အတန်အသင့် Laptops တွေဖြစ်ပါတယ်။

၁။ HP Pavilion Laptop 14

အားတော်တော်လေးခံပြီး i5 Laptops တွေထဲမှာ ရွေးချယ်သင့်တဲ့ laptop လေးဖြစ်ပါတယ်။ ကောင်းတဲ့အချက်တစ်ခုကတော့ Memory, Speed နှင့် Graphic Processor ကို Upgrade လုပ်နိုင်တာပါပဲ။ စျေးအနေနှင့်လည်း အရမ်းကြီးမများပဲ weight လည်းပေါ့တာကြောင့် ကျောင်းသားတွေအနေနှင့် ရွေးချယ်သင့်တဲ့ laptop ဖြစ်ပါတယ်။

၂။ Lenovo ChromeBook Duet3

Two-in-one device ဖြစ်ပြီး chrome OS နဲ့လာတာဖြစ်ပါတယ်။​ ကီးဘုတ်နဲ့ မျက်နှာပြင်ကို သက်သက်စီ ချွတ်ပြီးအသုံးပြုနိုင်ပါတယ်။ Keyboard ကလည်း ကော်ဖီဖိတ်ကျတာဖြစ်ဖြစ် ရေခွက်ပြုတ်ကျတာဖြစ်ဖြစ် water spill proof ကြောင့် အဆင်ပြေပါတယ်။ စျေးသက်သာပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တော်တော်များများကိုတော့ ဖြည့်ဆည်းပေးနိုင်ပါတယ်။

၃။ Tanoshi Scholar

ဒီ Laptop ကတော့ Shark Tank ကြည့်တဲ့လူတွေအတွက်တော့ သိတဲ့ laptop ဖြစ်ပါတယ်။ လူတိုင်းတက်နိုင်တဲ့ laptop လေးဖြစ်ပြီး မူလတန်းကလေးတွေအတွက် အထူးသင့်တော်တဲ့ laptop ဖြစ်ပါတယ်။ မိဘတွေအနေနှင့် ကလေးတွေကို ထိန်းချုပ်နိုင်တဲ့ feature တွေပါဝင်ပြီး ကလေးငယ်တွေအတွက် အထူးသင့်တော်တဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ Keyboard ကိုလည်း ဖြုတ်လို့ရတာကြောင့် အထူးသင့်တော်ပါတယ်။

၄။ Google Pixelbook Go

အလေးချိန်အနေနှင့် ပေါ့ပါးပြီး ကင်မရာနှင့် စပီကာကလည်း ကောင်းတဲ့အဆင့်မှာရှိပါတယ်။ Chrome OS နှင့်လာတာဖြစ်ပြီး USB-C port ကတော့ လုပ်နိုင်စွမ်းတွေကို ကန့်သတ်ထားပါတယ်။ စာသင်ခန်းထဲကကျောင်းသားတစ်ယောက်အတွက် လိုအပ်ချက်တွေတော့ အကုန်ဖြည့်ဆည်းပေးနိုင်တဲ့ Laptop ဖြစ်ပါတယ်။ အလားတူ Chromebook အမျိုးအစားတွေဖြစ်တဲ့ Dell Chromebook 3110 နှင့် Acer Chromebook Spin 311 တို့ကိုလည်း စဉ်းစားသင့်ပါတယ်။

၅။ Microsoft Surface Go3

Microsoft ကထုတ်တဲ့ ကိုယ်ပိုင် Laptop ဖြစ်ပြီး window အသုံးပြုသူတွေအတွက် မစိမ်းတဲ့ laptop ဖြစ်ပါတယ်။ စျေးအနေနှင့် အခြား Laptop တွေထက် အနည်းငယ်များပြီး Microsoft က ထုတ်တဲ့ Laptops တွေထဲမှာတော့ စျေးအသက်သာဆုံး Laptop အမျိုးအစားဖြစ်ပါတယ်။

၆။ Apple MacBook Air

Laptops Brand တွေထဲမှာ အကောင်းဆုံးဖြစ်ပြီး စျေးကလည်းအခြား Laptop တွေထက် ပိုစျေးကြီးပါတယ်။ ပိုက်ဆံနည်းနည်းပိုသုံးနိုင်ရင်တော့ M1 Macbook Air ကို ရွေးချယ်သင့်ပါတယ်။ Macbook တစ်လုံးရဲ့သက်တမ်းက အနည်းဆုံး ငါးနှစ်အထိလှည့်ကြည့်စရာမလိုပါဘူး။ စျေးကွက်ထဲမှာ ထွက်နေတဲ့ Laptop တွေထက်ကို သာလွန်နေပြီး ပေးရတဲ့စျေးနှင့် ရတဲ့ performance က​ အများကြီးကောင်းပါတယ်။ Macbook မှာ အမျိုးအစားအများကြီးရှိပေမယ့် M1 Macbook Air က Base Model ဖြစ်ပြီး Macbook တွေထဲမှာလည်း စျေးအသက်သာဆုံးဖြစ်ပါတယ်။ သင့်အနေနှင့် M1 Macbook Air ကို ရွေးချယ်ပြီးပြီဆိုရင်တော့ အနည်းဆုံးငါးနှစ်အထိ Laptop အကြောင်းကို စဉ်းစားစရာမလိုပါဘူး။

Exit mobile version