ကျောင်းသားတွေအတွက် သင်ကြားရေးမှာ အထောက်အကူပြုမယ့် အကောင်းဆုံး App များ

ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့ ပညာရေးလမ်းကြောင်းမှာ မိဘနှင့်ဆရာတွေက အကောင်းဆုံးအထောက်အကူတွေပေးနိုင်ပါတယ်။ သို့ပေမယ့် အသုံးဝင်တဲ့ App တွေကို ထည့်ထားမယ်ဆိုရင်တော့ သင်ကြားရေးမှာ များစွာအထောက်အကူပေးနိုင်ပါတယ်။

ကျောင်းသင်ခန်းစာတွေအတွက်​ အကောင်းဆုံး App များ

Quizlet ကတော့ ကျောင်းသားတွေရဲ့ သင်ခန်းစာမှာ အထောက်အကူပြုပါတယ်။ ဥပမာ သင်က Social Environment ဘာသာရပ်ကို လေ့လာနေရင် ဒီ Appက A.I အကူအညီနှင့် သင့်ကို ကောင်းမွန်တဲ့ အကြံပြုချက်တွေပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်နားမလည်တဲ့ အိမ်စာတွေကိုလည်း ဝိုင်းလုပ်ပေးနိုင်ပါတယ်။​ ဒီအချက်ကို အသုံးချပြီး ဆရာမကိုလည်း လိမ်လို့ရတယ်ဆိုတာတော့ ဆရာတွေအနေနဲ့ သတိထားရပါမယ်။

Otter ကတော့ စာသင်ခန်းမှာ ဆရာတွေပြောနေတဲ့ Lecture တွေကို အချိန်နှင့်တစ်ပြေးညီ မှတ်သားထားနိုင်ပြီး စာအဖြစ်မှတ်သားထားနိုင်ပါတယ်။ Subscription အပေါ်မူတည်ပြီး အသုံးပြုလို့ရနိုင်တယ့် Features တွေက ကွဲပြားသွားနိုင်ပါတယ်။

Citationsy ကတော့ မည်သည့်စာအုပ်မဆိုရှိတဲ့ အဆိုအမိန့်တွေကို Barcode ကို Scan ဖတ်ရုံနှင့် Citation တွေကိုကြည့်ရှုနိုင်ပါတယ်။ Research နှင့် Thesis Paper တွေလုပ်တဲ့လူတွေအတွက် အများကြီးအဆင်ပြေပြီး အသုံးတည့်တဲ့ App တစ်ခုဖြစ်ပါတယ်။

Microsoft Lens က Whiteboard မှာရှိတဲ့စာတွေ၊ စာအုပ်ထဲကစာတွေကို ဓါတ်ပုံရိုက်လိုက်ရုံနှင့် စာတွေကို ပြန် Edit လုပ်နိုင်ပါတယ်။ PDF Format အဖြစ်လည်း ပြောင်းလဲနိုင်တာကြောင့် အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။

SimpleMind က သင့်ပုံရိပ်မှာရှိတဲ့ Mindmapping လုပ်ဖို့အတွက် အကောင်းဆုံး App ဖြစ်ပါတယ်။ Group နဲ့ဆွေးနွေးထားတဲ့အကြောင်းအရာတွေကိုလည်း သိမ်းဆည်းဖို့ အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။

ကျောင်းသားတွေအတွက် သင်ကြားရေးမှာ အထောက်အကူပြုမယ့် အကောင်းဆုံး App များ 1

အတန်းအချိန်ဇယားကို အကောင်းဆုံးစီမံခန့်ခွဲနိုင်မယ့် App များ

MyHomework က အိမ်စာတွေကို ဘယ်အချိန်မှာ အပြီးလုပ်ရမလဲ၊ ဘာတွေလုပ်ရမလဲဆိုတာ စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ App ဖြစ်ပါတယ်။

Exam Countdown ကတော့ Exam ဘယ်အချိန်ဖြေရမလဲဆိုတာ Timer တစ်ခုလို ထားနိုင်တဲ့ App ဖြစ်ပါတယ်။ Widget အနေနှင့်လည်း အသုံးပြုနိုင်ပါတယ်။

ဖော်ပြပါ Apps တွေကိုတော့ Google Playstore နှင့် App store မှာ Download လုပ်ယူနိုင်ပြီး Subscription အပေါ်မူတည်ပြီး အသုံးပြုလို့ရတဲ့ Features တွေလည်း ကွဲပြားသွားမှာဖြစ်ပါတယ်။

Exit mobile version