ကိုယ့်ရဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ မကျန်အောင် ဘယ်လိုလုပ်ရမလဲ

အင်တာနက်ကို အသုံးပြုတဲ့လူတိုင်း လုပ်ရမယ့်အရေးကြီးဆုံးတစ်ချက်က ကိုယ့်ရဲ့အချက်အလက်တွေကို အလွယ်တကူမကျန်အောင် အမြဲဖြတ်ပစ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Social Media အသုံးပြုများတဲ့လူတွေနှင့်အခြားဖုန်းApps တွေသုံးတဲ့သူတွေအတွက် အရေးကြီးဆုံးကတော့ Data တွေကို ရှင်းဖို့အရေးကြီးပါတယ်။ အင်တာနက်ပေါ်မှာ အရေးကြီးဆုံးက Data ဖြစ်ပြီး Data Hunters လို့ခေါ်တဲ့ မသမာသူတွေအများကြီးရှိပါတယ်။ သင့်ရဲ့ Data တစ်ခုကို ရသွားပြီဆိုတာနှင့် အခြားမလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်။ အင်တာနက်ကိုအသုံးပြုတိုင်း

၁။ Security Function တွေကို သေချာစစ်ဆေးပါ

ကိုယ့်ရဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ မကျန်အောင် ဘယ်လိုလုပ်ရမလဲ 1

ပထမဦးဆုံး Browser တွေကိုအသုံးပြုမယ်ဆိုရင် settings ကိုသေချာစစ်ဆေးပါ။ Setting ထဲမှာပါတဲ့ cookies တွေကို disable လုပ်ထားဖို့လိုပါတယ်။ ‘Do Not Track’ feature ကို ဖွင့်ထားဖို့လိုပါတယ်။ များသောအားဖြင့် Chrome လို browser မှာ setting ထဲက search bar မှာ အလွယ်တကူရှာပြီး ပိတ်လို့လည်းရပါတယ်။ လွတ်လွတ်လပ်လပ်အသုံးပြုချင်ရင်တော့ Private Window ဖွင့်ပြီးအသုံးပြုတာ အဆင်ပြေဆုံးဖြစ်ပါတယ်။

၂။ အသုံးမပြုတဲ့ Apps တွေကို ကွန်ပျူတာ၊ Tablets နှင့် ဖုန်းတွေက uninstall တစ်ခါတည်းလုပ်ပါ

လူတွေရဲ့ Data ကိုအများဆုံးရတဲ့နေရာကတော့ ဖုန်းနှင့် Tablets တွေပဲဖြစ်ပါတယ်။ Apps တွေကို တစ်ခါတည်း uninstall မလုပ်ခင် အရင်ဆုံး App ထဲဝင်ပြီး ကိုယ့်ရဲ့ Personal Information တွေကို တစ်ခါတည်းဖြုတ်ပစ်ဖို့လိုပါတယ်။ App တွေကို download လုပ်တဲ့အခါမှာလည်း Privacy settings တွေကို သေချာစစ်ဆေးဖို့လိုပါတယ်။

၃။ အသုံးမပြုတဲ့ E-mail Address တွေကို ဖျက်ပစ်ပါ

တစ်ခါတစ်လေမှာ သင်အသုံးမပြုပဲ login ဝင်ထားတဲ့ email address တွေ ကွန်ပျူတာမှာ ကျန်နေတက်ပါတယ်။ ဒီနည်းလမ်းက Data တွေကို အလွယ်တကူနှင့် အများဆုံးရယူနိုင်တဲ့ နည်းလမ်းပါပဲ။ Email ကို ဝင်လို့ရယုံနှင့် သင့်ရဲ့ အရေးကြီးတဲ့အချက်အလက်တွေကို အလွယ်တူ ရယူဖို့ မခက်ခဲတော့ပါဘူး။ ဒါကြောင့် ကွန်ပျူတာ အသစ်၊ ဖုန်းအသစ်တွေကို အသုံးပြုမယ်ဆိုရင် ဒီအချက်ကို သတိထားဖို့အရေးကြီးပါတယ်။

၄။ Google မှ သင့်ရဲ့ အချက်အလက်တွေကို ဖျက်ပစ်ပါ

ယနေ့ခေတ်မှာ လူတစ်ယောက်အကြောင်းကိုသိဖို့ နာမည်တစ်လုံးသိရုံနှင့် Google မှာ ရှာလိုက်ပါက သူ့ရဲ့ social media account တွေပါ အစဉ်လိုက် ကျလာပါတယ်။ သင်က influencer တစ်ယောက် (သို့) လူသိများတဲ့လူတစ်ယောက်ဆိုရင် Google မှာ အလွယ်တကူ သင့်ကိုရှာနိုင်ပါတယ်။ ဒီလိုမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ support google မှာ Form ဖြည့်ပြီး request လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင့် အချက်အလက်တွေကို ၁၀၀% Google မှာ မကျန်နိုင်ဘူးလို့တော့ မပြောနိုင်ပါဘူး။ သို့ပေမယ့် သင့်အကြောင်းကို အလွယ်တကူရှာလို့မရအောင်တော့ ကူညီပေးနိုင်ပါတယ်။

၅။ Data ပွဲစားတွေကို သတိထားပါ

ကိုယ့်ရဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ မကျန်အောင် ဘယ်လိုလုပ်ရမလဲ 2

​Data ပွဲစားတွေက သင်တို့အသုံးပြုတဲ့ websites တွေမှာ ခြေရာခံနိုင်တဲ့ feature တွေကို ထည့်ထားတက်ပါတယ်။ သင် online shopping ဝယ်ယူတဲ့အခါမျိုး၊ သင့်တစ်လဝင်ငွေ (သို့) ကျန်းမာရေးအချက်အလက်တွေကို ထည့်သွင်းထားတယ်ဆိုရင် ဖြုတ်ပစ်ဖို့လိုပါတယ်။ Data ပွဲစားတွေက လူတွေရဲ့ Data တွေကို နိုင်ငံရေးသမားတွေနှင့် ကြောငြာ Agency တွေကို ရောင်းစားကြပါတယ်။ Data တွေအပေါ်မူတည်ပြီး အရာအားလုံးကို တွက်ချက်နိုင်ပါတယ်။ ဥပမာ နောင်လာမည့် ငါးနှစ်အတွင်း လူနေမှုပုံစံ၊ စီးပွားရေးနှင့် လူတွေရဲ့ အကြိုက်တွေ စသဖြင့် အလိုရှိသလို တွက်ချက်နိုင်ပါတယ်။

Exit mobile version