EVs Cars တွေကို နိုင်ငံအများစုမှာ တွေ့လာရပေမယ့် အခုပြောပြတဲ့ ငါးနိုင်ငံကတော့ ကမ္ဘာပေါ်မှာ EV ကားတွေအများဆုံးအသုံးပြုတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အစိုးရကိုယ်တိုင်က EV cars တွေအသုံးပြုအောင် ပြည်သူတွေကို တွန်းအားပေးကြလို့ဖြစ်ပါတယ်။
၁။ Finland နိုင်ငံ
အစိုးရက ၂၀၂၅ခုနှစ်ထိ EV cars ဝယ်ယူသူတွေကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး အားသွင်းလို့ရတဲ့ Charging Stations တွေကိုတည်ဆောက်ဖို့ ငွေကြေးရင်းနှီးမြှုပ်နှံထားပါတယ်။ ကမ္ဘာပေါ်က EV Cars တွေဝယ်ယူသူရဲ့ ၃၈% က Finland နိုင်ငံက ဖြစ်ပါတယ်။
၂။ Denmark နိုင်ငံ
၂၀၁၅ ခုနှစ်တည်းက EV Cars ဝယ်ယူသူတွေအတွက် အခွန်ကို ၆၀%ထိ လျှော့ထားပေးပြီး နှစ်စဉ် အခွန်ဝင်ငွေကိုလည်း လျှော့ပေါ့ပေးထားပါတယ်။ လျှပ်စစ်အသုံးပြုမှုအတွက်လည်း အခွန်ကိုလည်း အများကြီးလျှော့ပေးထားပါတယ်။ EV ကားစျေးကွက်ထဲက ၃၉% က Denamark နိုင်ငံက ဖြစ်ပါတယ်။
၃။ Sweeden နိုင်ငံ
ဆွီဒင်နိုင်ငံက EV Cars တွေကို ပြည်သူတွေများများသုံးစွဲနိုင်အောင် နှစ်စဉ်အခွန်ဝင်ငွေနှင့် အခြားအခွန်တွေကို လျှော့ပေးထားပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ၅၀% ထိသက်သာပြီး ကမ္ဘာပေါ်မှာ EV Cars သုံးစွဲမှု အများဆုံးထဲက နိုင်ငံလည်း ဖြစ်ပါတယ်။ EV Cars ဝယ်ယူသူစျေးကွက်ရဲ့ ၅၄% က ဆွီဒင်နိုင်ငံက ဖြစ်ပါတယ်။
၄။ Iceland နိုင်ငံ
Iceland နိုင်ငံက ငါးနှစ်အတွင်းမှာ EV Cars ဝယ်ယူမှုအများဆုံးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ်စွမ်းအင်ကိုလည်း သဘာ၀က ရယူပြီး ဆိုလာပြား၊ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်တွေနှင့် လည်ပတ်တာကြောင့် Green Energy အများဆုံး အသုံးပြုတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အခြားနိုင်ငံတွေနှင့် ယှဉ်ရင် လျှပ်စစ်ကားစျေးနှုန်းတွေကလည်း သက်သာပါတယ်။ Iceland က ကမ္ဘာပေါ်မှာ လျှပ်စစ်ကားအသုံးပြုမှု ဒုတိယအများဆုံးနိုင်ငံအနေနှင့် ရပ်တည်နေပါတယ်။ EV Cars ဝယ်ယူသူရဲ့ ၇၀% က Iceland နိုင်ငံကဖြစ်ပါတယ်။
၅။ Norway
၂၀၂၃ ခုနှစ်မှာ ကမ္ဘာပေါ်မှာ လျှပ်စစ်ကားအသုံးပြုမှုအများဆုံးနိုင်ငံအဖြစ် Norway နိုင်ငံက ရပ်တည်နေပါတယ်။ ၁၉၉၀ ခုနှစ်လောက်ထဲက လျှပ်စစ်ကားတွေကို အသုံးပြုဖို့ အစိုးရကိုယ်တိုင် တိုက်တွန်းပါတယ်။ EV Car ဝယ်ရင် အခွန်ကင်းလွတ်ခွင့်ပါပေးထားပြီး သဘာ၀ပတ်ဝန်းကျင်ကို အရမ်းထိန်းသိမ်းတဲ့နိုင်ငံအဖြစ်လည်း နာမည်ကြီးပါတယ်။ EV Cars ဝယ်ယူသူတွေရဲ့ ၈၈% ကို Norway နိုင်ငံက နေရာယူထားပြီး ကမ္ဘာပေါ်တွင် EV Cars အသုံးပြုမှုအများဆုံး နိုင်ငံအနေနှင့် ရပ်တည်နေပါတယ်။