ကမ္ဘာကြီးရဲ့ ရေပြတ်လတ်ရှားပါးမှုကို ဖြေရှင်းပေးဖို့အတွက် AI နည်းပညာကို စတင်အသုံးပြုတဲ့ Earth05

Earth05 လို့အမည်ရတဲ့ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုက​ ရေပြတ်လတ်ရှားပါးမှုပြသနာကို ဖြေရှင်းဖို့အတွက် AI နည်းပညာကို စတင်အသုံး​ပြုနေပြီဖြစ်ကြောင်း သိရပါတယ်။ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာနေထိုင်တဲ့ ၂.၂ ဘီလီယံကျော် လူတွေက ရေကို အလွယ်တကူမရရှိပဲ ခက်ခဲနေကြပါတယ်။ သောက်သုံးရေတွေကလည်း မသန့်တာကြောင့် ကျန်းမာရေးအတွက် ထိခိုက်နေပါတယ်။ ၂၀၃၀ အကုန်မှာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေအားလုံး သောက်ရေသုံးရေ ရရှိအောင် Earth05 ကကြိုးစားသွားမယ်လို့ သိရပါတယ်။

AI နည်းပညာကို ဘယ်လိုအသုံးပြုမလဲ?

ကမ္ဘာကြီးရဲ့ ရေပြတ်လတ်ရှားပါးမှုကို ဖြေရှင်းပေးဖို့အတွက် AI နည်းပညာကို စတင်အသုံးပြုတဲ့ Earth05 1

Earth05 က ပထမဦးဆုံး ရေရဲ့အရေးပါမှု အကြီးဆုံးအပိုင်းဖြစ်တဲ့ ရာသီဥတုခန့်မှန်းချက်ကို AI နည်းပညာနှင့် တွက်ချက်မှာ ဖြစ်ပါတယ်။ ရာသီဥတု ခန့်မှန်းချက်အပေါ်မူတည်ပြီး ရေကို ရရှိအောင် နည်းမျိုးစုံနှင့် အဖြေတွေကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ ဥပမာ ရေအရင်းအမြစ် ဆုံးရှုံးမှုနည်းအောင်၊ ရာသီဥတုကောင်းမွန်အောင် လုပ်နိုင်တဲ့အရာတွေကို လူရဲ့ အကူအညီနှင့်အတူ AI ကို တွက်ချက်ခိုင်းမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးနှင့် မြေမျက်နှာသွင်ပြင်အနေအထားအရ ရေကိုရရှိနိုင်အောင် တွက်ချက်တဲ့နေရာမှာ AI အကူအညီကြောင့် အများကြီး အထောက်အကူဖြစ်ပါတယ်။ လက်ရှိကမ္ဘာကြီးမှာ ရေရှားပါးတဲ့ နိုင်ငံတွေကတော့ Mexico, Brazil, India နှင့် Middle East နိုင်ငံတွေဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ကြုံတွေ့လာရတဲ့ ရေကြီးမှုပြသနာကိုလည်း AI ရဲ့အကူအညီနှင့် အဖြေရှာနိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version