ကမ္ဘာကျော် အဆိုတော် Bruno Mars ပြောပြတဲ့ အရေးကြီးတဲ့ Skill

“Bruno Mars” လို့ပြောလိုက်ရင် မသိတဲ့သူမရှိသလောက် ရှားပါတယ်။​ Pop သီချင်းလောက က ထိပ်ဆုံးနေရာတွေမှာ အမြဲတမ်းရှိနေပြီး Grammy ဆုတွေကိုသိမ်းပိုက်ထားနိုင်တဲ့ အဆိုတော်လည်းဖြစ်ပါတယ်။ CNBC သတင်းဌာနက အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ Bruno Mars ကို သူ့ရဲ့အောင်မြင်မှုသော့ချက်တွေကို မေးမြန်းထားတဲ့ အစီအစဉ်က ပြန်တင်ပြလိုက်ရပါတယ်။

Bruno Mars က သူအခုလိုအောင်မြင်တာ ကောင်းမွန်တဲ့သီချင်းပါရမီ တစ်ခုတည်းကြောင့်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။​ “ဘယ်အရာပဲလုပ်လုပ်၊ ရိုးသားမှုရှိဖို့ လိုပါတယ်။ ဒီအချက်က ကျွန်တော့်အသက်မွေးဝမ်းကြောင်းမှာ အရမ်းအရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။ သီချင်းတွေကို ရေးသားတဲ့အခါမှာလည်း​ စိတ်ရောလူရောနှစ်ပြီး ရေးသားပါတယ်။ အလွယ်နည်းလမ်းက ဘယ်တော့မှ မလိုက်ခဲ့ပါဘူး။” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

Bruno Mars နှင့် ရရှိခဲ့သော Grammy ဆုများကို တွေ့ရစဉ်

Bruno Mars က အသက်(၂)နှစ်လောက်တည်းက Elvis ပုံစံတွေကို အတုခိုးပြီး စလုပ်တက်နေပါပြီ။ အထက်တန်းကျောင်းပြီးတဲ့အခါမှာတော့​ Los Angeles မြို့ကို သီချင်းနဲ့အသက်မွေးဝမ်းကျောင်းလုပ်ဖို့အတွက် ပြောင်းရွှေ့ခဲ့ပါတယ်။ “ငယ်တဲ့အချိန်က အရမ်းကောင်းပါတယ်။​ ဘာမှလည်းမသိပဲ မစဉ်းစားပဲ လုပ်နေတာကိုက လွတ်လွတ်လပ်လပ် ပျံသန်းရတာနဲ့ တူတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ Mars က Pop နှင့် R&B လောကမှာ နေရာရခဲ့ပြီး နာမည်ကြီးအဆိုကျော်တွေဖြစ်တဲ့ Adele, Alicia Keys နှင့် Jay-Z တို့နှင့်အတူတူ သီချင်းတွေရေးသား သီဆိုနိုင်ခဲ့ပါတယ်။ Bruno Mars က ပိုက်ဆံစုဆောင်းမိလာတဲ့အခါမှာ Company အချို့မှာ ရင်းနီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ Bruno Mars ပြောပြတဲ့နောက်တစ်ချက်ကတော့ “လုပ်ရမယ့် အလုပ်အတွက် ဘယ်တော့မှမကုန်ခမ်းတဲ့ Energy ရှိနေတဲ့အလုပ်မျိုးကို လုပ်ပါ” လို့ပြောကြားခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာတော့ SelvaRey Rum ရဲ့ co-owner တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Bruno Mars နှင့် SelvaRey Rum ကို အတူတွေ့ရစဉ်

နောက်တစ်ချက် Mars ပြောပြတဲ့အချက်ကတော့ ကြိုးစားပြီးရလာတဲ့ ရလဒ်ကောင်းတွေက အမြဲချိုမြိန်ပြီးအရသာ ရှိတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ “အကယ်၍ သီချင်းတစ်ပုဒ်ရေးသားလို့ မပေါက်ခဲ့ဘူးဆိုရင်လည်း ညဘက်ကျွန်တော် ကောင်းကောင်းအိပ်ပျော်နိုင်တယ်။ အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတဲ့ အသိနှင့် အိပ်ရာဝင်နိုင်တယ်။” ဆိုပြီး လူတိုင်းအိပ်ရေးက အရေးကြီးတဲ့အချက်ကို ပြောကြားခဲ့ပါတယ်။

Exit mobile version