၂၀၃၀ခုနှစ်မှာ အာကာသယာဉ်မှုးတွေကို လကမ္ဘာပေါ် လွှတ်ဖို့ပြင်ဆင်နေတဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံမှ တာဝန်ရှိသူတွေက လကမ္ဘာပေါ်ကို တရုတ်အာကာသယာဉ်မှုးတွေကို လွတ်တင်ဖို့ အစီအစဉ်ကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာမှာ နိုင်ငံသူနိုင်ငံသားတွေကို လကမ္ဘာပေါ်ပို့ဆောင်ဖို့ ကြိုးစားနေတဲ့ ဒုတိယနိုင်ငံလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံအမျိုးသား အာကာသဌာနရဲ့ အင်ဂျင်နီယာချူပ်ဖြစ်တဲ့ Zhang Hailianက လကမ္ဘာပေါ်လူတွေပို့ဆောင်ဖို့ အစီအစဉ်ကို wuhan မြို့မှာပြောကြားခဲ့ပါတယ်။ အဆိုပါ မစ်ရှင်ကို ၂၀၃၀ မတိုင်မီ အပြီးသတ်မှာဖြစ်ပြီး လကမ္ဘာပေါ်မှာ လူသားတွေအတွက် အကျိုးပြုမယ့်အရာတွေနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဖို့အတွက် လုပ်ဆောင်တာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Surface Lander လို့အမည်ရတဲ့ လကမ္ဘာပေါ်ဆင်းသက်နိုင်တဲ့ အာကာသယာဉ်ပျံကို လွှတ်တင်ဖို့အတွက် ကမ္ဘာမြေပြင်မှတစ်ဆင့် အာကာသယာဉ်နှစ်ဆီးက သယ်ဆောင်သွားပါမယ်။ အာကာသကို ရောက်တဲ့အခါမှာ ယာဉ်မှုးတွေက surface lander ထဲကို ဝင်ရောက်ပြီး လကမ္ဘာရဲ့ မြေပြင်ပေါ်ဆင်းသက်မှာ ဖြစ်ပါတယ်။ လကမ္ဘာရဲ့ မြေပြင်မှာတော့ သိပ္ပံနည်းကျ စမ်းသပ်မှုပြုလုပ်မယ့်အရာတွေကို စုဆောင်းပြီး အာကာသထဲမှာကျန်ခဲ့တဲ့ ယာဉ်ဆီပြန်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာမြေပြင်ကိုတော့ ထိုယာဉ်နဲ့အတူ ပြန်ဆင်းသက်လာမှာ ဖြစ်ပါတယ်။

အဆိုပါ မစ်ရှင်ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်၊ အာကာသယာဉ်မှုး၊ အင်ဂျင်နီယာတွေနဲ့ တာဝန်ရှိသူတွေက အလုပ်များနေတာဖြစ်ပါတယ်။ ဒီမစ်ရှင်ကို Lunar Mission လို့ အမည်ပေးထားပြီး တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ အာကာသမစ်ရှင်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ၁၉၇၀ ခုနှစ်မတိုင်ခင်ထိ တရုတ်နိုင်ငံက satellite ကို အာကာသထဲထိ လွှတ်တင်ခြင်းမရှိခဲ့ပေမယ့် အမေရိကန်နိုင်ငံကတော့ လကမ္ဘာပေါ်မှာ အာကာသယာဉ်မှုးတွေကို လမ်းပေးလျှောက်နိုင်ခဲ့ပါပြီ။ ၂၀၁၃ ခုနှစ်မှာတော့ တရုတ်နိုင်ငံက လကမ္ဘာပေါ်ကို ဆင်းသက်နိုင်တဲ့ ယာဉ်တစ်စီးကိုတော့ လွှတ်တင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ သမ္မတ Xi Jinping က အာကာသထဲကို ယာဉ်ပျံတွေ လွှတ်တင်ခြင်းက အိမ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ အင်အားကြီးလာအောင် လုပ်ဆောင်နိုင်လာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ ဦးဆောင်မှုနဲ့အတူ တရုတ်နိုင်ငံက အာကာသမစ်ရှင်အတွက် ၂၀၁၉ ခုနှစ်မှာ ကန်ဒေါ်လာ ၅.၈ ဘီလီယံထိ အသုံးပြုခဲ့တယ်လို့ စီးပွားရေးသုံးသပ်သူတစ်ချို့က တွက်ချက်ခဲ့ပါတယ်။ ထိုနှစ်မှာပဲ တရုတ်နိုင်ငံက လကမ္ဘာပေါ်ကို အာကာသယာဥ် ထုတ်လွှတ်နိုင်ခဲ့တယ်ဆိုပြီး သမိုင်းမှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၂၀ခုနှစ်မှာတော့ လကမ္ဘာပေါ်က အစိုင်အခဲတွေကို အောင်မြင်စွာ ပြန်သယ်ဆောင်လာနိုင်တဲ့ တတိယနိုင်ငံအဖြစ်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

တရုတ်နိင်ငံက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကိုယ်ပိုင်အာကာသစခန်းကို တည်ဆောက်နေခဲ့ရာမှ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ထိုအာကာသစခန်းကို Tiangong space station လို့ အမည်ပေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station – ISS) က အာကာသထဲမှာ ရှိနေပေမယ့် တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံရေး တင်းမာမှုတွေကြောင့် တရုတ်နိုင်ငံက ကိုယ်ပိုင်အာကာသစခန်း တစ်ခုကို တည်ဆောက်ခဲ့ရခြင်း ဖြစ်ပါတယ်။

Exit mobile version