၂၀၂၄ ခုနှစ်မှ စတင်ပြီး ဥရောပနိုင်ငံတွေကို အလည်အပတ်သွားဖို့ အမေရိကန်နိုင်ငံသားများလည်း ဗီဇာလိုတော့မည်

ဥရောပနိုင်ငံတွေကို အလည်အပတ်သွားဖို့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ passport ကိုင်ဆောင်ပြီး သွားနိုင်တဲ့ကာလက ကုန်ဆုံးတော့ပါမည်။ European Union က အမေရိကန်နိုင်ငံသားတွေအတွက် ဥရောပနိုင်ငံကို အလည်အပတ်လာရောက်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို ယခုရက်သတ္တပတ်အတွင်းမှာ ကြေငြာခဲ့ပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ စပိန်၊ ပြင်သစ် နှင့် ဂရိနိုင်ငံတွေကို ဝင်ရောက်ဖို့အတွက် ဗီဇာလျှောက်ရမှာ ဖြစ်ပါတယ်။

အမေရိကန် passport ကိုင်ဆောင်ထားတဲ့နိုင်ငံသားတွေအနေနဲ့ ပထမဆုံးလိုအပ်မှာက passport အချက်အလက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာနှင့် ခရီးသွားရာဇဝင်တွေကို ပြသပေးရမှာ ဖြစ်ပါတယ်။ ဟိုတယ်၊ လေယာဉ်လက်မှတ်တွေ မဝယ်ခင် ဗီဇာလျှောက်ဖို့အတွက် EU က လမ်းညွှန်ပေးထားပါတယ်။ ဗီဇာဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာကုန်ကျမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှ စတင်ပြီး ဥရောပနိုင်ငံတွေကို အလည်အပတ်သွားဖို့ အမေရိကန်နိုင်ငံသားများလည်း ဗီဇာလိုတော့မည် 1

ဗီဇာလျှောက်တဲ့အခါမှာ passport အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြည့်ဖို့လိုအပ်ပါတယ်။ အကယ်၍မှားယွင်းလို့ ပြန်ပြင်ချင်ခဲ့ရင် အပိုငွေထပ်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဥရောပ ဗီဇာကို ETIAS (European Tourist Information & Authorization System) website ကတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ ဗီဇာရရှိဖို့ အများဆုံး တစ်လအထိ စောင့်​ရမှာ ဖြစ်ပါတယ်။ ဗီဇာရရှိကြောင်းကို email ကတစ်ဆင့် အကြောင်းကြားပေးမယ်လို့လည်း ETIAS က ပြောကြားခဲ့ပါတယ်။

ဗီဇာရရှိခဲ့ရင် သုံးနှစ်သက်တမ်းရရှိမှာဖြစ်ပြီး ဥရောပနိုင်ငံတစ်နိုင်ငံမှာ အနည်းဆုံးရက်ပေါင်း ၉၀အထိ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဥရောပတိုက်အတွင်းက အခြားနိုင်ငံတစ်နိုင်ငံကို ကူးမယ်ဆိုရင်တော့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိမှ ထိုနိုင်ငံကို အလည်အပတ်သွားနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၄ခုနှစ် January လ မှစတင်ပြီး ဗီဇာလျှောက်ရမယ့် အစီအစဉ်အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။

Exit mobile version