၂၀၂၄ ခုနှစ်မှာ စောင့်ရကျိုးနပ်မယ့် EV cars များ

ကားလောက​ထဲမှာ EV cars တွေနေရာယူလာတာ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ လူအများစုကလည်း တစ်ဖြည်းဖြည်းလက်ခံလာကြပါပြီ။ နာမည်ကြီးတဲ့ ကားကုမ္ပဏီတိုင်းမှာ EV car တစ်မျိုးစီ အနည်းဆုံးရှိနေကြပါပြီ။ တရုတ်ကားကုမ္ပဏီတွေတောင် အမေရိကန်လျှပ်စစ်ကားတွေကို စျေးကွက်ထဲမှာ ယှဉ်နေကြပါပြီ။ အခုပြောပြမယ့် လျှပ်စစ်ကားတွေကတော့ လူတိုင်းစောင့်မျှော်ရကျိုးနပ်မယ့် လျှပ်စစ်ကားတွေပဲဖြစ်ပါတယ်။

၁။ 2025 Volvo EX30 (Base price = $36,145)

၂၀၂၄ ခုနှစ်မှာ စောင့်ရကျိုးနပ်မယ့် EV cars များ 1

Volvo ကားတွေက ကြံ့ခိုင်မှုနဲ့ လုံခြုံမှုမှာနာမည်ကြီးတဲ့ကားဖြစ်ပါတယ်။EX30 မော်ဒယ်က 64-KWh နဲ့လာမှာဖြစ်ပြီး မိုင်ပေါင်းအနေနဲ့ ၂၉၈မိုင်အထိ သွားနိုင်မှာဖြစ်ပါတယ်။ ဗားရှင်းကတော့ နှစ်မျိုးလာမှာဖြစ်ပြီး Dual Motor နှင့် Single Motor နှစ်မျိုးဖြစ်ပါတယ်။ အတွင်းဒီဇိုင်းကတော့ ရိုးရှင်းသပ်ရပ်ပြီး ကြီးမားတဲ့ဒေါင်လိုက် infotainment screen ရှိမှာဖြစ်ပါတယ်။ စောင့်ရကျိုးနပ်တဲ့အကြောင်းရင်းကတော့ အောက်ထစ်စျေးက ဆွဲဆောင်မှုရှိပြီး Volvo ကားရှိပြီးသား ပိုင်ရှင်တွေကို ဆွဲဆောင်နိုင်မှာဖြစ်လို့ပါပဲ။

၂။ 2025 Volkswagen ID.7 (Base price = $55,000)

၂၀၂၄ ခုနှစ်မှာ စောင့်ရကျိုးနပ်မယ့် EV cars များ 2

Volkswagen cars လေးတွေက ချစ်စရာဒီဇိုင်းရှိပြီး သူငယ်ချင်း၊မိသားစုတွေနဲ့ ခရီးသွားတဲ့အခါ အရမ်းအဆင်ပြေတာကြောင့် ခေတ်အဆက်ဆက်လူကြိုက်များတဲ့ ကားတစ်မျိုးလည်း ဖြစ်ပါတယ်။ EV cars တွေကို Volkswagen က ထုတ်လုပ်ရောင်းချခဲ့တာ နှစ်အနည်းငယ်ရှိပေမယ့် လာမယ့်နှစ်မှာ ထုတ်မယ့်ကားကတော့ Tesla model 3 ကို စိန်ခေါ်မယ့်ကားဖြစ်နိုင်ပါတယ်။ 77-kWH ဘက်ထရီနဲ့လာမှာဖြစ်ပြီး 86-kWh model လည်း မကြာခင်လာမှာဖြစ်ပါတယ်။ ကားထုတ်လုပ်မှုကိုတော့ လုပ်နေပြီဖြစ်တာကြောင့် ဥရောပနှင့်တရုတ်နိုင်ငံမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ စောင့်ရကျိုးနပ်တဲ့အကြောင်းရင်းကတော့ tesla model 3 နဲ့ ယှဉ်မယ့်ပြိုင်ဖက်ပေါ်လာပြီဖြစ်တာကြောင့်ပါ။ ကျယ်ဝန်းတဲ့ sunroof နဲ့ အတွင်းခန်းက စျေးဝယ်ထွက်တာကြိုက်တဲ့လူတွေနှင့် ခရီးသွားရတာကြိုက်တဲ့ လူတွေအတွက် အကြိုက်တွေ့မယ့် ကားတစ်စီးပါ။

၃။ 2024 Fiat 500e (Base price = $30,000)

၂၀၂၄ ခုနှစ်မှာ စောင့်ရကျိုးနပ်မယ့် EV cars များ 3

Fiat လို့ပြောလိုက်တာနဲ့ ကျစ်ကျစ်လစ်လစ်ကားတစ်စီးလေးဆိုတာ လူတိုင်းသိကြပါတယ်။ ဘက်ထရီအနနဲ့ 42-kWh နဲ့လာပြီး မြင်းကောင်ရေ ၁၁၈ရှိတဲ့ မော်တာနဲ့ လာမှာဖြစ်ပါတယ်။ မိုင်ပေါင်းအနေနဲ့ ၁၅၀ နှင့် ၂၀၀ကြားသွားနိုင်မှာဖြစ်ပါတယ်။ စောင့်ရကျိုးနပ်မယ့် အကြောင်းရင်းကတော့​ EVcar တွေထဲမှာ အရွယ်အစားသေးတာကြိုက်ပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့လာမှာ ဖြစ်တာကြောင့်ပါ။ ခရီးအကွာအဝေး အနေနဲ့ မိုင်ပေါင်း လုံလုံလောက်လောက် သွားနိုင်တာကြောင့်ပါ။

၄။ 2024 Honda Prologue (Base price = $48,000)

၂၀၂၄ ခုနှစ်မှာ စောင့်ရကျိုးနပ်မယ့် EV cars များ 4

Honda ကလည်း ကားလောကမှာ လူကြိုက်များတဲ့ ကား​ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ EV cars တွေရဲ့ အပြိုင်အဆိုင်နာမည်ယူနေတဲ့ စျေးကွက်ထဲမှာလည်း နာမည်တစ်ခု တိုးဖောက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Prologue ကားအမျိုးအစားက SUV ကားအမျိုးအစားဖြစ်ပြီး စျေးအနေနဲ့ ဒေါ်လာ ၅၀၀၀၀ အောက်လာမှာဖြစ်ပါတယ်။ ကားအတွင်းခန်းထဲမှာတော့ ၁၁.၃ လက်မရှိတဲ့ infotainment screen ရှိပြီး ကျယ်ဝန်းတဲ့အတွင်းခန်းလည်း ရှိပါတယ်။

၅။ 2024 Dodge Charger (Base price = $50,000)

၂၀၂၄ ခုနှစ်မှာ စောင့်ရကျိုးနပ်မယ့် EV cars များ 5

အမေရိကန်ကားလောကမှာ နာမည်တစ်လုံးရှိတဲ့ Dodge က EV cars လောကကို ဝင်ရောက်ဖို့ ပြင်ဆင်နေပါပြီ။ ၂၀၂၂ ခုနှစ်မှာတော့ EV car concept တစ်ခုကို ချပြခဲ့ပြီး လူအများစောင့်မျှော်နေကြတဲ့ ကားတစ်မျိုးလည်း ဖြစ်ပါတယ်။ တံခါးပေါက်နှစ်ခုပဲ ပါဝင်မှာဖြစ်ပြီး Ev ကားလောကမှာ မရှိသေးတဲ့ မတူညီတဲ့ ဒီဇိုင်းနဲ့လာမှာ ဖြစ်ပါတယ်။ အင်ဂျင်ကားလောကထဲမှာလည်း ကြီးမားတဲ့အင်ဂျင်နဲ့ တောင့်တင်းတဲ့ ဒီဇိုင်းကြောင့် လူကြိုက်များတဲ့ကားအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ EV car လောကမှာ လူအများစောင့်ကြည့်စိတ်ဝင်စားနေတဲ့ ကားလည်းဖြစ်ပါတယ်။

Exit mobile version