၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ

၂၀၂၄ ရောက်ဖို့ တစ်လပဲ လိုပါတော့တယ်။ Google က ၂၀၂၃ အတွက် အကောင်းဆုံး Android apps တွေကို မကြာသေးမီကပဲ ဖော်ပြလိုက်ပါတယ်။ ဒီ apps တွေထဲမှာ category မျိုးစုံပါဝင်ပြီး လူအများစုအတွက် အထူးသင့်တော်တဲ့ apps တွေဖြစ်ပါတယ်။

၁။ Imprint : Learn Visually

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 1

ဒီ App ကတော့ Google က ပေးတဲ့ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး App ဆုကို ရရှိသွားပါတယ်။ ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်တွေကို စာနှင့်သက်သက်မဟုတ်ပဲ ရုပ်ပုံနှင့် လေ့လာလို့ရနိုင်တာကြောင့် အရမ်းလွယ်ကူပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

၂။ Spotify

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 2

ဒီ App ကတော့ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ သီချင်းတွေသာမက Podcast နှင့် အခြား လေ့လာသင်ယူလိုတဲ့ Language တွေအတွက်လည်း channel ရှိတာကြောင့် အထူးသင့်တော်ပါတယ်။ အကောင်းဆုံးအချက်ကတော့ Device နှစ်ခုလုံးကို တစ်ပြိုင်နက် ဖွင့်ထားရင် အလိုရှိသလို control လုပ်နိုင်တာကြောင့် တော်တော်လေးအဆင်ပြေပါတယ်။ လစဉ်ကြေးအနေနှင့် တစ်လကို ထိုင်းဘတ်​ ၁၀၀ ကျော်လောက်က စပြီး ရှိပါတယ်။

၃။ ChatGPT

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 3

မေးချင်တဲ့ အကြောင်းအရာကို ကြိုက်တာမေး၊ အဖြေကို စက္ကန့်ပိုင်းအတွင်း တွက်ပေးနိုင်တဲ့ ChatGPT ဖြစ်ပါတယ်။ အားလုံးသိပြီးသား App ဖြစ်ပြီး လူတိုင်းအတွက် အသုံးဝင်တဲ့ App ဖြစ်ပါတယ်။

၄။ Bumble For Friends: Meet IRL

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 4

နေရာတစ်နေရာကို အသစ်ရောက်လာတဲ့ လူတွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ App ဖြစ်ပါတယ်။ Dating App တွေလိုမဟုတ်ပဲ သင်ရောက်ရှိတဲ့နေရာက အနီးက လူတွေကို ရှာပေးမယ့် App ဖြစ်ပါတယ်။ သူငယ်ချင်း မိတ်ဆွေဖွဲ့ချင်တဲ့ လူတွေအတွက် အထူးသင့်တော်တဲ့ app ဖြစ်ပါတယ်။

၅။ Voidpet Garden: Mental Health

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 5

ဒီ App ကတော့ စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး App ဖြစ်ပါတယ်။ စိတ်ပင်ပန်းမှုတွေအတွက် ကုသပေးတဲ့ App မျိုးဖြစ်ပါတယ်။ Personal Growth Award ကို ရရှိသွားတဲ့ app လည်းဖြစ်ပါတယ်။ ဒီ App ထဲမှာဆိုရင် Pokemon လိုမျိုး အကောင်လေးတွေရှိပြီး သူတို့ကို မွေးမြူရတာဖြစ်ပါတယ်။ App ထဲမှာ သင်လုပ်ရမယ့် Task တွေပါဝင်ပြီး သင်မွေးမြူထားတဲ့ အကောင်လေးတွေက ကြီးလာမှာဖြစ်ပါတယ်။

၆။ Aware: Mindfulness & Wellbeing

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 6

သင့် စိတ်ကို ငြိမ်းချမ်းချင်တယ့် App ကို ရှာနေတယ်ဆိုရင်တော့ ဒီ app က သင့်အတွက်ပါပဲ။ တစ်နေ့တာ လုပ်ရမယ့်အရာတွေကို Guide လုပ်ပေးမှာဖြစ်ပါတယ်။ ဒီထဲမှာ လုပ်ရမယ့် Task တွေပါဝင်ပြီး သင် လိုက်လုပ်မယ်ဆိုရင်တော့ စိတ်ငြိမ်းချမ်းမှုကို ရရှိမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ လစဉ်ကြေးမရှိပဲ လုံး၀ free ဖြစ်ပါတယ်။ Best Hidden Gem Award ကိုလည်း ရရှိထားတဲ့ App ဖြစ်ပါတယ်။

၇။ Character AI: AI-Powered Chat

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 7

ဒီ App ကတော့ character တွေနှင့် စကားပြောနိုင်မယ့် app ဖြစ်ပါတယ်။ Character တွေက သမိုင်းက ကျော်ကြားတဲ့လူတွေနှင့် Gods တွေဖြစ်ပါတယ်။ AI နည်းပညာနှင့် ဖန်တီးထားတဲ့ Chatbot အမျိုးအစားဖြစ်ပြီး အပျော်တမ်းအတွက် အသုံးပြုဖို့ App ဖြစ်ပါတယ်။

၈။ PAW Patrol Academy

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 8

ခွေးလေးတွေပါဝင်တဲ့ ကာတွန်း series company က ဖန်တီးထားတဲ့ app ဖြစ်ပါတယ်။ ကလေးတွေကြိုက်ကြတဲ့ ကာတွန်း series လေးလည်း ဖြစ်ပါတယ်။ ဒီ App လေးမှာဆိုရင် နှစ်နှစ် မှ ငါးနှစ်အထိ ကလေးငယ်တွေ လေ့လာနိုင်မယ့် သင်ခန်းစာ၊ Problem Solving Skills နှင့် Confidence တိုးပွားအောင် လုပ်ပေးနိုင်တဲ့ သင်ခန်းစာတွေ ပါဝင်ပါတယ်။ Wi-Fi ချိတ်စရာမလိုပဲ ကလေးတွေအတွက် အလွယ်တကူ အသုံးပြုလို့ရနိုင်တာကြောင့် ကလေးငယ်တွေအတွက် အကောင်းဆုံး app တစ်ခုဖြစ်ပါတယ်။

၉။ AWorld in support of ActNow

၂၀၂၃ ခုနှစ်အတွက် Google က ပေးတဲ့ ဆုတွေရရှိသွားတဲ့ အကောင်းဆုံး Android Apps များ 9

ဒီ App ကတော့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး App ဖြစ်ပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်မယ့်အရာတွေအတွက် ဟန့်တားပေးနိုင်တဲ့ App ဖြစ်ပါတယ်။ သင့်ကို အပင်တွေစိုက်ပျိုးအောင်၊ သဘာ၀ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမယ့် အရာတွေကို လျော့ချပေးနိုင်အောင် အသိပေးနိုင်တဲ့ app ဖြစ်ပါတယ်။ ဒါ့အပြင် Challenge တွေ လုပ်လို့ရအောင်လည်း Task တွေပါဝင်တာကြောင့် ကောင်းမွန်တဲ့ App တစ်ခုဖြစ်ပါတယ်။

Exit mobile version